နျူလက်နက်သုံးမည်ဆိုသည့် ဗြိတိန်ဝန်ကြီးချုပ်၏ ပြောကြားမှုကို ပြည်သူအများစု ထောက်ခံ

  • News Code : 769415
  • Source : M-Media
Brief


မိမိတို့နိုင်ငံကို တိုက်ခိုက်ပါက တုန့်ပြန်တဲ့အနေနဲ့ လူ ၁ သိန်းလောက် သေဆုံးနိုင်မယ့် နျူတိုက်ခိုက်မှု ပြုလုပ်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေရဲ့ ပြောကြားချက်အပေါ် စစ်တမ်းကောက်ကြည့်ရာမှာ ဗြိတိန်ပြည်သူ ၆၆ ရာခိုင်နှုန်းက ၀န်ကြီးချုပ်ရဲ့ သဘောထားကို ထောက်ခံတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မိမိတို့နိုင်ငံကို တိုက်ခိုက်ပါက တုန့်ပြန်တဲ့အနေနဲ့ လူ ၁ သိန်းလောက် သေဆုံးနိုင်မယ့် နျူတိုက်ခိုက်မှု ပြုလုပ်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေရဲ့ ပြောကြားချက်အပေါ် စစ်တမ်းကောက်ကြည့်ရာမှာ ဗြိတိန်ပြည်သူ ၆၆ ရာခိုင်နှုန်းက ၀န်ကြီးချုပ်ရဲ့ သဘောထားကို ထောက်ခံတယ်ဆိုတာ တွေ့ခဲ့ရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဗြိတိန်ပါလီမန်မှာ Trident ဒုံးကျည်စနစ်စီမံကိန်း ပြန်လည်စတင်ရေးအတွက် ပြောကြားမှုအတွင်း နိုင်ငံခြားတိုင်းပြည်တွေကို ဗြိတိန်ကို တိုက်ခိုက်မှုတွေ လုပ်လာပါက နျူနဲ့ပြန်လည်တိုက်ခိုက်မယ့်ကိစ္စကို ၀န်ကြီးချုပ်က ဖွင့်ဟခဲ့တာပါ။ ပြီးတော့ ရုရှားနဲ့ မြောက်ကိုရီးယားလိုနိုင်ငံတွေက ဗြိတိန်ကို တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ ကိစ္စဟာ တစ်ကယ်ဖြစ်လာနိုင်တယ်လို့လည်း သတိပေးခဲ့ပါတယ်။

YouGov က အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့က နိုင်ငံတစ်ဝှမ်း ကောက်ယူခဲ့တဲ့ စစ်တမ်းမှာတော့ ထရီဇာမေရဲ့စကားကို ဗြိတိန်ပြည်သူ ၃ ပုံ ၂ ပုံက ထောက်ခံခဲ့ကြပြီး ၅၉ ရာခိုင်နှုန်းကတော့ သူတို့ကိုယ်တိုင်တောင် နျူဒုံးကျည်ခလုတ် နှိပ်ချင်တယ်လို့ ပြာကြားခဲ့ပါတယ်။

နျူတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ မေးခွန်းမျိုးကို တိုက်ရိုက်ဖြေဆိုခဲ့တဲ့ ထရီဇာမေဟာ စစ်အေးခေတ်နောက်ပိုင်း တက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ်တွေထဲမှာ ပထမဆုံးလည်း ဖြစ်ပါတယ်။

Ref : RT

======================================
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Arba'een
Mourining of Imam Hossein
We are All Zakzaky