အေမာမ် အလီရေဇာ (အ.စ) ၏ စံယူစရာ ဘဝခရီးများမှ တစ်ချို့

  • News Code : 660217
  • Source : ABNA သတင်းဌာန
Brief

ဆဖရ်လနောက်ဆုံးရက် တွင် အေမာမ် အလီရေဇာ (အ.စ) ၏ ရှဟာဒသ် ခံယူတော်မူသည့် နေ့ ဖြစ်ပါသည်။ အဗ်နာ စာဖတ်ပရိတ်သတ်များ အတွက် အေမာမ် အလီရေဇာ (အ.စ) ၏ စံယူစရာ ဘဝခရီးများမှ တစ်ချို့ ဘဝခရီး ကို တင်ဆက်လိုက်ပါသည်။ မိမိ အသိဥာဏ်နှင့် အညီ အောက်ဖော်ပြပါ ရီဝါယတ် ၂ခုမှ သင်ခန်းစာများ ဆောင်ရန် ရှောင်ရန် များ ရယူ နိုင်မည် ဖြစ်ပါသည်။


ဘဝတည်ဆောက်ပုံ တည်ဆောက်နည်း 


အီဗရာဟီးမ် ဗင် အဘာစ်တင်ပြ သည်မှာ - ကျွန်တော်အနေဖြင့် ဟဇရသ် အဗူလ်ဟစန် အလ်ရေဇာ (အေမာမ် ရေဇာ (အ.စ) ) ကို မည်သည့်အခါမျှ တစ်ဦး တစ်ယောက် နှင့် စကားပြောသည်အခါ မကြည်မလင် ရှိသည်ကို မမြင်ဘူးပါ ။ ပြီးနောက် မည်သူတစ်ဦးတစ်ယောက်၏ စကား ကိုဖြတ်ပြီး မိမိစကားကိုရှေ့ တင်ပြောခြင်းမတွေ့ရချေ။၊မည်သည့် လိုလားနေသူ၏ တောင်းဆိုမှု ကိုမှ မပယ်ချတော် မူချေ ၊ မိမိနှင့် အတူ ထိုင်နေသူများ အရှေ့ တွင် မည်သည့်အခါမှ ခြေဆင်း ထိုင်ခြင်း ကိုပြုတော်မမူတော်ချေ။ မိမိနှင့် အတူထိုင်နေသည့် အချိနတွင် မှီ၍ထိုင် ခြင်းမျိုး မရှိချေ။ ၊မိမိ ကျေးကျွန်များ မှ မည်သူကိုမျှ ငေါက်ငမ်းပြောဆိုခြင်းမရှိချေ။(လူကြားသူကြား၊လမ်းများပေါ် တွင်)   တံ့တွေးထွေးပြခြင်းမရှိချေ ၊ရယ်သည်အခါ အသံထွက်ဟား တိုက်ခြင်း မျိုးမရှိချေ။  ရယ်မောသည့်အခါ ပြုံးယုံ အထိသာ ဖြစ်ပေသည်။
အေမာမ် (အ.စ) သည် ထမင်းစားပွဲခင်းပေါ် ထိုင်သည့်အခါ  ကျေးကျွန်၊အစောင့် ၊မြင်းထိန်းသမား တို့နှင့် အတူ ထိုင်၍ ထမင်းသုံးဆောင်တော်မူ လေသည်။ အေမာမ် (အ.စ) သည် ညကို  အနည်းငယ်သာ အိပ်စက် တော် မူလေသည်။ များများနိုးထနေတော်မူလေသည်။မြောက်များစွာ သော ညများကို ည၏ ပထမ အချိန် မှ စ၍ မနက် အချိန် အထိ  မအိပ်စက်ဘဲ နေတော်မူလေသည်။ များသောအားဖြင့် ရိုဇာ ထားတော်မူလေ သည်။ လစဉ် လတိုင်း၏ ရိုဇာ သုံးရက် ကို မည်သည့် အခါမျှ ပျက်ကွက်ခြင်း မရှိဘဲ  ထားခဲ့လေသည်။ပြီးနောက်ဒီရိုဇာသည် ဆောင်မ်မိုဒ်ဒဲဟ် လို့ မိန့်တော်မူလေ၏။ အေမာမ်(အ.စ) သည် လူမသိရှင်မကြား တိုးတိုးတိတ်တိတ် ဆဒ်ကာပေးခြင်း၊ ကောင်းမှု ပြုခြင်းကို ပြုတော် မူလေသည်။ အကယ်၍ တစ်ဦးတစ်ယောက်မှ  ငါသည် အေမာမ်(အ.စ) ကဲ့သို့ ကြီးကျယ်မြင့်မြတ် သူတစ် ယောက်ယောက်ကို တွေ့ ဖူးသည် ဟုဆိုလျှင် ထိုသူသည် လူလိမ် လူညာ ဖြစ်ပေသည် ....သူပြောတာ မှန်တယ်လိုမယုံလိုက်ပါနဲ့ ......


ကျမ်းကိုး - ဗေဟာရွလ်အနဝါရ် အတွဲ ၅ စာမျက်နှာ ၈၈
…………………………………………………………..


စားလို့ ကျန်နေတဲ့ သစ်သီးဝလံ …


ဟဇရသ် အေမာမ်ရေဇာ (အ.စ)၏ ကျေးကျွန်တစ်ဦး ဖြစ်သူ ဂျနာဗ် ယာစေရ် တင်ပြသည်မှာ - တနေ့ အေမာမ် (အ.စ) ၏ ကျေးကျွန်များမှ သစ်သီး စားပြီးကျန်တာကို ပစ်ထုတ်လိုက်ကြလေသည်။ (ဆိုလိုသည်မှာ တစ်ဝက်ကိုစားပြီး ကျန်တစ်ဝက် ကိုပစ်ထုတ်လိုက်လေသည်။) ဟဇရသ် အေမာမ်ရေဇာ (အ.စ) တွေ့မြင်တော်မူကာ မိန့်တော်မူလေ၏ ….စိုဗ်ဟာနလ္လာဟ် … ဒီလိုလုပ်တာ ကောင်းလား ..ဘိုင်အကယ်၍ အသင် အတွက် မလိုအပ်ဘူးဆိုလျှင်လိုအပ်တဲ့ အလ္လာဟ်ရဲ့ အဖန်အဆင်းခံ ကျေးကျွန်တွေအများရှိနေတယ်လေ .... သူတို့ဒါမျိုး စားဖို့ မတတ်နိုင်ကြဘူးလေ…. (တစ်ဝက်ဘဲစား နိုင်လျှင် တစ်ဝက်ကိုဖယ်ပြီး) လိုအပ်တဲ့သူ(မစားနိုင်သူတွေ) ကို သွားပေးပါလေ….


ကျမ်းကိုး - ဗေဟာရွလ်အနဝါရ် အတွဲ ၅ စာမျက်နှာ ၉၉
…………………………………………………………..


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

We are All Zakzaky