• ရာထူးမှ နုတ်ထွက်တော့မည်ဟု နယူးဇီလန် ဝန်ကြီးချုပ် အံ့အားသင့်ဖွယ် ကြေညာ

    မကြာမီ ရာထူးမှ နုတ်ထွက်တော့မည်ဖြစ်ကြောင်း နယူးဇီလန် ဝန်ကြီးချုပ် ဂျွန်ကီးက ရုတ်တရက် အံ့အားသင့်ဖွယ် သတင်းထုတ်ပြန် ကြေညာခဲ့သည်။

    ဆက်ဖတ် ရန် ...
  • ငလျင်ဘေးသင့် ဒေသခံများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးရန် နယူးဇီလန်စစ်တပ် ကူညီ

    နယူးဇီလန်တွင် ငလျင်ဘေးသင့် ဧရိယာများမှ ဒေသခံများကို စစ်တပ်နှင့် ကယ်ဆယ်ရေးများက ပူးပေါင်း၍ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးမှုများ အစပြုနေပြီ ဖြစ်သည်။

    ဆက်ဖတ် ရန် ...
  • အန်ဒိုရာနိုင်ငံဝန်ကြီးချုပ် အန်တိုနီမာတီ

    အန်တိုနီမာတီပီတစ်သည် ဥရောပတွင် ပြင်သစ်နှင့် စပိန်နိုင်ငံကြား တည်ရှိသော အန်ဒိုရာနိုင်ငံ မှ နိုင်ငံရေးသမားနှင့် ဗိသုကာ ပညာရှင်တစ်ဦးဖြစ်ပြီး ယင်းနိုင်ငံ ၀န်ကြီးချုပ်အဖြစ် ၂၀၁၁ မေလ ကပင် စတင်တာဝန်ယူခဲ့သည်။ ၂၀၁၅ ပါလီမန်ရွေးကောက်ပွဲတွင် ထပ်မံရွေးကောက် တင်မြှောက်ခံခဲ့ရသည်။

    ဆက်ဖတ် ရန် ...
  • ကိုလံဘီယာတွင် မြေပြိုမှုဖြစ်ပွားပြီး ခြောက်ဦး သေဆုံး

    အောက်တိုဘာ ၂၇ ။ ကိုလံဘီယာနိုင်ငံတွင် ဖြစ်ပွားခဲ့သော မြေပြိုမှုတစ်ခုအတွင်း ယခုအချိန်ထိ သေဆုံးသူစာရင်းမှာ ခြောက်ဦးထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသွားသည်။ Copacabana မြို့နယ်နမိတ်အတွင်းရှိ ကျောက်မိုင်းတွင်းတစ်ခုတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ယင်းကြောင့်လည်း ယင်းမြေပြိုမှုဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် နိုင်ငံအနောက်မြောက်ပိုင်းရှိ အဝေးပြေးလမ်းမကြီးတစ်စိတ်တစ်ပိုင်း ဖုံးလွှမ်းခံလိုက်ရကြောင်း တာဝန်ရှိသူများက ပြောသည်။

    ဆက်ဖတ် ရန် ...
  • မိန်းကလေးငယ်များကို မဖွယ်မရာလုပ်ခဲ့သည့် သြစတြေးလျနိုင်ငံသား ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ

    အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းပေါ်မှာ မိန်းကလေးငယ်တွေကို မဖွယ်မရာ လုပ်ခဲ့တဲ့ သြစတြေးလျ အမျိုးသားတယောက်ကို တရားရုံးက ထောင် ၁၅ နှစ် ကျခံစေဖို့ အမိန့်ချလိုက်ပါတယ်။

    ဆက်ဖတ် ရန် ...
  • ငြိမ်းချမ်းရေး ဆွေးနွေးမှုကိစ္စ အထမြောက်ရေး ကိုလံဘီယာသမ္မတ လက်မလျှော့သေး

    Farc သူပုန်များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု ရလဒ် မပျက်ပြယ်စေရန်အတွက် ကိုလံဘီယာ သမ္မတ ဟွမ်မန်နျူရယ်လ် ဆန်းတို့စ်က အစွမ်းကုန် ကြိုးစားနေကြောင်း သိရသည်။

    ဆက်ဖတ် ရန် ...
  • အီးယူရွှေ့ပြောင်းသူများ အစီအစဉ် ဟန်ဂေရီ လူထုဆန္ဒခံယူပွဲ ကျင်းပ

    ဥရောပသို့ရောက်ရှိလာသော ရွှေ့ပြောင်းနေထိုင်သူများကို ပြန်လည်နေရာချထားရေး ဥရောပက သတ်မှတ်ထားသော ဝေစုကို လက်ခံမည်လားဆိုခြင်းအပေါ် ဟန်ဂေရီက လူထုဆန္ဒခံယူပွဲကျင်းပနေသည်။ စုစုပေါင်း ရွှေ့ပြောင်းနေထိုင်သူ ၁၆၀၀၀၀ အား အီးယူတစ်ဝန်း ပြန်လည်နေရာချထားရေး အစီအစဉ်ကို လက်ယာယိမ်း ၀န်ကြီးချုပ် ဗစ်တာအော်ဘန်က ဆန့်ကျင်သည်။

    ဆက်ဖတ် ရန် ...
  • ဥရောပသမဂ္ဂလွှတ်တော်ဥက္ကဋ္ဌ မာတင်ရှူဇ်နှင့် တွေ့ဆုံခြင်း ‘‘ဒေါ်နယ်ထရန့်ဟာ တစ်ကမ္ဘာလုံးအတွက် ပြဿနာပါ’’

    ဥရောပဟာ ခါတိုင်းထက် ပိုနက်ရှိုင်းတဲ့ ဘေးကျပ်နံကျပ်ထဲ ကျဆင်းနေတာနဲ့အတူ ဥရောပ လွှတ်တော်ဥက္ကဋ္ဌ မာတင်ရှူဇ် က လက်ယာယိမ်းလူပြိန်းကြိုက် ၀ါဒ ရှေ့ဆက်ပြန့်ပွားလာမှာကို သတိပေးထားပါတယ်။ SPEIGEL သတင်းဌာနက မားကပ်စ်ဘက် ကာ၊ ဖလိုရီယန်ဂတ်မန်းနဲ့ ရိုလန် နီလ်လက်စ်တို့ သူ့ကိုတွေ့ဆုံမေး မြန်းရာမှာ ဒေါ်နယ်ထရန့်သမ္မတ ဖြစ်လာနိုင်ခြေနဲ့ ပတ်သက်ပြီး စိုး ရိမ်ထိတ်လန့်မိတယ်လို့ မစ္စတာ ရှူဇ်က ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • အစ္စလာမ်၏ စစ်မှန်သည့်သွန်သင်မှုများကို ပြန့်နှံ့စေမည့် ဒိန်းမတ်မှ အမျိုးသမီး ဗလီဝတ်ကျောင်းတော်

    ဒိန်းမတ်နိုင်ငံ မြို့တော် ကိုပင်ဟေဂင်ရှိ ‘မာရီယမ် ဗလီဝတ်ကျောင်းတော်’ မှ အာဇန်သံ (၀တ်ပြုရန် ဖိတ်ခေါ်သံ) တစ်ခုထွက်ပေါ်လာခဲ့ပြီး အမျိုးသမီးတစ်ဦးက ဟစ်ကြွေးသည့် ထိုအာဇန်သံမှာ သမိုင်းဝင်အာဇန်သံ ဖြစ်လေသည်။

    ဆက်ဖတ် ရန် ...
  • အီတလီ ငလျင်ဒဏ်သင့် မြို့အတော်များများက ဒေသခံများ နေရပ်စွန့်ခွာ

    အီတလီနိုင်ငံ အလယ်ပိုင်းက ငလျင်ဒဏ်ခံမြို့ အတော်များများကို သြဂုတ် ၂၇ ရက်နေ့က လူတွေ စွန့်ခွာ သွားကြပါပြီ။ ငလျင်အပြီး မြေပြင်တုန်ခါမှု တထောင်ကျော် လှုပ်ခတ်ခဲ့တဲ့အပြင် လူသေဆုံးမှုကလည်း ၂၈၄ ယောက်ထိ မြင့်တက်သွားခဲ့လို့ ခုလို စွန့်ခွာခဲ့ကြတာပါ။

    ဆက်ဖတ် ရန် ...
  • အီတလီတွင် ငလျင်ဘေးသင့် ဒေသများ၌ အရေးပေါ် အခြေအနေထုတ်ပြန်

    အီတလီ အစိုးရသည် ငလျင်ဘေးသင့် ဒေသများကို သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာချက် သတ်မှတ် ထုတ်ပြန်လိုက်ကြောင်း သိရသည်။

    ဆက်ဖတ် ရန် ...
  • ကမ္ဘာ့အကြီးဆုံး ဝေဟင်ယန္တရားကြီး စမ်းသပ်ပျံသန်းစဉ် ပျက်ကျ

    ကမ္ဘာ့အကြီးဆုံး ဝေဟင်ယန္တရားအဖြစ် သတ်မှတ်ခံရသည့် လေသင်္ဘောကြီး Airlanderသည် စမ်းသပ်ပျံသန်းမှု ခရီးစဉ်အတွင်း ပျက်ကျခဲ့ကြောင်း သိရသည်။

    ဆက်ဖတ် ရန် ...
  • ဆွီဒင်အထည်ချုပ် မြန်​မာနိုင်​ငံတွင်​ ၁၄ နှစ်​အရွယ်​ က​လေးများကို လုပ်​အားခ​လျှော့​ပေးဟု စွပ်​စွဲခံရ

    ကမ္ဘာအနှံ့ ဖြန့်ကျက်ထားပြီး ဆွီဒင်နိုင်ငံ အခြေစိုက်သော H&M ကုမ္မဏီသည် အသက် ၁၄ ခန့်အထိ ငယ်ရွယ်သောကလေးများကို တနေ့ အလုပ်ချိန် ၁၂ နာရီကျော်အထိခိုင်းသော မြန်မာစက်ရုံနှစ်ရုံနှင့် လုပ်ငန်းကန်ထရိုက်ချုပ်ဆိုထားသည်ဟု (“fashion slaves” in English) ဖက်ရှင်ကျေးကျွန် Modeslavar စာအုပ်အရ သိရသည်။ ထို့အပြင်အဆိုပါ ကလေးများသည် တနေ့ ၃ ဒေါ်လာအောက်သာရ ကြပြီး ယင်းနှုန်းထားမှာ ကမ္ဘာ့အနိမ့်ဆုံးလုပ်အားခ ဖြစ်သည်ဟု ဗြိတိသျှ သတင်းစာ The Guardian က ဖော်ပြသည်။

    ဆက်ဖတ် ရန် ...
  • ပြင်းအား ၆ ဒသမ ၂ ရှိ အီတလီ ငလျင် အနည်းဆုံး လူ ၆ ဦးသေ

    အီတလီအလယ်ပိုင်းကို ပြင်းအား ၆ ဒသမ ၂ ရှိ ငလျင် လှုပ်ခတ်ပြီးတဲ့နောက် အနည်းဆုံး လူ ၆ ဦး သေဆုံးပြီး အဆောက်အဦတွေ ပျက်စီးကုန်တယ်လို့ စကိုင်းသတင်းမှာ ဖော်ပြပါတယ်။

    ဆက်ဖတ် ရန် ...
  • ကောလိပ်ကျောင်းထဲ မိကျောင်းများ လာလွှတ်သွားသူများကို ဩစတြေးလျ ရဲတပ်ဖွဲ့ ရှာဖွေနေ

    ဩစတြေးလျတွင် ကောလိပ်ကျောင်းထဲ မိကျောင်းများ လာလွှတ်သွားသည့် လူငယ်အချို့ကို ရဲများက လိုက်လံ ရှာဖွေနေကြောင်း သိရသည်။ ဒါဝင်မြို့အနီး ဟမ်တီဒူးရှိ တာမင်မင် ကောလိပ်ထဲသို့ လူငယ်လေးဦးက ခိုးဝင်လာကာ ရေငန်မိကျောင်း သုံးကောင်ကို လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ရဲများက လုံခြုံရေး ကင်မရာ မှတ်တမ်းများကို ပြန်လည်စစ်ဆေးပြီးနောက် ဖော်ထုတ် တွေ့ရှိခဲ့သည်။

    ဆက်ဖတ် ရန် ...
  • ကမ္ဘာ့အကြီးဆုံး လေယာဉ် ပွဲဦးထွက် ခရီးစဉ် ပျံသန်း

    ကမ္ဘာ့အကြီးဆုံး လေယာဉ်၏ ပွဲဦးထွက် ဝေဟင်ပျံသန်းမှုကို နည်းပညာပြဿနာကြောင့် တစ်ကြိမ်ကြိုးစားမှု ပယ်ပျက်ပြီး လေးရက်အကြာ သြဂုတ် ၁၇ ရက်တွင် အောင်မြင်စွာပျံသန်းသည်။

    ဆက်ဖတ် ရန် ...
  • ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့တွင် ပစ်ခတ်မှု ကျူးလွန်သူ နှစ်ဦးကို ရဲတပ်ဖွဲ့ စုံစမ်းရှာဖွေနေ

    ဂျာမနီနိုင်ငံ၊ ကိုလုံးမြို့တွင် ရမ်းကားပစ်ခတ်မှု ကျူးလွန်ခဲ့သည့် သံသယ တရားခံ နှစ်ဦးကို ရဲတပ်ဖွဲ့က စုံစမ်း ရှာဖွေနေကြောင်း သိရသည်။ ကိုလုံး မြို့တော်ခန်းမအနီး ဖရန်ဒရစ်ရှေး လမ်း၌ ပစ်ခတ်မှု၊ ဓားဖြင့် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ပြီး အနည်းဆုံး လူတစ်ဦး ထိခိုက် ဒဏ်ရာရခဲ့သည်။ သတင်းအချို့က တိုက်ခိုက်သူများသည် ပုဆိန်တစ်လက်ကိုပါ အသုံးပြုခဲ့သည်ဟု ဆိုသော်လည်း အတည်မပြုနိုင်သေးချေ။

    ဆက်ဖတ် ရန် ...
  • အီးယူမှ ဗြိတိန်ထွက်ခွာရေး ၂၀၁၉ နှစ်ကုန်ပိုင်းအထိ နောက်ကျနိုင်

    ဥရောပသမဂ္ဂမှ ဗြိတိန်ထွက်ခွာရေးကိစ္စ ကိုင်တွယ်ရေး အစိုးရ၀န်ထမ်းများက ရုန်းကန်နေရခြင်းနှင့် ပြင်သစ်နှင့် ဂျာမနီရွေးကောက်ပွဲများက Brexit ညှိ နှိုင်းမှုများ စတင်ရန် ဆိုင်းငံ့ထားနိုင်သဖြင့် ယင်းကိစ္စမှာ ၂၀၁၉ နှစ်ကုန်ပိုင်းအထိ နောက်ကျသွားနိုင်သည်ဟု သီတင်းတစ်ရပ်က ဖော်ပြသည်။ အီးယူ၏ လစ္စဘွန်းသဘောတူညီချက်မှ ပြဋ္ဌာန်းချက်အမှတ် (၅၀) ကို ၂၀၁၇ နှစ်ဆန်းတွင် စတင်ညှိနှိုင်းရေး ၀န်ကြီးချုပ် ထရီဆာမေ၏ အစိုးရက ပြင်ဆင်နေသည်။

    ဆက်ဖတ် ရန် ...
  • နျူလက်နက်သုံးမည်ဆိုသည့် ဗြိတိန်ဝန်ကြီးချုပ်၏ ပြောကြားမှုကို ပြည်သူအများစု ထောက်ခံ

    မိမိတို့နိုင်ငံကို တိုက်ခိုက်ပါက တုန့်ပြန်တဲ့အနေနဲ့ လူ ၁ သိန်းလောက် သေဆုံးနိုင်မယ့် နျူတိုက်ခိုက်မှု ပြုလုပ်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေရဲ့ ပြောကြားချက်အပေါ် စစ်တမ်းကောက်ကြည့်ရာမှာ ဗြိတိန်ပြည်သူ ၆၆ ရာခိုင်နှုန်းက ၀န်ကြီးချုပ်ရဲ့ သဘောထားကို ထောက်ခံတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

    ဆက်ဖတ် ရန် ...
  • ရမ်ဇာန်ဥပုသ်လအတွင်း ဗြိတိန်မွတ်စလင်များ၏လှူဒါန်းမှု ပေါင် သန်း ၁၀၀ နီးပါးရှိ

    ပြီးခဲ့သည့် ရမ်ဇာန်ဥပုသ်လအတွင်း ဗြိတိန်မွတ်စလင်များမှာ ပရဟိတအဖွဲ့များသို့ စတာလင်ပေါင်း သန်း ၁၀၀ ၀န်းကျင်ခန့် လှူဒါန်းခဲ့ကြသည်ဟု မွတ်စလင်ပရဟိတအဖွဲ့တစ်ခုဖြစ်သော Muslim Charities Forum (MCF) က ပြောကြားလိုက်သည်

    ဆက်ဖတ် ရန် ...
  • သင်္ဘောချင်း တိုက်မှုကြောင့် ဗြိတိန်၏ ခေတ်အမီဆုံး ရေငုပ်သင်္ဘောတွင် ပျက်စီးမှုများ ဖြစ်ပေါ်

    သင်္ဘောချင်း မတော်တဆ တိုက်မိမှုကြောင့် ဗြိတိန် တော်ဝင်ရေတပ်၏ ခေတ်အမီဆုံး ရေငုပ်သင်္ဘော တစ်စီးတွင် ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ နျူကလီးယား စွမ်းအင်ဖြင့် ခုတ်မောင်းပြီး ဗြိတိန်ရေတပ်၏ အသစ်လွင်ဆုံး ရေငုပ်သင်္ဘော တစ်စီးဖြစ်သည့် HMS Ambushသည် ကုန်တင်သင်္ဘော တစ်စီးကို ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှု လုပ်ငန်းစဉ် တစ်ခုတွင် ယခုလို မတော်တဆမှု ဖြစ်ခဲ့သည့်နောက် ကိုယ်ထည်ပိုင်း ထိခိုက် ပျက်စီးခဲ့သည့် ရေငုပ်သင်္ဘောကို ဂျီလ်ဘရော်တာတွင် ရပ်နား ဆိုက်ကပ်ထားစေကြောင်း ရေတပ်က ကြေညာခဲ့သည်။ ဗြိတိန်ကမ်းလွန်တွင် HMS Ambush ရေပေါ်အတက်၌ ကုန်တင်သင်္ဘော တစ်စီးကို တည့်တည့်ဝင်တိုးခဲ့သည့် ဖြစ်ရပ်နှင့် စပ်လျဉ်းပြီး စုံစမ်း စစ်ဆေးမှုများ ချက်ချင်း လုပ်ဆောင်နေကြောင်း ရေတပ် တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ “ရေငုပ်သင်္ဘောရဲ့ ပြင်ပ ကိုယ်ထည်မှာ အထိအခိုက်တော့ ဖြစ်သွားတယ်။ ဒါပေမဲ့ ရေတပ်သား တစ်ယောက်မှ အထိအခိုက် မရှိခဲ့ပါဘူး”ဟု ၎င်းက ပြောကြားခဲ့သည်။

    ဆက်ဖတ် ရန် ...
  • အီတလီတွင် ရထားနှစ်စီး ခေါင်းချင်းဆိုင်တိုက်မိပြီး ၂၇ ဦးထက်မနည်း သေဆုံး

    ဇူလိုင် ၁၂ ရက် နံနက်ပိုင်းက အီတလီတောင်ပိုင်း ကျေးလက်ဧရိယာ တစ်ခုတွင် ခရီးသည်တင် ရထားနှစ်စီး တိုက်မိခဲ့ကြခြင်း ဖြစ်ကြောင်း ANSA သတင်းဌာနက ဖော်ပြခဲ့သည်။ ပူဂလီယာ ဒေသတွင် ရထားနှစ်စီးသည် လမ်းကြောင်းတစ်ခုတည်းပေါ် မောင်းနှင်မိခဲ့ပြီး ခေါင်းချင်းဆိုင် တိုက်မိခဲ့ခြင်း ဖြစ်သည်။ အန်ဒရီရာတစ် ပင်လယ်ပြင်မှ ၉ မိုင်မျှအကွာတွင် ဖြစ်ပွားခဲ့သော မတော်တဆမှုတွင် မည်ကဲ့သို့ အမှားအယွင်း ဖြစ်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရသေးချေ။ ဝေဟင်ဓာတ်ပုံများအရ ရထားနှစ်စီး အရှိန်နှင့် ဆောင့်မိခဲ့သည့် အတွက် ပတ်ဝန်းကျင် ဧရိယာတွင် အပျက်အစီး အစိတ်အပိုင်းများ ကျယ်ပြန့်စွာ ပျံ့နှံ့နေသည်ကို တွေ့ရှိရသည်။

    ဆက်ဖတ် ရန် ...
  • ပန်းနာရင်ကြပ်ရောဂါကို ဆားကုထုံးနဲ့ ကုသမယ်

    ဆားကုထုံးကို Salt Therapy လို့ခေါ်ပါတယ်။ ပညာရပ်သုံး ဝေါဟာရမှာတော့ Halotherapy ပါ။ ဆားကို ဂရိဘာသာနဲ့ ‘‘Halo’’ လို့ ခေါ်တာကြောင့် Halotherpay ဖြစ်လာတဲ့ ဒီကုထုံးက ဓာတုဆေးဝါး မသုံးဘဲ ပန်းနာရင်ကြပ်ရောဂါ၊ လေပြွန်ရောင်ရမ်း ပိတ်ဆို့ရောဂါတွေ၊ ဓာတ်မတည့် ဝေဒနာနဲ့ အသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါများကို သက်သာ ပျောက်ကင်းစေပါတယ်။

    ဆက်ဖတ် ရန် ...
  • ဥရောပမှ ဗြိတိန်ခွဲထွက်မှု ဆန့်ကျင်သူများ လန်ဒန်မြို့တွင် ချီတက်ဆန္ဒပြ

    ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲထွက်မှု မှင်တက်စေသော မဲခွဲမှုရလဒ် ဆန့်ကျင်သူများက လန်ဒန်မြို့ ချီတက်ဆန္ဒပြခဲ့ကြပြီး ၎င်းတို့က ဥရောပအလံများကို ဝှေ့ယမ်းပြီး ‘‘အီးယူကို ငါတို့ချစ်တယ်’’ ဟူသော စာတန်းများ ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြချီတက်ပွဲအား ပါလီမန်တွင် အဆုံးမသတ်မီ ၀န်ကြီးချုပ်အိမ်ရှိရာ ဒေါင်းနင်းလမ်းကို ဖြတ်သန်းခဲ့ကြသော ဆန္ဒပြသူများက လူထုဆန္ဒခံယူပွဲလုပ်ရန် ဆုံးဖြတ်ခဲ့သော ၀န်ကြီးချုပ် ကင်မရွန်းအား ရည်ရွယ်၍ ‘‘ခင်ဗျားအတွက် ရှက်တယ်’’ ဟု အော်ဟစ်ခဲ့ကြကြောင်း သိရသည်။ ‘ခွဲထွက်ရေးအဖွဲ့က လိမ်ညာခဲ့တယ်။ ငါတို့အနာဂတ်ကို ကယ်တင်ပါ’၊ ‘အီးယူကို ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်’ စသော နဖူးစည်းစာတမ်းများကိုလည်း ဆန္ဒပြသူများက ကိုင်ဆောင်ခဲ့ကြသည်။

    ဆက်ဖတ် ရန် ...
  • အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေးကွန်ရက် ဖြန့်ကျက်မှုသည် အန္တရာယ်ကြီးသည့် လုပ်ရပ်ဟု ပူတင်ဝေဖန်

    အရှေ့ဥရောပတွင် ဖြန့်ကျက်ထားသည့် အမေရိကန်၏ ဒုံးကျည်ကာကွယ်ရေး ကွန်ရက်သည် အလွန် အန္တရာယ်ကြီးသည့် လုပ်ရပ်တစ်ခုဟု ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စွပ်စွဲ ပြောကြားလိုက်သည်။ အမေရိကန်က ဦးဆောင်ကာ NATO စစ်မဟာမိတ် အုပ်စုက ရုရှား၏ ခြိမ်းခြောက်မှုကို ကာကွယ်ရန် ဥရောပ အရှေ့ပိုင်း နိုင်ငံများတွင် ဒုံးခွင်းဒုံး ကာကွယ်ရေး စနစ်များ ဖြန့်ကျက် တပ်ဆင်လာသည်။ အဆိုပါ အခြေအနေတွင် ရုရှားအနေဖြင့် မိမိတို့၏ ဒုံးကျည်လက်နက် စွမ်းရည်ကို မဖြစ်မနေ မြှင့်တင်ရန် လိုအပ်လာရာ အန္တရာယ်ကြီးသည့် လက်နက်အားပြိုင်မှု အသွင်းကို ဆောင်လာလိမ့်မည်ဟု ပူတင်က သတိပေးခဲ့သည်။ NATOကမူ မိမိတို့၏ ဒုံးကျည်ကာကွယ်ရေး စနစ်သည် ရုရှားကို ထိန်းချုပ်ထားရန် သီးသန့်ရည်ရွယ်ခြင်း မဟုတ်ဘဲ အီရန်က ဒုံးကျည်ဖြင့် ပစ်ခတ် တိုက်ခိုက်လာမှုများကိုပါ ကာကွယ်ရန် ပြင်ဆင်မှု တစ်ခုအဖြစ် အကြောင်းပြထားသည်။ သို့သော် ပူတင်ကမူ အဆိုပါ ကာကွယ်ရေး ဒုံးကျည်စနစ်သည် တိုက်ခိုက်ရေး ကဏ္ဍကို အလွယ်တကူ ကူးပြောင်းနိုင်ပြီး ရုရှားကို ခြိမ်းခြောက်လာနိုင်ကြောင်း ဆိုသည်။

    ဆက်ဖတ် ရန် ...
  • နော်ဝေနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ပုံတူကြေးရုပ် ထုလုပ်ပြီးစီး

    နော်ဝေနိုင်ငံ၊ ဖရိုလန်းမြို့ရှိ ဒေါ်အောင်ဆန်းစုကြည်ပန်းခြံမှာ ထားရှိမယ့် ဒေါ်စုပုံတူကြေးရုပ် ထုလုပ်ပြီးစီးသွားပြီဖြစ်ပြီး အဲ့ဒီပုံတူကြေးရုပ်ကို လာမယ့် ဇွန် ၁၉ ရက်နေ့ ဒေါ်စုမွေးနေ့ ပန်းခြံဖွင့်ပွဲမှာ ပြသသွားဖို့ ပြင်ဆင်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပုံတူကြေးရုပ်ကို ထုလုပ်ခဲ့တဲ့ ဗိသုကာပညာရှင် Magnar Kgeldsmo မာ့ရှ်နားရှဲစမိုးက ဇွန် ၅ ရက်မှာ ဒေါ်စုပန်းခြံဖြစ်မြောက်ရး ကော်မတီထံ လွှဲပြောင်းပေးခဲ့တယ်လို့ အစိုးရပိုင် ကြေးမုံသတင်းစာမှာ ရေးသားဖော်ပြပါတယ်။

    ဆက်ဖတ် ရန် ...
  • ဩစတြေးလျ အနောက်ပိုင်းတွင် ငါးမန်းတိုက်ခိုက်သဖြင့် တစ်ပတ်အတွင်း ၂ ဦးသေဆုံး

    ဩစတြေးလျ အနောက်ပိုင်းတွင် ငါးမန်းတိုက်ခိုက်မှုများကြောင့် တစ်ပတ်အတွင်း လူ ၂ ဦး သေဆုံးပြီးနောက် နောက်ထပ် အလားတူ တိုက်ခိုက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေရကြောင်း သိရသည်။ ဇွန် ၅ ရက်တွင် အသက် ၆၀ အရွယ် အပျော်တမ်း ရေငုပ်သူ အမျိုးသမီး တစ်ဦးကို ငါးမန်းတစ်ကောင်က ကိုက်ဆွဲ သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။ ယင်းသည် အနောက် ဩစတြေးလျ ကမ်းခြေတွင် ၆ ရက်အတွင်း ဒုတိယ အကြိမ်မြောက် ငါးမန်းတိုက်ခိုက်၍ လူသေဆုံးမှုအဖြစ် မှတ်တမ်းဝင်လာသည်။

    ဆက်ဖတ် ရန် ...
  • ရွှေ့ပြောင်းလာသူများအတွက် တရားဝင်ဒုက္ခသည်စခန်း ပဲရစ်တွင် ဖွင့်ပေးမည်

    အကြောင်းအမျိုးအမျိုးကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူတွေအတွက် လာမည့်ရက်သတ္တပတ်တွေအတွင်း ပထမဦးဆုံး တရားဝင်ဒုက္ခသည်စခန်းတစ်ခုကို ဖွင့်လှစ်တော့မှာ ဖြစ်တယ်လို့ ပဲရစ်မြို့တော်ဝန် အန်နီ ဟီဒါလ်ဂိုက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

    ဆက်ဖတ် ရန် ...
  • မူးယစ်စစ်ပွဲ ဆင်နွှဲရင်း ဝေဖန်ခံနေရသော မက္ကဆီကိုစစ်တပ်

    ခေတ်သစ် စစ်ပွဲများတွင် တိုက်ခိုက်သူများသည် ၎င်းတို့၏ ရန်သူများကို သတ်ဖြတ်ခြင်းထက် ဒဏ်ရာရရှိအောင် ပိုမိုလုပ်ဆောင် လိုကြသည်။ မက္ကဆီကိုနိုင်ငံတွင်မူ ဆန့်ကျင်ဘက်ဖြစ်သည်။

    ဆက်ဖတ် ရန် ...
  • သြစတေးလျ အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ တန်ပြန်ဆန့်ကျင်မှုနှင့် ကြုံတွေ့

    သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြမှုမှာ လူမျိုးရေးခွဲခြားမှု ဆန့် ကျင်သူ အုပ်စုများနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ရုန်းရင်းဆန်ခတ်မှုများဖြစ်ပွားခဲ့သည်ဟု သိရသည်။

    ဆက်ဖတ် ရန် ...
Mourining of Imam Hossein
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky