ကရ်ဗလာ တွင် အသေခံ ဗုံးပေါက်ကွဲ မှု ဖြစ်ပွား ၊ ၈ ဦး ရှဟီးဒ် ဖြစ် + ဓာတ်ပုံ

  • News Code : 791972
  • Source : ABNA
Brief

သတင်းဌာနများ ၏ သတင်း အထောက်အထားအရ ကရ်ဗလာပြည်နယ်တွင် အသေခံ ဗုံးပေါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။၎င်း လူမဆန်သည့် ဤ လုပ်ရပ် ကြောင့် ၈ဦး ရှီးဒ် ဖြစ်သွားကြောင်း သတင်း ရရှိခဲ့ ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သတင်းအထောက်အထားများ အရ ယနေ့ အီရတ် သတင်းဌာနများမှ ကရ်ဗလာ ပြည်နယ် အနောက်ပိုင်း အန်နိုသမဲရ် ဒေသတွင် အသေခံ ဗုံးပါက်ကွဲမှု တစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။၎င်း လူမဆန်သည့် လုပ်ရပ်ကြောင့် ၈ဦး ရှဟီးဒ် ဖြစ်သွားကြောင်း သတင်းရရှိ ပါတယ်။  

သတင်းအထောက်အထားများ အရ ယနေ့ နီုဝင်ဘာ လ ၁၄ ရက်နေ့ မနက်အချိန်တွင် အန်နိုသမဲရ် ဒေသတွင် အသေခံ ဗုံးပါက်ကွဲမှု ပြုရန် အကြမ်းဖက်သမား ၆ ဦး ဝင်ရောက်ခဲ့ပါတယ်။ ၅ ဦးကို လုံခြုံရေး တပ်များ မှ ပါက်ကွဲမှု မပြုမည်အလျင် ဖမ်းချုပ် နိုင်ခဲ့ပါတယ်။ သို့သော် အကြမ်းဖက် တစ်ဦးမှ လုံခြုံရေးတပ်မှ လွတ်သွားပြီး မိမိကိုယ်ကို မြို့ အလယ်လူများ သည့် ကွင်းပြင် တစ်ခုတွင် ပါက်ကွဲခဲ့ပါတယ်။

အီရတ် ရုပ်မြင်သံကြားမှ ဒဏ်ရာ ရသူ အရေအတွက် ကို လက်ရှိ အချိန်အထိ ၆ ဦး ရှိကြောင်း  ပို၍ အရေအတွက် များ လာနိုင်ကြောင်း ပြောကြားထားပါတယ်။

အီရတ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ စအ်ဒ်မအ်န် မှ ကရ်ဗလာ ပြည်နယ် အနောက်ပိုင်း ရှိ အန်နိုသမဲရ် ဒေသရှိ အလ်ဂျေဟာဒ် ရပ်ကွပ် တွင် ခါးပါတ်ဝတ်ဗုံးများ တင်င်ပြီး အသေခံ တိုက်ဆိုက်မှု ပြုဖို့ သတင်း ထောက်လှမ်း နိုင်ခဲ့ကြောင်း လုံခြုံရေးတပ်များမှ ၎င်းတို့ နှင့် တိုက်ခိုက်မှုများပြုလုပ်ပြီး ၅ ဦး ကို ဖမ်းချုပ် နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းမှ ဆက်လက်ပြီး ၆ယောက်မြောက် အသေခံ ပါက်ကွဲသူ အား လုံခြုံရေး တပ်များမှ ဖမ်းချုပ်နိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ၎င်း မှ အိမ်တစ်အိမ် အတွင်း ဝင်ရောက် ပုန်း ပြီး ၎င်းနေရာတွင် မိမိကိုယ်ကို အသေခံ ပေါက်ကွဲ ခဲ့ကြောင်း ဤပေါက်ကွဲ ကြောင့် ၈ ဦး သေဆုံးပြီး ၆ဦး ဒဏ်ရာ ရခဲ့ကြောင်း ပြောကြားခဲပါတယ်။

အခြား သတင်းဌာန တစ်ခု ၏တင်ပြချက်အရ အန်နိုသမဲရ် ဒေသ သည် ကရ်ဗလာပြည်နယ် နှင့်  အလ်အန်ပါ ပြည်နယ် ၏ နောက်ဆုံးနပ်စပ်နေရာ ဖြစ်ပြီး  အသွား အလာ မထူထပ်သဖြင့် အီရတ် ၊အီရန် နှင့် အခြား နိုင်ငံများ မှ ကျဲဟ်လွန်မ် အေမာမ် ဟိုစိန် (အ.စ) ဇေယာရသ်ပြုသူ မိုအ်မင်များ တစ်ဦး တစ်ယောက်မှ ထိခိုက် သေဆုံးမှု မရှိ ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

အလ်ဂျဇီးရေဟ် သတင်းဌာန မှ  ဤ ဖောက်ခွဲမှု နှင့်ပတ်သက်ပြီး ၁၁ဦး သေဆုံးခဲ့ ကြောင်းသေုံးသူ၁၁ ဦး အနက်မှ ၅ ဦးမှာ လုံခြုံရေး တပ်သားများ ဖြစ်ကြောင်း ၊ အလ်အရဘီယေ သတင်းဌာနမှ လည်း သေဆုံးသူ ၁၂ ဦး ရှိ ကြောင်း သတင်းများ ကြေညာ ခဲ့ပါတယ်။  


========================
251/End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky