• ယူကရိန်းအစိုးရတပ်နှင့် ခွဲထွက်ရေးသူပုန်များ အကျဉ်းသား ၃၈ ဦးကို အလဲအလှယ် ပြုလုပ်

    ယူကရိန်း အစိုးရတပ်တွေနဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေ စက်တင်ဘာလ ၂၀ ရက်နေ့မှာ အကျဉ်းသား ၃၈ ယောက်ကို အလဲအလှယ် လုပ်ခဲ့ပါတယ်။ အပစ်ရပ်စဲရေး သဘောတူညီချက်မှာ ပါဝင်တဲ့အတိုင်း အရင်ကလည်း စစ်ပွဲကာလအတွင်း အဖမ်းခံထားရသူတွေကို အကြိမ်အတော်များများ အလဲအလှယ် လုပ်ခဲ့ပါတယ်။

    ဆက်ဖတ် ရန် ...
  • ဥရောပ အရှေ့ပိုင်းဒေသတွင် ကာကွယ်ရေးတိုးမြှင့်ရန် နေတိုး အတည်ပြု

    ဥရောပ အရှေ့ပိုင်းဒေသမှာ ကာကွယ်ရေးကို မြှင့်တင်သွားဖို့ ကျယ်ပြန့်တဲ့ အစီအစဉ်ကို နေတိုး စစ်မဟာမိတ်အဖွဲ့က စက်တင်ဘာလ ၅ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။ သဘော တူညီချက်ထဲမှာ ကြည်းတပ်သားအင်အားထောင်ပေါင်းများစွာ ပါဝင်မယ့် ရှေ့တန်း မြေပြင်တပ်ဖွဲ့ကို ဖွဲ့စည်းဖို့လည်း ပါဝင်ပါတယ်။

    ဆက်ဖတ် ရန် ...
  • ငါးမန်းကြောင့်လည်း အင်တာနက်လိုင်း ကျတတ်သည်

    ငါးမန်းကြောင့်လည်း အင်တာနက်လိုင်း ကျတတ်သည် ဗိတိန်နိုင်ငံရဲ့ ပင်လယ်ရေပိုင်နက်မှာ တွေ့ရှိခဲ့တဲ့ မှတ်တမ်းတစ်ခု ဖြစ်ပါတယ်။ ငါးမန်းဖြူမျိုး မှ တစ်ကောင်ဟာ ပင်လယ်ရေအောက် အင်တာနက် ဖိုက်ဘာ ကေဘယ်ကို ကိုက်ဖြတ်နေခြင်း ဖြစ်ပြီး ငါးမန်းဟာလည်း အင်တာနက် လိုင်း ပျက်ရတဲ့ တရားခံများထဲမှာ တစ်မျိုး အဖြစ် ပါဝင်လာခြင်း ဖြစ်ပါတယ်။

    ဆက်ဖတ် ရန် ...
  • ဘရာဇီးထောင်မှာ စာအုပ် တစ်အုပ်ဖတ်ပြီးတိုင်း ၄ ရက် ထောင်ဒဏ် လျော့ချ

    ဘရာဇီးထောင်မှာ စာအုပ် တစ်အုပ်ဖတ်ပြီးတိုင်း ၄ ရက် ထောင်ဒဏ် လျော့ချဘရာဇီးနိုင်ငံရှိ ထောင်အချို့မှာ ပြစ်ဒဏ်ခံ ထောင်သား များကို အထူးအခွင့် အရေး များ ပေးတဲ့ အစီအစဉ်များ ရှိပါတယ်။ ယင်း ကတော့ စာအုပ် တစ်အုပ် ဖတ်ပီးတိုင်း ထောင်ရက် ၄ ရက် လျော့ချ ပေးခြင်း ဖြစ်ပါတယ်။

    ဆက်ဖတ် ရန် ...
  • ခွဲထွက်ရေးတပ်များ၏ မြို့ကြီးများကို ဆက်သိမ်းရန် ယူကရိန်းစစ်တပ်ပြင်ဆင်

    ယူကရိန်းခွဲထွက်ရေးတွေ ထိန်းချုပ်ထားတဲ့မြို့ငယ်တွေကို ပြီးခဲ့တဲ့ရက်တွေအတွင်း သိမ်းပိုက်ခဲ့အပြီး ခွဲထွက်ရေးတွေရဲ့ အခိုင်အမာမြို့ကြီးတွေကို ဆက်လက်သိမ်းပိုက်ဖို့ ယူကရိန်းစစ်တပ် ပြီးခဲ့တဲ့ သြဂုတ် ၃ ရက်နေ့က ပြင်ဆင်နေကြပါတယ်။ ယူကရိန်းသမ္မတသစ် တက် လာပြီးနောက်ပိုင်း ခွဲ ထွက်ရေးတွေကို အကြမ်းဖက်တွေအဖြစ် သတ်မှတ်ခဲ့ပြီး ထိုးစစ်တွေ စတင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်နေ့က မလေး ရှားလေကြောင်း ပိုင်လေယာဉ် ပစ်ချခံခဲ့ရ အပြီးမှာတော့ ယူကရိန်းခွဲထွက်ရေးတွေအပေါ် ယူကရိန်းစစ်တပ်ရဲ့ ထိုးစစ်အရှိန်မြှင့်ခဲ့တာ ဖြစ်ပါတယ်။ သြဂုတ် ၃ ရက်နေ့က လုဟန့်စ်မြို့နဲ့ ဒိုနက်ရှ်မြို့အနီး တိုက်ပွဲတွေမှာ အရပ်သား ၉ ဦး သေဆုံးခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေအတွင်း ယူကရိန်းစစ်တပ်ဘက်က အကျအဆုံးမရှိခဲ့ဘူးလို့ ယူကရိန်းစစ်တပ်က ဆိုပါတယ်။ လူဦးရေ ၄ သောင်းရှိတဲ့ လုဟန့်စ်မြို့နဲ့ လူဦးရေ ၁ သန်းနေထိုင်တဲ့ ဒိုနက်ရှ်မြို့ကို သိမ်းပိုက်နိုင်ရေး သြဂုတ် ၃ ရက်နေ့က ယူကရိန်းစစ်တပ်တွေ အပြင်းအထန် ပြင်ဆင်နေကြပါတယ်။

    ဆက်ဖတ် ရန် ...
  • ယူကရိန်းတွင် MH 17 ပျက်ကျသည့်နေရာတွင် နိုင်ငံကာ စုံစမ်းရေးအဖွဲ့ စုံစမ်းမှုများ စတင်

    အဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတဲ့အတောအတွင်းမှာပဲ ယူကရိန်းတပ်ဖွဲ့ဝင်တွေ ညသန်းခေါင် ချုံခိုတိုက်ခိုက်ခံခဲ့ရပြီး အနည်းဆုံး ၁၀ ဦး ကျဆုံးခဲ့ပါတယ်။ စုံစမ်းရေးအဖွဲ့ လေယာဉ်ပျက်နေရာကို သွားရောက်နိုင်ရေး စိတ်ချရတဲ့လမ်းကြောင်းဖွင့်ပေးဖို့ကိုလည်း မကြာခင်က ယူကရိန်း၊ ရုရှား၊ ခွဲထွက် ရေးတွေနဲ့ ဥရောပစောင့်ကြည့်ရေးအဖွဲ့တို့က သဘောတူထားကြပြီလည်းဖြစ်ပါတယ်။ လေယာဉ်ပစ်ချ ခံရမှုမှာ လေယာဉ်ပေါ်ပါသူ ၂၉၈ ဦးလုံးသေဆုံးခဲ့ကြပါတယ်။ သေဆုံးသူအလောင်းအများစုကို ပြန်လည်သယ်ဆောင်သွားခဲ့ကြပေမယ့် အလောင်း ၈၀ လောက်ကျန် သေးတယ်လို့ ယူကရိန်းအာဏာပိုင်တွေက ဆိုပါတယ်။

    ဆက်ဖတ် ရန် ...
  • အစ္စရေးနှင့် ဂါဇာ ၇၂ နာရီအပစ်ရပ်သဘောတူညီမှု မိနစ် ၉၀ ကြာပြီးနောက် ပြန်လည်ပစ်ခတ်

    ပါလက်စတိုင်း ဟားမက်အဖွဲ့က အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်ကို စပြီး ချိုးဖောက်တယ်လို့ အစ္စရေးဘက်က ပြောပြီးနောက် ဂါဇာကမ်းမြောင်ဒေသမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ အစ္စရေး-ဂါဇာ နယ်စပ်ကနေ အစ္စရေးက အမြောက်တွေနဲ့ ပစ်နေသလို၊ ဟားမက်အဖွဲ့ကလည်း အစ္စရေးဘက်ကို ရောကတ်ဒုံးကျည်တွေနဲ့ ပစ်တာကို အစ္စရေးက Iron Dome စနစ်နဲ့ ကြားဖြတ်ကာကွယ်နေရပါတယ်၊ သောကြာနေ့ တိုက်ပွဲအတွင်း ဂါဇာမှာနေတဲ့ ပါလက်စတိုင်း ၅၀ ကျော် သေဆုံးပြီး ၂၂၀ ကျော် ဒဏ်ရာရတယ်လို့ ဆေးရုံအရာရှိတွေကပြောပါတယ်။ အစ္စရေး စစ်သားတယောက်ကို ဟားမက်အဖွဲ့က ဖမ်းဆီးထားတယ်လို့ အစ္စရေးက စွပ်စွဲပြီး တိုက်ခိုက်မှုတွေကို ပြန်စလိုက်တာပါ၊ ဒါကြောင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဂျွန်ကယ်ရီနဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဘန်ကီမွန်းတို့က ကြေညာတဲ့ ၇၂ နာရီကြာ အပစ်ရပ်စဲရေးဟာ သြဂုတ်လ ၁ ရက်နေ့ အစောပိုင်းမှာ မိနစ် ၉၀ ပဲ သက်ရောက်ပြီ ပျက်စီးသွားခဲ့ပါတယ်။

    ဆက်ဖတ် ရန် ...
  • ၃ ရက်ကြာ အပစ်အခတ်ရပ်စဲရန် အစ္စရေးနှင့်ဟားမတ်စ် သဘောတူ

    ရက်သတ္တပတ် ၄ ပတ်လောက် တိုက်ခိုက်ခဲ့ကြအပြီး ၃ ရက်ကြာ အပစ်အခတ်ရပ်စဲကြဖို့ အစ္စရေးနဲ့ ဟားမတ်စ် တို သဘောတူလိုက်ကြပါတယ်။ ၇၂ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို သြဂုတ်လ ၁ ရက်နေ့ ဒေသစံတော်ချိန် မနက် ၈ နာရီက စတင်မှာဖြစ်ပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ မနေ့ ကြေညာ ချက်ထုတ်ပြန်ခဲ့ကြတာဖြစ်ပါတယ်။ ဒီအပစ်အခတ်ရပ်စဲရေးကာလအတွင်းမှာပဲ အစ္စရေးနဲ့ ဟားမတ်စ်ကိုယ်စားလှယ်တွေ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို သွားရောက်ပြီး ရေရှည်အပစ်အခတ်ရပ်ရေးအတွက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။အပစ်ရပ်ကာလအတွင်းမှာ သဘောတူညီချက်ကို တိတိကျကျလိုက်နာကြဖို့ နှစ်ဖက်စလုံးကို ကုလသမဂ္ဂ နဲ့ အမေရိကန်နိုင်ငံတို့က တိုက်တွန်းထားပါတယ်။

    ဆက်ဖတ် ရန် ...
  • ကုလသမဂ္ဂကျောင်း အမြောက်ဆန်ထိမှန်ပြီး ၁၆ ဦး သေဆုံးမှု စုံစမ်းပေးမည်ဟု အစ္စရေးပြော

    ပါလက်စတိုင်းဒုက္ခသည် ၃၀၀၀ ကျော် ခိုလုံနေတဲ့ကုလသမဂ္ဂကျောင်း အမြောက်ဆန် ထိမှန်ပြီး အရပ်သား အနည်းဆုံး ၁၆ ဦးသေဆုံးခဲ့တဲ့ဖြစ်ရပ်ကို ပြန်စုံစမ်းစစ်ဆေးပေးမယ်လို့ အစ္စရေးအစိုးရက ပြောဆိုပါတယ်။ အခုလို ကုလသမဂ္ဂကျောင်းကို အမြောက်နဲ့ ပစ်ခတ်ခဲ့မှုကို အမေရိကန်နဲ့ ကုလသမဂ္ဂတို့က အပြင်းအထန်ရှုတ်ချခဲ့ကြပါတယ်။ ကျောင်းအနားကနေ အစ္စရေးစစ်တပ်ကို မော်တာတွေနဲ့ ပစ်ခတ်တဲ့အတွက် ပြန်လည်ပစ်ခတ်ခဲ့တာလို့ အစ္စရေးစစ်တပ်က ပြောဆိုပါတယ်။ ဇူလိုင်လ ၃၀ ရက် တနေ့တည်း ဂါဇာမှာ ပါလက်စတိုင်း အရပ်သား ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဂါဇာအာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။ ဇူလိုင်လ ၈ ရက်နေ့ စတင်ခဲ့တဲ့ အစ္စရေးထိုးစစ်အတွင်း ပါလက်စတိုင်းအနည်းဆုံး ၁၃၆၀ သေဆုံးခဲ့ပြီး အများစုက အရပ်သားတွေဖြစ်ကြပါတယ်။ အစ္စရေးဘက်ကတော့ အားလုံး ၅၈ ယောက်သေဆုံးခဲ့ပြီး အစ္စရေးရောက် ထိုင်းအလုပ်သမားတဦးလည်း ဟားမတ်စ်ဒုံးကျည်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ လက်ရှိဂါဇာထိုးစစ်ဟာ ၂၄ ရက် ကြာမြင့်လာပြီဖြစ်တာကြောင့် အစ္စရေးရဲ့ အရှည်ဆုံး ဂါဇာထိုးစစ်ဖြစ်လာသလို အစ္စရေးစစ်သား အထိအခိုက်အများဆုံး ထိုးစစ်လည်းဖြစ်လာပါတယ်။

    ဆက်ဖတ် ရန် ...
  • ဂါဇာလျှပ်စစ်စက်ရုံကို အစ္စရေးပစ်ခတ်၊ ဆေးရုံမီးပြတ်ပြီး လူနာများအတွက် စိုးရိမ်ရ

    အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသရဲ့ တခုတည်းသော လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဇူလိုင် ၂၉ ရက်နေ့ မွန်းလွဲပိုင်းက ပစ်ခတ်ခဲ့လို့ မီးပြတ်ပြီး ဆေးရုံက လူနာအများအပြားရဲ့ အသက်ကို ခြိမ်းခြောက်နေတယ်လို့ ဆရာဝန်တဦးက ပြောပါတယ်။ ဂါဇာရဲ့ စွမ်းအင်လိုအပ်ချက် ၃ ပုံ ၂ ပုံကို ပံ့ပိုးနေတဲ့ ဓာတ်အားပေးစက်ရုံက လောင်စာတိုင်ကီတွေ မီးလောင်ခဲ့ပါတယ်။ ဒေသခံစွမ်းအင်အာဏာပိုင်တွေကတော့ ကနဦးစစ်ဆေးမှုတွေအရ အပျက်အစီးတွေ ကြောင့် စက်ရုံဟာ ၁ နှစ်လောက်တော့ ဘာမှမလုပ်နိုင်တော့ဘူးလို့ ပြောပါတယ်။ ဒါကြောင့် ဒေသတွင်း ရေစုပ်စက်တွေ အများအပြား ရပ်တန့်သွားနိုင်တယ်လို့ ဂါဇာမြို့တော်စည်ပင်က ပြောပါတယ်။ ဟားမတ်စ်အဖွဲ့ နိုင်ငံရေးခေါင်းဆောင်ရဲ့အိမ်နဲ့ တခြား ထင်ရှားသြဇာရှိတဲ့ ပစ်မှတ်တွေ ဒါဇင်နဲ့ ချီပြီး ပစ်ခတ် ချေမှုန်းခံခဲ့ရတာပါ။

    ဆက်ဖတ် ရန် ...
  • ဒုံးကျည်ပစ်လွှတ်မှု ကိုယ့်ဇာတိမြေကို ကာကွယ်ခြင်းဖြစ်ဟု ဟားမတ်စ်ခေါင်းဆောင်ပြော

    အစ္စရေးမြေထဲကို ဒုံးကျည်တွေ ပစ်လွှတ်မှုဟာ ကိုယ့်ဇာတိမြေကို ကာကွယ်တာသာ ဖြစ်တယ်လို့ ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ခေါင်းဆောင် ခါလစ် မီရှားလ်က အမေရိကန် ရုပ်သံကွန်ရက် ပီဘီအက်စ်နဲ့ ပြီးခဲ့တဲ့ ဇူလိုင် ၂၆ ရက်နေ့က လူတွေ့ မေးမြန်းခန်းမှာ ပြောကြားခဲ့တယ်လို့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ ခါလစ် မီရှားလ်က “ဒုံးကျည်နဲ့ ပစ်တာဟာ ရန်လိုမှုကို ခုခံ ကာကွယ်တာသာ ဖြစ် တယ်။ ရန်လိုမှုကို အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန် ယာဟု နဲ့ စစ်တပ်က စခဲ့တာပါ။ ကျူးကျော် သိမ်းပိုက်ခံရ မှုအောက်မှာ ကျနော်တို့ ထပ်ခါ ထပ်ခါနေ ရဖို့က ဖြစ်နိုင်မလား” လို့လည်း တန်ပြန်မေးခွန်းထုတ်ပါတယ်။

    ဆက်ဖတ် ရန် ...
  • တိုက်ပွဲများကြောင့် ပစ်ချခံ မလေးရှားလေယာဉ်ကိစ္စ စုံစမ်းရေး အခက်ကြုံ

    ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ပစ်ချခံရတဲ့ မလေးရှားလေယာဉ် ပျက်ကျ နေရာပတ်ဝန်းကျင်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့က တိုက်ပွဲတွေ ပြင်းထန်နေလို့ နိုင်ငံတကာ စောင့်ကြည့်လေ့လာသူတွေရဲ့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းတွေ ရှုပ်ထွေးကုန်ပါတယ်။ အကျပ်အတည်းကြောင့် အမေရိကန်နဲ့ ဥရောပသမဂ္ဂက ရုရှားအပေါ် စီးပွားရေးဒဏ် ခတ်ဖို့ ပြင်ဆင်နေ ပါတယ်။ တိုက်ပွဲတွေကြောင့် မလေးရှားလေယာဉ် MH17 ကို ဘယ်သူပစ်ချလဲဆိုတာ ဆုံးဖြတ်ဖို့ ကြိုးစားရာမှာ ရှုပ်ထွေးမှုတွေ ပိုတိုးလာတယ်။ ပျက်ကျတဲ့ပတ်ဝန်းကျင်ကို သက်ရောက်နိုင်တယ် လို့ နိုင်ငံတကာစောင့်ကြည့်သူတွေက ဇူလိုင် ၂၇ ရက်နေ့မှာ ပြောပါတယ်။ ယူကရိန်းနိုင်ငံတွင်း စောင့်ကြည့် နေတဲ့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဒုခေါင်းဆောင် အလက်ဇန်းဒါး ဟတ်ဂ်ကတော့ စောင့်ကြည့်သူတွေ ဇူလိုင် ၂၇ ရက်နေ့က လေယာဉ်ပျက်ကျရာနေရာကို သွားဖို့ ကြိုးစားခဲ့ပေမယ့် ရှက်စ်တော့ခ်မြို့နားမှာ မော်တာတွေ အမြောက်တွေနဲ့ ပစ်ခတ်နေတာ ကိုယ်တိုင်တွေ့လို့ လုံခြုံရေးစိုးရိမ်မှုကြောင့် ရပ်လိုက်တယ်လို့ ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • ဂါဇာ ပဋိပက္ခကို ငြိမ်းချမ်းသည့်နည်းလမ်းနှင့် အဖြေရှာရန် တောင်းဆိုဆန္ဒပြပွဲ ပြုလုပ်

    ၁၉ ရက်ကြာ တိုက်ပွဲတွေအတွင်း ဂါဇာမှာ နေထိုင်တဲ့ ပါလက်စတိုင်း ၁၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုက အရပ်သားတွေ ဖြစ်ပါတယ်။ အစ္စရေးစစ်သား ၄၀ နဲ့ အရပ်သား ၃ ယောက်လည်း သေဆုံးခဲ့ပါတယ်။

    ဆက်ဖတ် ရန် ...
  • MH17 လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူများကို နောက်ဆုံးအကြိမ် သယ်ဆောင်

    ယူကရိန်းအရှေ့ပိုင်းမှာ လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားသူတွေထဲက နောက်ဆုံးကျန်တဲ့ အလောင်းတွေကို တင်ထားတဲ့ သြစတြေးလျ လေတပ်ပို့ဆောင်ရေးလေယာဉ်နှစ်စင်းဟာ ဇူလိုင်လ ၂၆ ရက်နေ့က ထွက်ခွာပါတယ်။ လေယာဉ်နှစ်စင်းပေါ်မှာ နောက်ဆုံးအသုတ် အလောင်း ၃၈ လောင်း တင်ဆောင်ထားတာ ဖြစ်ပါတယ်။ ယူကရိန်း အရှေ့ပိုင်းက သူပုန်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ပစ်ချခံလိုက်ရတဲ့ မလေးရှားလေယာဉ်ပေါ်မှာ လူ ၂၉၈ ယောက် လိုက်ပါခဲ့ပြီး ၁၉၃ ယောက်ကတော့ နယ်သာလန် နိုင်ငံသားတွေ ဖြစ်ပါတယ်။

    ဆက်ဖတ် ရန် ...
  • ပစ်ချခံ မလေးရှားလေယာဉ်မှ အလောင်းများ ပထမအသုတ် နယ်သာလန်ကို ရောက်ရှိ

    ယူကရိန်းအရှေ့ပိုင်းမှာ ပစ်ချခံခဲ့ရတဲ့ မလေးရှားလေကြောင်းလိုင်းလေယာဉ်မှာ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေ ပထမဆုံးအသုတ်အဖြစ် ဇူလိုင် ၂၃ ရက်နေ့က နယ်သာလန်နိုင်ငံ၊ အိုင်ဟိုဗင် Eindhoven မြို့လေဆိပ်ကို ဆိုက်ရောက်လာပါတယ်။ ပထမအသုတ်အဖြစ် ရောက်ရှိလာတဲ့ ရုပ်အလောင်း ၄၀ ကို အခမ်းအနားနဲ့ ကြိုဆိုခဲ့ပြီး နယ်သာလန်ဘုရင် နဲ့ ၀န်ကြီးချုပ်တို့လည်း တက်ရောက်ခဲ့ကြပါတယ်။ သေဆုံးသွားခဲ့ကြတဲ့ အခြားနိုင်ငံက ခရီးသည်တွေရဲ့ ဆွေမျိုးသားချင်းတွေလည်း လေဆိပ်မှာ ကြိုဆိုခဲ့ကြပါတယ်။

    ဆက်ဖတ် ရန် ...
  • ဂါဇာကမ်းမြှောင် တိုက်ပွဲတွင် သေဆုံးသူ ပါလက်စတိုင်း ၆၂၄ ဦး ရှိပြီ

    အစ္စရေး စစ်တပ်မှ ဂါဇာဒေသသို့ အမြောက်များဖြင့် ပစ်ခတ်နေစဉ် (ဓာတ်ပုံ - ရိုက်တာ) ပါလက်စတိုင်း ဂါဇာဒေသမှာ တိုက်ပွဲတွေ ဖြစ်နေတာ ၁၆ ရက်မြောက် ရှိလာပြီး ပြီးခဲ့တဲ့ ဇူလိုင် ၂၂ ရက်နေ့အထိ ပါလက်စတိုင်း ၆၂၄ ယောက် သေဆုံးသွားပြီလို့ဖြစ်ပြီး အများစုက အရပ်သားတွေ ဖြစ်တယ်လို့ အရာရှိတွေက ဒီနေ့ ပြောပါတယ်။ ပါလက်စတိုင်းသမ္မတ မာမွတ်အာဘတ် ခေါင်းဆောင်တဲ့ အဆုံးအဖြတ်ပေးနိုင်တဲ့အဖွဲ့က ဟားမတ်စ်အဖွဲ့ တောင်းဆိုတဲ့အတိုင်း ဂါဇာမှာ အစ္စရေးနဲ့ တိုက်ခိုက်နေတာတွေကို ရပ်ဆိုင်းဖို့ အဆိုကို ဒီနေ့ ထောက်ခံလိုက်ပါတယ်။ ဂါဇာကမ်းမြောင်ဒေသကို လွှမ်းမိုးထားတဲ့ အစ္စလာမ်မစ်ဝါဒီ ဟားမတ်စ်အုပ်စုနဲ့ တခြား လက်နက်ကိုင်အဖွဲ့ခွဲတွေကတော့ အီဂျစ်နိုင်ငံရဲ့ ကြားဝင်ကမ်းလှမ်းတာကို ငြင်းဆန်ထားပါတယ်။

    ဆက်ဖတ် ရန် ...
  • အစ္စရေးထိုးစစ်တွင် ပါလက်စတိုင်းဘက်မှ သေဆုံးသူ (၅၀၀)ကျော်အထိ မြင့်တက်လာ

    ဇူလိုင်(၂၁)ရက် ညပိုင်းထိ ဂါဇာစစ်ပွဲ အတွင်း သေဆုံးသူ ပါလက်စတိုင်း အရေအတွက်သည် (၅၀၀)ကျော်ထိ မြင့်တက်လာပြီဟု သိရှိရသည်။ အစ္စရေး လေတပ်သည် ဂါဇာရှိ ဟားမားစ် စစ်သွေးကြွတို့ ပုန်းခိုရာ ပစ်မှတ်များကို သည်းသည်းမည်းမည်း ဗုံးကြဲ တိုက်ခိုက်နေဆဲ ဖြစ်သလို အစ္စရေး မြေပြင်တပ်ဖွဲ့များကလည်း ပြီးခဲ့သည့် သီတင်းပတ်ကုန်တွင် ပါလက်စတိုင်း ပိုင်နက်ထဲ စတင်ဝင်ရောက် လာပြီ ဖြစ်သည်။ ဟားမားစ်တို့၏ တိုက်ရည်ခိုက်ရည်သည် ယခင်ကထက် ပိုမိုမြင့်တက်လာကြောင်း အစ္စရေးစစ်ဘက် အရာရှိများက ဝန်ခံထားပြီး အစ္စရေး စစ်သည်များလည်း အကျအဆုံး များလျှက်ရှိသည်။ ဂါဇာကို ဗုံးမိုးရွာနေသည့် အစ္စရေး၏ စစ်ဆင်ရေး (၂)ပတ်မျှ ကြာမြင့်လာသည့်နောက် အရပ်သား အများစု အပါအဝင် ပါလက်စတိုင်း အများအပြား သေဆုံးခဲ့ပြီး အစ္စရေး-ဟားမားစ် ပဋိပက္ခများတွင် (၅)နှစ်တာ ကာလအတွင်း အသေအပျောက် အများဆုံးအဖြစ် မှတ်တမ်းဝင်လာသည်။ ဇူလိုင်(၂၁)ရက်၊ တစ်နေ့တည်းတွင်ပင် ပါလက်စတိုင်း (၁၀၀)ကျော် သေဆုံးခဲ့ကြောင်း သတင်းများက ဆိုသည်။ ဇူလိုင်(၈)ရက်က စတင်သော အစ္စရေး၏ ထိုးစစ်ကြောင့် သေဆုံးသူ ပါလက်စတိုင်း အရေအတွက်သည် (၅၆၆)ဦးထက်မနည်း ရှိခဲ့ပြီး (၃၃၀၀)ကျော် ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်း အာဏာပိုင်များက ဆိုသည်။ အစ္စရေးက ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့်တိုင် ဟားမားစ်တို့ကလည်း ၎င်းတို့၏ ဒုံးကျည်ပစ်ခတ်မှုများကို မရပ်တန့်သေးဘဲ ဇူလိုင်(၂၁)ရက်နေ့တွင် အစ္စရေးဘက်သို့ ဒုံးကျည်အစင်းပေါင်း (၅၀)မျှ ဦးတည် ပစ်ခတ် ခဲ့သည်။ ဇူလိုင်(၂၁)ရက်တွင် ဟားမားစ်တို့နှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားပြီး အစ္စရေးစစ်သည် (၇)ဦး ကျဆုံးခဲ့သည်။ ယခုအခါ အစ္စရေးဘက်မှ အသေအပျောက်သည် အရပ်သား (၂)ဦးအပါအဝင် (၂၇)ဦးထိ ရှိလာပြီ ဖြစ်သည်။

    ဆက်ဖတ် ရန် ...
  • ယူကရိန်း လေပိုင်နက် အတွင်း ခရီးသည် ၂၉၅ ဦးပါ မလေးရှားလေယာဉ် ပျက်ကျ

    ဟော်လန်နိုင်ငံ အက်စတာ ဒမ်မြို့မှ မလေးရှားနိုင်ငံ ကွာလာ လမ်ပူမြို့သို့ ပျံသန်းခဲ့သည့် မလေးရှား လေယာဉ် MH17 မှာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် ပျက်ကျခဲ့ပြီး ပစ်ချခံ ရသည်ဟု သံသယဖြစ်ဖွယ် ရှိကြောင်း ဘီဘီစီ သတင်းဌာနက ဖော်ပြသည်။ ခရီးသည် ၂၈၀နှင့် လေယာဉ်အမှုထမ်း ၁၅ဦး လိုက်ပါလာသည့် MH17 လေယာဉ်မှာ ယူကရိန်းနိုင်ငံ လေပိုင်နက်အတွင်း ပျံသန်းနေစဉ် အဆက်အသွယ် ပျက်သွားခဲ့ပြီး ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ဂရာဘိုဗိုရွာအနီးသို့ ပျက်ကျခဲ့ခြင်းဖြစ်သည်။ ဂရာဘိုဗိုရွာတွင် ကရိုင်းမီးယား ဒေသကို ယူကရိန်းနိုင်ငံမှ ခွဲထုတ်ရန် ကြိုးပမ်းနေသည့် သူပုန်များ အခြေချပြီး MH17 လေယာဉ်ပျက် ကျမှုနှင့် ပတ်သက်၍ ပစ်ခတ်ခဲ့ခြင်း မရှိကြောင်း ယူကရိန်း၊ ရုရှားတို့ ဘက်မှ ငြင်းဆန် ထားကာ ခွဲထွက်ရေး သူပုန်များကလည်း ၎င်းတို့ ပစ်ချခဲ့ခြင်း မဟုတ်ဟု တုန့်ပြန် ထားသည်။

    ဆက်ဖတ် ရန် ...
  • အစ္စရေးစစ်တပ် ဒုံးကျည်ပစ်ခတ်မှုကြောင့် ကလေး ၄ ဦး သေဆုံး

    ဇူလိုင် ၈ ရက်နေ့ကစပြီး ပါလက်စတိုင်း ဟားမတ်တွေနဲ့ အစ္စရေးစစ်တပ် အပြင်းအထန် တိုက်ခိုက်နေကြပြီး ပါလက်စတိုင်း ၂၁၆ ယောက် သေဆုံးခဲ့ကြပြီ ဖြစ်ပါတယ်။ သေဆုံးသူအများစုကလည်း အပြစ်မဲ့အရပ်သားတွေ ဖြစ်ပြီး ကလေးအနည်းဆုံး ၃၄ ဦး သေဆုံးခဲ့ကြတယ်လို့ ဂါဇာဒေသခံအာဏာပိုင်တွေက ဆိုကြပါတယ်။ အစ္စရေးဖက်ကတော့ ပါလက်စတိုင်း ဒုံးကျည်ပေါင်း ၁ ထောင်ကျော် ပစ်ခတ်ခံရမှုမှာ လူ ၁ ဦးပဲ သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁၀ ဦးတောင် မပြည့်ပါဘူး။ ဇူလိုင် ၁၇ ရက် ဒီနေ့မှာတော့ ကုလသမဂ္ဂရဲ့တောင်းဆိုမှုနဲ့ ၅ နာရီကြာ နှစ်ဖက် အပစ်အခတ် ရပ်စဲကြမယ်လို့ နှစ်ဖက်စလုံးက ဆိုကြပါတယ်။

    ဆက်ဖတ် ရန် ...
  • စပိန်နိုင်ငံက နွားရိုင်းနှင့် အပြေးပြိုင်သောပွဲ

    စပိန်နိုင်ငံ အရှေ့ပိုင်းက Denia လို့ အမည်ရတဲ့ မြို့ငယ်လေးမှာ နှစ်စဉ် ကျင်းပ တဲ့ ပွဲ တစ်ခု ရှိပါတယ်။ ယင်းကတော့ ထူးထူးခြားခြား နွားရိုင်းတွေနဲ့ အပြေး ပြိုင် တဲ့ Bulls in the Sea ခေါ် နွားရိုင်းနဲ့ လူ အပြေးပြိုင်ပွဲ ဖြစ်ပါတယ်။ နှစ်စဉ် အငြင်းပွား မှုများ ရှိပေမယ့် ကျင်းပနေဆဲ ဖြစ်ပါတယ်။

    ဆက်ဖတ် ရန် ...
  • ဖမ်းထားသည့် တူရကီ ကားမောင်းသမား ၃၂ ဦးကို စစ်သွေးကြွများ ပြန်လွှတ်

    အီရတ်နိုင်ငံတွင်းက လွန်ခဲ့တဲ့ ၃ ပတ်က အစ္စလာမစ် စစ်သွေးကြွတွေက ဖမ်းဆီးထားခဲ့တဲ့ တူရကီ ကုန်ကားမောင်းသူ ၃၂ ယောက်ကို မနေ့က ပြန်လွှတ်ပေးလိုက်ပါတယ်။ ကုန်ကားမောင်းသူ ၃၂ ယောက်ကို ကောင် စစ်ဝန်ချုပ်က လက်ခံခဲ့ပြီး တူရကီ အစိုးရက တခြား တာ့ခ်လူမျိုး တွေ ပြန် လွတ်ရေး သေသေချာချာ လုပ်နေ တယ်လို့ နိုင်ငံခြားရေး ၀န်ကြီး အာမတ် ဒါဗူတိုလူက တူရကီမြို့တော် အန်ကာရာက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

    ဆက်ဖတ် ရန် ...
  • ယူကရိန်းရွေးကောက်ပွဲ အသိအမှတ်ပြုမည်ဟု ပူတင်ဆို

    ယူကရိန်းအစိုးရ ပြန်လည်ဖွဲ့စည်းရေး တနင်္ဂနွေ့တွင်ပြုလုပ်မည့် ရွေးကောက်ပွဲရလဒ်အား အသိအမှတ်ပြုသွားမည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင်က ယမန်နေ့တွင် ပြောကြားလိုက်သည်။

    ဆက်ဖတ် ရန် ...
  • ယူကရိန်း ရွေးကောက်ပွဲအား နှောက်ယှက်ရန် ရုရှား ကြိုးစားနေဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဆို

    သမ္မတ ရွေးကောက်ပွဲကျင်းပရန် ယူကရိန်း၏ အစီစဉ်အား ရုရှားမှ နှောက်ယှက်ရန် ကြိုစားနေသည်ဟု ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလီယံ ဟေ့ဂ်က ယနေ့ပြုလုပ်သည့် ဥရောပကောင်စီ အစည်းဝေးတွင် ပြောကြားလိုက်သည်။

    ဆက်ဖတ် ရန် ...
  • ယူကရိန်းအရေး လုံခြုံရေးကောင်စီတွင် အရေးပေါ် ဆွေးနွေးရန် ရုရှတောင်းဆိုထား

    ယူကရိန်းနိုင်ငံအရှေ့ပိုင်း Slovyansk မြို့တွင် ယူကရိန်း စစ်ဘက်သုံးရဟတ်ယာဉ်များ ယနေ့တွင် ပစ်ချခံခဲ့ရကာ စစ်သား ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ဆက်ဖတ် ရန် ...
  • ရုရှမှာ တတိယကမ္ဘာစစ် စတင်ချင်နေသည်ဟု ယူကရိန်း ဝန်ကြီးချူပ်စွပ်စွဲ

    ယူကရိန်း ၀န်ကြီးချုပ် အာဆန်နီ ယက်ဆန်ယွတ်က ရုရှားအနေဖြင့် တတိယ ကမ္ဘာစစ်ကို စတင်ချင်နေသည်ဟု ယနေ့တွင် စွပ်စွဲခဲ့ပြီး ရုရှား၏ကျူးကျော်မှုအား ဆန့်ကျင်ရန်အတွက် နိုင်ငံတကာမှ ကူညီကြရန်လည်း တိုက်တွန်းခဲ့သည်။

    ဆက်ဖတ် ရန် ...
  • ခွဲထွက်ရေးသမားများအား ပစ်မှတ်ထားသည့် စစ်ဆင်ရေး ယူကရိန်းစတင်၊ ခွဲထွက်ရေးသမား ၅ ဦးသေဆုံးခဲ့ပြီဟု အစိုးရက သတင်းထုတ်ပြန်ခဲ့

    မတည်မငြိမ်ဖြစ်နေသည့် နိုင်ငံအရှေ့ပိုင်း ဒေသများတွင် ယူကရိန်းအစိုးရက ထိုးစစ်ဆင်မှုများ စတင်ပြုလုပ်နေပြီး ခွဲထွက်ရေးသမားများဘက်မှ သေဆုံးမှုများလည်း ရှိသည်ဟု သိရသည်။

    ဆက်ဖတ် ရန် ...
  • ကမ္ဘာ့ဖလား ပြိုင်ပွဲကာလအတွင်း ဘရာဇီး ကစားသမားများ အလွန်အကျူး လိင်မဆက်ဆံရန် စကိုလာရီ တားမြစ်

    ဘရာဇီးနည်းပြ စကိုလာရီက မိမိအသင်း ကစားသမားများ အနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်း လိင်ဆက်ဆံမှု အလွန်အကျူး မလုပ်ကြရန် သတိပေးခဲ့သည်။

    ဆက်ဖတ် ရန် ...
  • ဆွစ်ဇာလန်မှာ အရိုးပြာကို စိန်ဖြစ်အောင် ပြောင်းလဲပေး

    ဥရောပတိုက် ဆွစ်ဇာလန်နိုင်ငံ အနောက်ပိုင်းက Algordanza လို့အမည်ရတဲ့ ကုမ္မဏီတစ်ခု ဖြစ်ပါတယ်။ ယင်း ကုမ္မဏီကပေးတဲ့ ဝန်ဆောင်မှုကတော့ ကွယ်လွန်ပြီး လူတို့ရဲ့  ပြာကို စိန်အဖြစ် ပြောင်းလဲခြင်း ဖြစ်ပါတယ်။ ရည်ရွယ် ချက်ကတော့ မိမိချစ်ခင် တန်ဖိုးထားသူကို တစ်သက်တာ အမြဲ တနိုး သိမ်းဆည်း သွားနိုင်စေဖို့ ဖြစ်ပါတယ်။

    ဆက်ဖတ် ရန် ...
Arba'een
Mourining of Imam Hossein
We are All Zakzaky