ထီးနန်းဆက်ခံမယ့် ဘုရင်ကို သောကြာနေ့မှာ ကြေညာသွားဖွယ်ရှိဟု ထိုင်းအစိုးရ ပြော

  • News Code : 786601
  • Source : mizzimaburmese
ထိုင်းနိုင်ငံရဲ့ အိမ်ရှေ့စံ မင်းသားကို သောကြာနေ့မှာ နိုင်ငံရဲ့ နောက်တက်မယ့် ဘုရင်အဖြစ် ကြေညာသွားဖွယ်ရှိတယ်လို့ ထိုင်းဝန်ကြီးချုပ်က တနင်္လာနေ့က ပြောပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ထိုင်းနိုင်ငံရဲ့ အိမ်ရှေ့စံ မင်းသားကို သောကြာနေ့မှာ နိုင်ငံရဲ့ နောက်တက်မယ့် ဘုရင်အဖြစ် ကြေညာသွားဖွယ်ရှိတယ်လို့ ထိုင်းဝန်ကြီးချုပ်က တနင်္လာနေ့က ပြောပါတယ်။

ထိုင်းဘုရင်မင်းမြတ် ဘူမိဘော အဒူရာဒတ်ဟာ ကာလရှည်နာမကျန်းဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်နေ့က နတ်ရွာစံခဲ့ပြီးနောက် (၈) ရက်အကြာမှာ အိမ်ရှေ့စံ မင်းသား မဟာဝါဇီရာလောင်ကွန်က ထီးနန်းဆက်ခံဖို့ ရှိနေတာဖြစ်ပါတယ်။

"ဒီကိစ္စအပေါ် ဘယ်သူမှ စိုးရိမ်ပူပန်မှု (သို့) သံသယ မဖြစ်သင့်ဘူး"လို့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်က ကက်ဘိနက် အစည်းအဝေးအပြီးမှာ Khaosod သတင်းဝက်ဘ်ဆိုက်ကို ပြောပါတယ်။

ထိုင်းဘုရင်မင်းမြတ် ဘူမိဘော နတ်ရွာစံပြီးနောက် (၇) ရက်နှင့် (၁၅) ရက်အကြားမှာ နောက်တက်မယ့် ထိုင်းဘုရင်သစ်ကို တရားဝင်ကြေညာမယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောဆိုထားပေမယ့် ဘုရင်မင်းမြတ်ရဲ့ ရုပ်ကလာပ်မီးသဂြိုလ်ပြီးထိတိုင် တရားဝင် နန်းတက်အခမ်းအနားမှာ ကြန့်ကြာနှောင့်နှေးနိုင်ဖွယ်ရှိနေပါတယ်။

နတ်ရွာစံသွားတဲ့ ဘူမိဘောရဲ့ နာရေးအခမ်းအနားမှာ ပြီးပြည့်စုံးဖို့ တစ်နှစ်အထိ ကြာမှာဖြစ်တဲ့အတွက် သက်တော် (၆၄)ရှိ ထိုင်းအိမ်ရှေ့စံမင်းသား မဟာဝါဇီရာလောင်ကွန်ရဲ့ နန်းတက်ပွဲဟာ ပုံမှန်ထက် ကြာရှည်နေအုံးမှာဖြစ်ပါတယ်။

ထိုင်းဘုရင်မင်းမြတ် ဘူမိဘော နတ်ရွာစံခဲ့ပြီး မင်းသားက ခမည်းတော်ဖြစ်သူအတွက် ပူဆွေးဝမ်းနည်းမှုအဖြစ် ထီးနန်းဆက်ခံဖို့ အချိန်ဆိုင်းထားလိုကြောင်းလည်း အာဏာပိုင်များက ပြောဆိုထားတာရှိပါတယ်။

လက်ရှိမှာ ယခင်ဝန်ကြီးချုပ်ဟောင်း ပရမ်တင်ဆူလန်နွန်ဒါက ရင်ခွင်ပိုက်အုပ်စိုးသူအဖြစ် တာဝန်ယူထားပါတယ်။

===================    
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Mourining of Imam Hossein
မွတ်စလင်မ် များ အတွက် အရေးအကြီးတကာ အကြီးဆုံးတာဝန်မှာ ပါလက်စတိုင်း ကို ကာကွယ်ရမည် ဖြစ်ပါတယ်
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky