၂၀၁၆ ခုနှစ် ဟဂ်ျ အခါသမယတွင် ကမ္ဘာ့ မွတ်စလင်မ် များ အတွက် အေမာမ် ခါမေနာအီ ၏ မိန့်ခွန်း

ကမ္ဘာ့ အစ္စလာမ့်များ အနေဖြင့် ဆော်ဒီ အာဏာ ပိုင်များကို အလွတ်မပေးသင့်ချေ။ ဆော်ဒီ အာဏာပိုင်များ အလ္လာဟ့်လမ်းကို အတားအဆီးပြုခဲ့ပါတယ်။

  • News Code : 776854
  • Source : ABNA
Brief

ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီမှ တိုက်တွန်း မိန့်ကြား ပါ တယ်။ ကမ္ဘာ့ အစ္စလာမ့် အနေဖြင့် မွတ်စလင်မ် အာဏာပိုင်များ နှင့်လူထုများပါ အပါအဝင် မလွဲ မသွေ ဆော်ဒီ အာဏာပိုင်များ ကို အသေအချာ သိရှိ နားလည် ရပါမည်။ ကမ္ဘာ့ အစ္စလာမ့်အတွက် ရာဇာဝတ်မှုများကို ကျယ်ပြန့်စွာ ကျူးလွန်ထားသည့်အတွက် ၎င်းကို အလွတ်မပေးသင့်ပါ။ ဟရမိုင်းနေရှရီဖိုင်း (မက္ကာဟ် နှင့်မဒီနာ ) နှင့် ဟဂ်ျကိစ္စ ကို ဦးဆောင်မှု အတွက် အခြေခံကျသည့် တွေးခေါ်မှု စဉ်းစားမှု ကို ပြုရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
(၂၀၁၆) ခုနှစ် ဟဂ်ျ အချိန်အခါသမယတွင် ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီမှ အရေးကြီး မိန့်ခွန်း တစ်ခု ကို ကမ္ဘာအနှံမွတ်စလင်မ်များ နှင့် အလ္လာဟ် အိမ်တော် သို့ ဟဂ်ျပြုရန်လာရောက်သူဟာဂျီများ ကို ဟဂ်ျအီဗရာဟီးမီး ကို မွတ်စလင်မ်အွန်မသ် ၏  သိက္ခာ ၊ကြီးကျယ် မြင့်မြတ်မှု အထိမ်းအမှတ်သင်္ကေတ အဖြစ် နိုင်ငံတကာဆိုင်ရာ (အစ္စလာမ့်) ဆန့်ကျင်ရေး အင်အား များ နှင့်အပြိုင်ရပ်တည်နေကြောင်း မိန့်ကြားခဲ့ပါတယ်။ ခါးသီးသည့် မီနာ အဖြစ်ဆိုး ဘက်သို့ အရိပ်အရောင်ပြပြီး အစ္စလာမ့် ကမ္ဘာ အနေဖြင့် မွတ်စလင်မ် အာဏာပိုင်များ နှင့်လူထုများပါ အပါအဝင် မလွဲ မသွေ ဆော်ဒီ အာဏာပိုင်များ ကို အသေအချာ သိရှိ နားလည် ရပါမည်။ ကမ္ဘာ့ အစ္စလာမ့်အတွက် ရာဇာဝတ်မှုများကို ကျယ်ပြန့်စွာ ကျူးလွန်ထားသည့်အတွက် ၎င်းကို အလွတ်မပေးသင့်ပါ။ ဟရမိုင်းနေရှရီဖိုင်း (မက္ကာဟ် နှင့်မဒီနာ ) နှင့် ဟဂ်ျကိစ္စ ကို ဦးဆောင်မှု အတွက် အခြေခံကျသည့် တွေးခေါ်မှု စဉ်းစားမှု ကို ပြုရမည် ဖြစ်ပါတယ်။    

ရဲဟ်ဗရ် အင်ကေလာဗ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ခါမေနာအီ ၏ မိန့်ခွန်း စာသား မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
အလ္လာဟ်ဟို အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။ထိုအရှင်သည် ရဟ်မာန် နှင့် ရဟီးမ် အရှင် ဖြစ်တော်မူ၏။
وَ الحَمدُ لِلّهِ رَبِّ العالَمین وَ صَلَّی اللّهُ عَلی سَیّدِنا مُحَمَّدٍ وَ آلِهِ الطَّیِّبینَ وَ صَحبِهِ المُنتَجَبین وَ مَن تَبِعَهُم بِاِحسانٍ اِلی یَومِ الدّین.
ကမ္ဘာ့ အနှံ ရှိ မွတ်စလင် ညီအစ်ကို မောင်နှမများ ခင်ဗျား …!
မွတ်စလင်မ်များ အတွက် ဟဂ်ျအချိန်အခါသမယ ဟာ ဂုဏ်ယူစရာ ဖြစ်ပါတယ်။ ဖန်ဆင်းရှင် အလ္လာဟ် ဟိုအရှင်မြတ် ထံတော်ဝယ် နှလုံးသားကို နူးရ် ရှိစေရန် ၊ နာမ်ပိုင်းဆိုင်ရာ ငြိမ်သက်မှု ၊တောင်းဆိုတော်များ ပြုရမည် အချိန်အခါသမယ ဖြစ်ပါတယ်။ ဟဂ်ျ ကောင်းကင်ဆိုင်ရာ ၊ လောကီဆိုင်ရာ ၊ အလ္လာဟ် ဟို အရှင်မြတ် နှင့်ဆိုင်ရာ လူထု အတွက် ထမ်းဆောင်ရမည့် တာဝန်  ဖြစ်ပါတယ်။ တစ်ဖက်တွင် ဤမိန့်ရပ်တော်များ ရှိနေပါတယ်။
«فَاذْكُرُوا اللَّهَ كَذِكْرِكُمْ آبائکمْ أَوْ أَشَدَّ ذِكْرًا»(၁) «وَاذْكُرُوا اللَّهَ فِي أَيَّامٍ مَّعْدُودَاتٍ»(၂)
«الَّذِي جَعَلْنَاهُ لِلنَّاسِ سَوَاءً الْعَاكِفُ فِيهِ وَالْبَادِ»(၃)အခြား တစ်ဘက်တွင်လည်း မိန့်ထားပါတယ်။
ဟဂ်ျ၏ အဆုံးမရှိ ၊ ထောင့်စုံဖက်စုံ အမျိုးမျိုး ဘက်သို့  မီးမောင်းထိုးပြနေပါတယ်။
ဤအနှိုင်းမဲ့ တာဝန် (ဟဂ်ျ) သည် အချိန်ကာလ၊နေရာကိုထိန်းသိမ်း ပေးမှု ၊ ထင်ရှား သည့် အမှတ်အသား၊ ဝင်းလင်းတောက်ပနေသည့် ကြယ်တာရာများပမာ နှလုံးသား ကို ချမ်းမြေ့ မှု ၊ အေးချမ်းသာယာမှုကို ပေးနေပါတယ်။ ဟဂ်ျပြုသူများကို လုံခြုံရေး မပေးနိုင်သည့် နယ်ချဲ့ ရက်စက် ယုတ်မာသူများ ဘက်မှ အစဉ်အမြဲ သာမန် လူထု အတွက် နာမ်ပိုင်းဆိုင်ရာ ထိခိုက်မှု ဖြစ်စေပါတယ်။အပြင် (ကမ္ဘာ)သို့ရောက်စေပါတယ်။ သတ်မှတ်ချိန် တစ်ခု အတွက် ငြိမ်ဝပ်ပိပြားလုံခြုံမှု ၏ အရသာကို သိစေပါတယ်။
အစ္စလာမ် သာသနာတော်အနေဖြင့် ဟဂ်ျအီဗရာဟီးမီး ကို လက်ဆောင်မွန် တစ်ခု ဖြစ်တင်ပြ ထားပါတယ်။ ဂုဏ်သိက္ခာ ၊နာမ်ပိုင်းဆိုင်ရာ၊ စည်းလုံး ညီညွတ်မှု ၊ ဂုဏ်မင်္ဂလာ ကို ပြသနေပါ တယ်။ ဟဂ်ျမကောင်းမှု လိုလားသူများ ၊ ရန်သူများ၏ ရှေ့ ဝယ် အစ္စလာမ်အွန်မသ် ၏ ဂုဏ်သိက္ခာ နှင့် အဆုံးမရှိသည့် အလ္လာဟ် ဟို အရှင်မြတ်  ၏ စွမ်းအားအပေါ် ယုံကြည်မှု ကို ပြသနေပါတယ်။ လောက ၏အင်အားလွမ်းမိုးမှု ၊လူဆိုးလူယုတ်မာ အင်အားများ အနေဖြင့် အကျင့်ပျက်ခြစားမှု ၊ဂုဏ်သိက္ခာ သေးငယ်မှု ၊ လူမျိုးများကို အားပျော့အားနည်း အောင်ပြုလုပ်မှု ဆိုသည့် စိမ့်မြေ မှ မထွက်နိုင်အောင် လုပ်ဆောင်နေမှု နှင့်မွတ်စလင်မ်များအနေဖြင့် (ဤစိမ့်မြေ မှ လွတ်မြောက်ဖို့ )  အဝေးကြီး မှာ ရှိနေကြောင်း ကို ပြသနေပါတယ်။

အစ္စလာမ်မီ နှင့် သောင်ဟီးဒ်ဒီ ဟဂ်ျ ဖြစ်ကြောင်း (အာယသ်တော် )
«أَشِدّاءُ عَلَى الْكُفّارِ رُحَمَاءُ بَيْنَهُمْ»(၄)
မှပြဆိုနေပါတယ်။ မိုရှ်ရေကီးန် အား မနှစ်သက်မှု နှင့် မိုအ်မေနီး အတူရှိနေမှု ၊နှစ်သက်မှု ကိုပြဆိုနေ ပါတယ်။ ဟဂ်ျ၏ အရေးကြီးမှု ကို လျော့ချလိုသူများ ၊ဟဂ်ျကို ဇေယာရသ် နှင့် ခရီးသွား လုပ်ငန်း အဖြစ် သတ်မှတ်သူများသည် အီရန် နိုင်ငံသား မိုအ်မေနီများ ကို အင်ကေလာဗ် လူမျိုး များကို မိမိ၏ ရန် အငြိုးအတေး ၊ မုန်းတီးရန်လိုမှု ကြောင့် ဟဂ်ျကို နိုင်ငံရေး အရောင်ဆိုးခဲ့ပါတယ်။
၎င်း(ဆော်ဒီအာဏာပိုင်များ) ဟာ သိက္ခာမဲ့သူ သာမန် ရှိုင်တွာန်ဖြစ်ပါတယ်။ ရှိုင်တွာန် အကြီးစား အမေရိကန်၏ ရည်ရွယ်ချက်များ အန္တရာယ်များတွင် ကျရောက်မှာ ကိုမြင်ပြီး တုန်လှုပ်တဲ့ သူ တွေဖြစ် ပါတယ်။  ဆော်ဒီ အာဏာရှင်များ အနေဖြင့် ဤနှစ် အလ္လာဟ့် လမ်း  နှင့်  မစ္စ်ဂျစ်ဒိုလ်ဟရာမ် လမ်း အတွက် အတားအဆီး ဖြစ်ပါတယ်။ ၎င်းတို့ အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် ၏ အိမ်တော် ဘက်သို့ သွားရန် မိုအ်မင် ဖြစ်ပြီး စိတ်အားထက်သန်သည့် အီရန် နိုင်ငံသား ဟာဂျီများအတွက်  လမ်းကို ပိတ်ထားပါတယ်။ မကောင်းတဲ့သူတွေ လမ်းလွဲ လမ်းမှားရောက်နေ သူတွေ ဖြစ်ပါတယ်။ ရက်စက် ညှဉ်းပန်း သတ်ဖြတ်မှု နှင့်တည် ဆောက်ထားသည့်  အာဏာကို တည်မြဲအောင် ၊ကမ္ဘာ့ ညှဉ်းဆဲ အနိုင်ကျင့် သူများကို ကာကွယ်ဖို့ ဇီယွန် နှင့် အမေရိကန် တို့ နှင့်ပေါင်းစည်းဖို့ ၊၎င်းတို့၏ လိုအပ်ချက်များ ဖြည့်စီးပေးဖို့ ကြိုးစား မှုများ ကို ပြုလုပ်နေပါတယ်။ ဤလမ်းစဉ်အတွက် အလွဲသုံးစားလည်း မလုပ်ချေ။
ယခုအချိန် ဆို ခါးသီးသည့် မီနာ အဖြစ်ဆိုး တစ်နှစ်နီးပါး ရှိလာပြီး ဖြစ်ပါတယ်။ ဤအဖြစ်ဆိုးတွင် ထောင်ပေါင်းများစွာသော် သူများ ကုရ်ဘာနီ အီးဒ် နေ့ ၊အဲဟ်ရာမ်ဝတ်လျက် ၊အလွန်ပူပြင်းနေ သည့်နေပူ တွင် ရေငတ်နေသည့် နှုတ်ခမ်းများဖြစ် ရက်ရက်စက်စက် မိမိတို့၏ အသက်များ ကို စတေးခဲ့ကြပါတယ်။ ဤအဖြစ်ဆိုး မတိုင်မီ ရက်အချို့ အရင် မစ္စ်ဂျစ်ဒိုဟရာမ်အတွင်း ဟာဂျီ အချို့ အေဗါဒသ်ပြုနေချိန် ၊သွာဝါဖ်ပြုနေချိန် ၊နမာဇ်ဖတ်နေချိန်တွင် သွေးများလူးပြီး အသက်များကို စတေးခဲ့ရပါတယ်။ ဆော်ဒီ အာဏာပိုင်များ အဖြစ်အပျက်နှစ်ခုလုံး အတွက် အပြစ်ရှိပါတယ်။  


၎င်းတို့၏ အပြစ်ရှိမှု အပေါ် နည်းပညာ ဆိုင်ရာကျွမ်းကျင်သူများ ၊လေ့လာသုံးသပ်သူများ ၊ နေရာတွင်ရှိနေသူများ တို့၏ အမြင်မှာ တစ်ညီတစ်ညွတ်တည်း ဖြစ်ပါတယ်။ အချို့လေ့လာသုံး သပ်သူ ပညာရှင်များ အနေဖြင့် ဤ အဖြစ်အပျက်မှာ တမင်တကာပြုလုပ် ထားသည့်ဟု ပင် တင်ပြတာ တွေ့နေရပါတယ်။  ကုရ်ဘာနီအီးဒ်နေ့ တွင်( မိမိတို့၏ ) နှလုံးသားများကိုအလ္လာဟ် ၏ ဇေက်ရ် နှင့် ကျမ်းတော်မြတ်ကုရ်အာန် ၏ အာယသ်တော်များ ကို သေလာဝသ်ပြုမှုတွင် ပျော်မွေ့နေသည့် အသက်တစ်ဝက်ထွက် ဒဏ်ရာရလူနာများကိုလည်း ကယ်တင်မှုတွင် ပေါ့လျော့ခြင်း ၊ပျင်းရိခြင်း ရှိသည်ဆို သည်မှာလည်း အမှန်တရား တစ်ခု ဖြစ်ပါတယ်။
အကြင်နာမဲ့နှလုံးသားပိုင်ရှင်၊ တရားခံဆော်ဒီ အနေဖြင့် သေဆုံးသွားသူများကို ကွန်တိန်နာ နှင့် သယ်တာပြုခဲ့ပါတယ်။ ၎င်းတို့ကို ကုသဖို့ ၊အကူအညီပေးဖို့ ယုတ်စွ ခြောက်သွေ့နေသည့် နှုတ်ခမ်းများကို ရေစက်အချို့ ရောက်အောင်မပြုပေးသည့်အပြင် သေတွင်းသို့ တွန်းချခဲ့ပါတယ်။
နိုင်ငံပေါင်းများ မှ မိသားစုပေါင်းများ စွာ မိမိတို့၏ မိသားစု ဝင်တွေကို လက်လွတ် ဆုံးရှုံးခဲ့ရပါ တယ်။၎င်းနိုင်ငံများ၏ လူမျိုးများ ဝမ်းနည်းပူဆွေးခဲ့ရပါတယ်။ ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ မှ အယောက် ၅၀၀နီးပါး ရှဟီးဒ် ဖြစ်ခဲ့ရပါတယ်။ မိသားစုဝင်များ နှလုံး ဆို အခု ထိ ဒဏ်ရာ ဖြစ်နေပြီး ဝမ်းနည်းပူဆွေး နေကြပါတယ်။(အီရန်) လူမျိုးတွေဟာလည်း ဝမ်းနည်းကြေကွဲပြီး ဒေါသ ထွက်နေကြပါတယ်။
ဆော်ဒီ အာဏာပိုင်များ အနေဖြင့် တောင်းပန်ဖို့ ၊ နောင်တ ဖြစ်ကြောင်းထုတ်ဖော်ဖို့ ၊ ဤရင်နှစ်ဖွယ် အဖြစ်ဆိုးအတွက် တိုက်ရန် အပြစ် ရှိ သူများကို တရားဆွဲ အရေးယူမှု ပြုဖို့ မပြုဘဲ အရှက် သိက္ခာ မရှိ အရှက်မဲ့စွာ ဖြင့် နိုင်ငံတကာ အစ္စလာမ်မီ စိစစ်ရေး အဖွဲ့ ၊ ဖွဲ့ရန် ကန့်ကွက်ခဲ့ပါ တယ်။ တရားဘက်မှ  ရပ်တည် ပေးရမည့်အစား တရားခံ ဘက်မှ ရပ်တည်လေ၏။ ပြည်ထောင်စု အစ္စလာမ်မစ် နိုင်ငံ ၎င်းအပြင်   ကူဖ်ရ် နှင့် အင်အားကြီး အနိုင်ကျင့် အား များကို ဆန့်ကျင် သည့် အစ္စလာမ် အလံမှန်သမျှ ကို မိမိ၏ နှစ်ရှည် ရန်ငြိုးမှု ၊ ကောက်ကျစ်ယုတ်မာမှု ၊အလေးမပေးမှုတို့ ဖြင့် ဆက်ဆံ ခဲ့ပါတယ်။  

ဆော်ဒီ၏ ဝါဒဖြန့်ချိ မှု တွင်  အမေရိကန်  နှင့် ဇီယွန် တို့ အရှေ့  ကမ္ဘာ့အစ္စလာမ် ၏ မျက်နှာ ကိုအရုပ်ဆိုး  အစွန်းအထင်း ဖြစ်သည့် ၎င်း၏ နိုင်ငံရေးသမားများ ပါ အပါ ၎င်းတို့၏ သီလ သမာဓိ မရှိသည့် ဟရာမ်စားနေကြသည့် မွဖ်သီများ ၊ ကျမ်းတော်မြတ်ကုရ်အာန် နှင့် စွန္နသ် တော်ကို ထင်ထင်ရှားရှား ဆန့်ကျင်နေသည်ဖသ်ဝါများကိုပေးနေသည့် မွဖ်သီများ ပါ ၊ပါဝင် လှုပ်ရှားနေကြ ပါတယ်။ တာဝန် ဝတ္တရား တောင် မုသား နှင့် လိမ်ပြောခြင်းကို အတားအဆီးမပြု နိုင်သည့် ဆော်ဒီ လက်ပါးစေ မီဒီယာ များလည်းဤနှစ် အီရန်နိုင်ငံသား ဟာဂျီများ ဟဂ်ျမလုပ်နိုင်သည့် ကိစ္စ နှင့်ပတ်သက်ပြီး အီရန် အစ္စလာမ္မစ်သမ္မတ  နိုင်ငံ ကို စွပ်စွဲ (အပြစ်တင်) သည့် ဆွေးနွေးမှုများ တင်ပြ ကြိုးစားနေပါတယ်။
ပြဿနာ ၊ဒုက္ခဖန်တီးရှင် ဆော်ဒီ အာဏာပိုင်များ အနေဖြင့် ရှိုင်တွာန် စိတ်ပါ သက်္ကဖီးရီး အုပ်စုများ ကို တည်ထောင် ခဲ့ပါတယ်။ ၎င်းတို့ကို အထောက်အကူများ ပံ့ပိုး၍ ကမ္ဘာ့ အစ္စလာမ့်ကို စစ်မြေပြင်ဖြစ်အောင် ၊အပြစ်မဲ့များအသတ်ခံရအောင် ၊ ဒဏ်ရာ ရအောင်ပြုနေပါတယ်။  ယီမင် ၊အီရတ် ၊ဆီးရီးယား ၊လစ်ဗျား နှင့် အခြား နိုင်ငံများ သွေး အိုင်ဖြစ်အောင် လုပ်ခဲ့ပါတယ်။ အလ္လာဟ် အရှင်မြတ်ကို  စိမ်းကားသူ ၊နိုင်ငံရေးသမား ဆော်ဒီ အနေဖြင့် ကိုလိုနီ နယ်ချဲ့ ဇီယွန် အစိုးကို မိတ်ဆွေပြုဖို့ လက်ကမ်းလှမ်းခဲ့ပါတယ်။
ပါလက်စတိုင်း နိုင်ငံသားများ၏ သောက၊ဒုက္ခ ၊ဝေဒနာ၊ဝမ်းနည်းပူဆွေးမှု (များ)ကို မမြင် မျက်ကွယ်ပြု နေကြပါတယ်။ မိမိတို့၏ ရက်စက် ယုတ်မာ ရာဇဝတ်မှုကို ဘာရိန်းနိုင်ငံ၏ ရွာများ မြို့ များအထိ ပြန့် လာခဲ့ပါတယ်။နှလုံးသား မရှိ ၊ဒီးန် မရှိ သည့်အာဏာရှင်ဆော်ဒီများ မှ ခါးသီး အဖြစ်ဆိုးလှသည့် မီနာ ဖြစ်ရပ်ကို ဖန်းတီးခဲ့ပါတယ်။ ဟရမ်မိုင်း ၏ အစေခံအဖြစ် အမည်ခံပြီး အလ္လာဟ် ဟို အရှင်မြတ်၏ ဟရမ် (အရိုအသေပေးရမည့်နေရာ) ကို မရိုမသေ၊ မလေးမစား ပြုခဲ့ကြပါတယ်။ ကုရ်ဘာနီအီးဒ်နေ့ တွင် ရဟ်မန်ဖြစ်တော်မူသည့် အလ္လာဟ် ဟို အရှင်မြတ် ၏ ဧည့်သည်တော်များ က မီနာ နှင့် မစ္စ်ဂျစ်ဒိုဟရာမ် တွင်သွေးမြေခစေခဲ့ပါတယ်။  အခု ဟဂ်ျကို နိုင်ငံရေး အသွင် ဆောင်လာအောင် ပြောနေပါတယ်။ မိမိကိုယ်တိုင်ကျူးလွန်းခဲ့သည့် အပြစ်များ ၊ ၎င်းအပြစ်များအတွက် အကြောင်းခံဖြစ်စေမှု ကို သူတစ်ပါးအပေါ် စွပ်စွဲ ပုံချနေပါတယ်။
ကျမ်းတော်မြတ်ကုရ်အာန် ၏ ထိုးဖောက်သိမြင်မှု အပြည့် ပါသည့် မိန့်တော်မူချက်
«وَإِذا تَوَلّىٰ سَعىٰ فِي الْأَرْضِ لِيُفْسِدَ فِيها وَيُهْلِكَ الْحَرْثَ وَالنَّسْلَ وَاللّهُ لا يُحِبُّ الْفَسادَ»(၅) «وَإِذا قِيلَ لَهُ اتَّقِ اللّهَ أَخَذَتْهُ الْعِزَّةُ بِالْإِثْمِ فَحَسْبُهُ جَهَنَّمُ وَلَبِئْسَ الْمِهادُ»(၆)
၏အပြည့်အဝ ပုံဆောင်နေပါတယ်။ သတင်း အထောက်အထားများအရ ယခုနှစ်လည်း အီရန် နိုင်ငံသား ဟာဂျီများ  နှင့်အခြား နိုင်ငံသားများ အပေါ် ဟဂ်ျမပြုနိုင်အောင် ပိတ်ဆို့ ထားပါတယ်။ ပြီးနောက် အခြားနိုင်ငံများ မှ ဟာဂျီများကို လည်း အမေရိကန် ၊ဇီယွန် အစ္စရေး အာဏာရှင်များ၏ လျှို့ဝှက်ထောက်လှမ်းရေးများ ၏ အကူအညီဖြင့် ပြုလုပ်ထားသည့် ထိန်းချုပ်မှုစနစ်  အတွင်း ထည့်ထားပါတယ်။ လုံခြုံ စိတ်ချရသည့် အလ္လာဟ် ဟို အရှင်မြတ် သခင်၏ အိမ်တော်ကို မလုံမခြုံ စိတ်မချရအောင် ပြုလုပ်လိုက်ပါတယ်။  

အစ္စလာမ့်ကမ္ဘာ ၊မွတ်စလင်မ် အစိုးရ နိုင်ငံများ နှင့် လူမျိုးများ အနေဖြင့် ဆော်ဒီ အစိုးရ ကို  သိကြပါ။ ၎င်း၏စော်ကားမရိုမသေပြုမှု၊ ဒီးန် မရှိမှု ၊ ရုပ်ပိုင်းဆိုင်ရာအလေးထားမှု၊ (အင်အားကြီး အနိုင်ကျင့် အင်အားများ၏ ) အမိန့်နာခံမှု ကို သေသေချာချာ နားလည်သိရှိအောင်ပြုရပါမည်။ ကမာ့္ဘ အစ္စလာမ့်အဆင့် အထိ ရာဇဝတ်မှုများ ကို  ကျူးလွန်ပါတယ်။ ဤ အတွက် ဤအစိုးရ ကို အလွတ်မပေးသင့်ပေ။ လုံးဝ လက်လွတ်ပေးလို့မရချေ။ အလ္လာဟ်ဟို အရှင်မြတ်၏ ဧည့်သည်တော် များ အပေါ် ရက်စက် ယုတ်မာနေသည့် အတွက် ဟရမ်မိုင်းနေရှရီဖိုင်း (မက္ကာဟ် နှင့်မဒီနာ ) ဟဂ်ျကိစ္စ စီစဉ်မှု ၊စီမံခန့်ခွဲမှုအတွက် ဖြေရှင်းပေးနိုင်ပြီး အခြေခံကြသည့် လမ်း တစ်ခုခု ရအောင် ကြိုးပမ်း ရပါမည်။ ဤတာဝန်ကို ပေါ့လျော့ မည်ဆိုလျှင်  မွတ်စလင်မ် လူထု အနေဖြင့် အနာဂတ် တွင် အခက်အခဲအကြပ်အတည်းများ ရင်ဆိုင်ရပေလိမ့်မည်။
မွတ်စလင်မ် ညီအစ်ကို မောင်နှမများခင်ဗျား ၊ ဤနှစ် ဟဂ်ျ ပြုသည့် ဂျမာအသ် အတွင်း စိတ်အား ထက်သန်ပြီး အေခ်လာစ် ရှိသည် အီရန်နိုင်ငံသား ဟာဂျီများ မပါတာကို တွေ့ရပါမယ်။ ဒါပေမဲ့ ၎င်းတို့ ၏ နှလုံးသား ဟာ  ကမ္ဘာဟာဂျီများ နှင့်အတူ ရှိပါတယ်။ ပြီးနောက်စိုးရိမ်နေကြပါတယ်။ ရှိုင်တွာန် များဖြစ်ပြီး မလ်အူးန် အမျိုးအနွယ် ဖြစ်သည့် ဆော်ဒီ အစိုးရ ၏ မည်သည့် အန္တရာယ် မှ မကျရောက်ဖို့ ဒိုအာပြုနေကြပါတယ်။မိမိ၏ သာသနာ ညီနောင်အီရန်နိုင်ငံသား ညီအစ်ကိုမောင်နှမ များကို  ဒိုအာများတောင်းခံချိန် ၊ အေဗါဒသ်များ ပြုချိန် နှင့်  တောင်းဆို ဒိုအာများ ပြုချိန်တွင် မဖြစ်မနေ သတိရပေးကြဖို့ မေတ္တာ ရပ်ခံ အပ်ပါတယ်။ အစ္စလာမ်မီ အသိုင်းအဝိုင်းများ ၏ အခက်အခဲများ အဆင်ပြေ အောင်၊ မွတ်စလင်လူထုကို ကြီးနိုင်ငယ်ညှဉ်း အင်အားများ ၊ဇီယွန်ဝါဒီများ ၎င်းတို့၏ မဟာမိတ်များ ၏ အန္တရာယ် (များ)မှ ဝေးကွာ ဖို့ ဒိုအာ ပြုပေးရန် မေတ္တာ ရပ်ခံပါတယ်။
ကျနော်အနေဖြင့် ပြီးခဲ့သည့် နှစ်မီနာ နှင့် မစ္စ်ဂျစ်ဒိုဟရာမ် ၏ရှဟီးဒ်တော်များ နှင့် ၁၉၈၇ခုနှစ် ၏ ရှဟီးဒ် တော်များကို လေးစား အရိုအသေပြုပါတယ်။ အလ္လာဟ်ဟို အရှင်မြတ်ထံ ၎င်းတို့၏ မဂ်ဖေရသ်) ၊ရဲဟ်မသ် ၊အဆင့်နေရာမြင့်မားဖို့  ဒိုအာ ပြုပါတယ်။ ဟဇရသ် အေမာမ်ဇမာန်း (အ.ဂျ) သခင်ကြီး အပါ်  သရူးဒ် နှင့်ဆလာမ် ဆက်သပါတယ်။  မွတ်စလင်မ်လူထု ကြီး အဆင့် အတန်းမြင့်မား ဖို့ ရန်သူများ၏ ပြဿနာရှာမှု ၊ အန္တရာယ်ပေးမှု မှ မွတ်စလင်မ်လူထုကြီး လွတ် မြောက် ဖို့အတွက် ဒိုအာပြုပါတယ်။
و بالله التوفیق و علیه التکلان
ဇိလ်ကအ်ဒဟ်လနောက်ဆုံးရက် ဟီဂျရီ ၁၄၃၇
ဆယက်ဒ်အလီခါမေနာအီ
(၁) စူရဟ်ဗကရဟ် ၊ အာယသ်တော်အမှတ် ၂၀၀
(၂) စူရဟ်ဗကရဟ် ၊ အာယသ်တော်အမှတ် ၂၀၃
(၃) စူရဟ်ဟဂ်ျ ၊ အာယသ်တော်အမှတ် ၂၅
(၄) စူရဟ်ဖာသ် ၊အာယသ်တော်အမှတ် ၂၉
(၅) စူရဟ်ဗကရဟ် ၊ အာယသ်တော်အမှတ် ၂၀၅
(၆) စူရဟ်ဗကရဟ် ၊ အာယသ်တော်အမှတ် ၂၀၆


=======================
251/End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Mourining of Imam Hossein
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky