မရှ်ဟဒ် အဇါဒါရီ နှင့် ကြေကွဲမှုများဖြင့် ဖုံးလွမ်း

  • News Code : 795044
  • Source : ABNA
Brief


ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ ညသည် အီရန် အစ္စလာမ်မစ်သမ္မတ နိုင်ငံတွင် ရှက်ဗ် ဗေရှဟာဒသ် ဒေအေမာမ်ရေဇာ (အ.စ) အချိန်အခါ ဖြစ်၍ မရှ်ဟဒ်မြို့ နှင့် အီရန် တစ်နိုင်ငံလုံး အဇါဒါရီ နှင့် ကြေကွဲမှုများဖြင့် ဖုံးလွမ်း နေပါတယ်။ အထူးသဖြင့် အီရန် နိုင်ငံ နှင့်နိုင်ငံခြားမှ လာသည့်ဧည့်သည်များ ဖြင့် မရှ်ဟဒ် မြို့ ရှိ အေမာမ်ရေဇာ (အ.စ) ၏ ရောင်ဇာတော် အတွင်း လူပေါင်း သိန်းနှင့်ချီ၍ အဇါဒါရီ ပြုလုပ်ရန် ရောက်ရှိ နေပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ ညသည် အီရန် အစ္စလာမ်မစ်သမ္မတ နိုင်ငံတွင် ရှက်ဗ် ဗေရှဟာဒသ် ဒေအေမာမ်ရေဇာ (အ.စ) အချိန်အခါ ဖြစ်၍ မရှ်ဟဒ်မြို့ နှင့် အီရန် တစ်နိုင်ငံလုံး အဇါဒါရီ နှင့် ကြေကွဲမှုများဖြင့် ဖုံးလွမ်း နေပါတယ်။ အထူးသဖြင့် အီရန် နိုင်ငံ နှင့်နိုင်ငံခြားမှ လာသည့်ဧည့်သည်များ ဖြင့် မရှ်ဟဒ် မြို့ ရှိ အေမာမ်ရေဇာ (အ.စ) ၏ ရောင်ဇာတော် အတွင်း လူပေါင်း သိန်းနှင့်ချီ၍ အဇါဒါရီ ပြုလုပ်ရန် ရောက်ရှိ နေပါတယ်။

 

အနီးအဝေး မြို့များ မှ ခြေလျင် အေမာမ်ရေဇာ (အ.စ) ၏ဇေယာရသ်အတွက် လာကြသူများမရှ်ဟဒ် မြို့သို့ဆိုက်ရောက်လာကြပြီး ဖြစ်ပါတယ်။ ဒေသဆိုင်ရာ အစိုးရာ အုပ်ချုပ်သူများ ၏ ကြေညာချက်အရ အင်္ဂါနေ့ နေ့လည်အချိန် အထိ ခြေလျင် အေမာမ် ဇေယာ ရသ်ပြုရန် ရောက်ရှိလာသူ အရေအတွက်မှာ ၁သိန်း ၆သောင်း ကျော် ရှိကြောင်း သိရှိ ရပါတယ်။

အာဏာပိုင်များ အနေဖြင့် ခြေလျင် ဇေယာရသ် ပြုသူများ၏ အုပ်စုများ မှာ အဆက်မပြတ် ရောက်နေကြောင်း ၊ညအချိန် အထိ ခြေလျင် ဇေယာရသ်ပြုသူ အရေအတွက်မှာ ၂သိန်းခွဲ ခန့် အထိ ရောက်လာမည်ဖြစ်ကြောင်း အခြားတစ်ဖက်မှ လည်း ကုန်းလမ်း ၊လေလမ်းဖြင့် အေမာမ်ရေဇာ (အ.စ) ၏ဇေယာရသ် နှင့် အဇါဒါရီ အတွက် ရောက်နေကြောင်း ပြောကြားခဲ့ပါတယ်။

အေမာမ်ရေဇာ (အ.စ) ၏ရောင်ဇာ တော် အနီးတဝိုက် ဇေယာပြုသူများအဇါဒါရီပြု သူများ နှင့်ပြည့်လျက်ရှိပြီး လေးဖက်လေးရပ်မှ နောင်ဟာ သံများ မာတမ်ပြုလုပ်သံများ နှင့် ဟိန်း နေကြောင်း သိရှိရပါတယ်။

အေမာမ်ရေဇာ (အ.စ) ရှဟာဒသ် ကိုမနက်ဖန် ကျင်းပမှာဖြစ်ပါတယ်။ ရှဟာဒသ်နေ့ တွင် မနက် အစောပိုင်းတွင် ကြီးမားသည့်အတိုင်းအတာ ဖြင့် မဂ်ျလစ် တစ်ခု ကို ရောင်ဇာ တော် အနီးတွင် ကျင်းပမည် ဖြစ်ပါတယ် ။ ၎င်းမဂ်ျလစ်အတွင်း အိုလမာ အချို့ ၏ တရားရေအေးတိုက်ကျွေးမည့်အစီအစဉ်ပါရှိပါတယ်။ နိုင်ငံကျော် နောင်ဟာ ဖတ်သူ များ အနေဖြင့် လည်း နောင်ဟာ ဖတ်ကြမည် ဖြစ်ပါတယ်။

 

ကွမ်းမြို့ရှိ အေမာမ်ရေဇာ (အ.စ) ၏ နှမတော် ဟဇရသ် ဖွာတေမာမအ်စူမာ (စ.အ) ၏ရောင်ဇာတော်တွင်လည်း ထောင်ပေါင်းများစွာသော် အဇါဒါရီပြုလုပ်နေသူများ စုမိနေပြီး ဖြစ်ပါတယ်။ မဂ်ျလစ်များလည်း ကျင်းပနေကြပါတယ်။ နောင်ဟာ နှင့်မာတမ်များသံများမှာ လည်း ဟိန်းလျက် ရှိနေပါတယ်။

အီရန်နိုင်ငံ၏ မြို့တော် နှင့်အခြားမြို့များတွင်လည်း အေမာမ်ရေဇာ (အ.စ) ၏ရှဟာဒသ်အတွက် မဂ်ျလစ်များ ကျင်းပလျက်ရှိကြပါတယ်။ အင်န်ရှာအလ္လာဟ် ဗုဒဟူးနေ့ ညအထိ နောင်ဟာ နှင့်မာတမ်များ ၏ အစီအစဉ် ရှိနေမှာ ဖြစ်ပါတယ်။


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky