ပြည်သူများ၏မျှော်လင့်ချက်များစွာထမ်းပိုးထားသည့် အရပ်သားအစိုးရသက်တမ်း(၂)နှစ်ပြည့်ချိန်တွင် နိုင်ငံတော်သမ္မတဦးထင် ကျော်အနားယူသွားပြီး ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က သမ္မတသစ်ဖြစ်လာသည်။ဦးဝင်း မြင့်၏နိုင်ငံရေးဖြတ်သန်းမှုများနှင့် ထက်ထက်မြက်မြက် လုပ်ကိုင် ဆောင်ရွက်တတ်သော အစဉ်အလာတို့ကြောင့် ဒီချုပ်အစိုးရ လက်ကျန်သက်တမ်းသုံးနှစ်တာကာလတွင် မည်သည့်အရာများ စွမ်း ဆောင်ပြမည်ကို ပြည်သူများက စောင့်မျှော်ကြည့်ရှုလျက်ရှိသည်။
ဆက်ဖတ် ရန် ...-
-
ဆေးများပိုနေကြောင်း ပြောဆိုခဲ့မှုအပေါ် ကျန်းမာရေးဝန်ကြီး ပြန်တောင်းပန်
April 11, 2018 - 10:38 PMရန်ကုန် ၊ ဧပြီ ၁၁ ။ ။ ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ ယမန်နေ့ ဧပြီလ ၁၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ဖြေဆိုခဲ့မှုများနှင့်ပတ်သက်ပြီး ပြည်သူများ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ပါက တောင်းပန်ပါသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၄င်း၏ Facebook လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။
ဆက်ဖတ် ရန် ... -
အဂတိလိုက်စားမှုကို မျက်နှာကြီးငယ်မလိုက် ပြတ်ပြတ်သားသားဆောင်ရွက်ရန် သမ္မတညွန်ကြား
April 11, 2018 - 10:28 PMအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ အဂတိလိုက်စားမှုတွေကို မျက်နှာကြီးငယ်မလိုက်၊ ဆူကြုံနိမ့်မြင့်မရွေး ပြတ်ပြတ်သားသား ဆောင်ရွက်သွားဖို့ သမ္မတ ဦးဝင်းမြင့်က ညွန်ကြားလိုက်ပါတယ်။
ဆက်ဖတ် ရန် ... -
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းသို့ သွားရောက်ကြည့်ရှု
April 11, 2018 - 10:15 PMဧပြီ ၁၁ ။ ။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးဟာ ယနေ့ ဧပြီ ၁၁ ရက်နေ့မှာပဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီ (ရိုဟင်ဂျာ) ဒုက္ခသည်စခန်းတွေအနက်က တစ်ခုကို သွားရောက်လေ့လာကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
ဆက်ဖတ် ရန် ... -
ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူး၊ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူး၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ဌာနေကိုယ်စားလှယ် (ယာယီ)နှင့်တွေ့
April 11, 2018 - 9:58 PM‘‘အာဏာကို ငြိမ်းချမ်းစွာ လွှဲပြောင်းပေးမှုကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ကူးပြောင်းမှုနဲ့ တည်ငြိမ်မှုတွေမှာ ရှေ့ဆက်တိုးတက်လျက်ရှိတယ်ဆိုတာ သက်သေပြနေပါတယ်’’
ဆက်ဖတ် ရန် ... -
ရခိုင်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီးအား စွပ်စွဲပြစ်တင်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း
April 10, 2018 - 9:24 PMရန်ကုန် ၊ ဧပြီ ၁၀ ။ ။ ရခိုင်ပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်းအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များမှ တိုင်ကြားလာခြင်းကြောင့် စုံစမ်းစစ်ဆေးရန် အဖွဲ့တစ်ဖွဲ့အား ရခိုင်ပြည်နယ်လွှတ်တော်က ယမန်နေ့ ဧပြီလ ၉ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်း လိုက်သည်။
ဆက်ဖတ် ရန် ... -
အစိုးရနှင့် ကေအန်ပီပီခေါင်းဆောင်များ လွိုင်ကော်တွင် တရားဝင်တွေ့ဆုံမည်
April 10, 2018 - 9:04 PMအစိုးရနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) ခေါင်းဆောင်တွေ လာမယ့် ဧပြီ ၂၃- ၂၄ ရက်နေ့တွေ လွိုင်ကော်မြို့မှာ တရားဝင် တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။
ဆက်ဖတ် ရန် ... -
အစိုးရဆေးရုံ၌ ဆေးများပို၍ သက်တမ်းကုန်ခြင်းများပင်ရှိဟု ကျန်းမာရေးဝန်ကြီး ဆို
April 10, 2018 - 8:45 PMရန်ကုန် ၊ ဧပြီလ ၁၀ ။ ။ အစိုးရဆေးရုံများတွင် ဆေးဝါးများ အလွယ်တကူမရရှိဟု ဆိုသည့်အချက်မှာ မဖြစ်နိုင်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးပြောဆိုလိုက်သည်။
ဆက်ဖတ် ရန် ... -
အသိုက်အ၀န်းများအကြား ပိုမိုသဟဇာတရှိစွာနေထိုင်စေရေး အစိုးရ၏ကြိုးပမ်းမှုများကို ကူညီပံ့ပိုးပေးရန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွ
April 10, 2018 - 8:28 PMမြန်မာနိုင်ငံရှိ အသိုက်အ ၀န်းများအကြား ပိုမိုကွဲပြားစေ မည့် လုပ်ရပ်များထက် ပိုမိုသဟ ဇာတရှိစွာ နေထိုင်လာနိုင်စေရန် အစိုးရ၏ကြိုးပမ်းများတွင် ကူညီ ပံ့ပိုးမှုများ ပေးအပ်ရန်လိုအပ် ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ပြောကြားသည်။
ဆက်ဖတ် ရန် ... -
ဖိလစ်ပိုင်သမ္မတဒူတာတီက ဘင်္ဂါလီဒုက္ခသည်များကိုလက်ခံမည်ပြောခြင်းမှာ အလေးအနက်ပြောခြင်းဟုဆို
April 9, 2018 - 9:29 PMမြန်မာနိုင်ငံမှ ထွက်ပြေးသော ဘင်္ဂါလီဒုက္ခသည်များ ကို ဖိလစ်ပိုင်သို့ လာရောက်ခိုလှုံခွင့်ပေးမည်ဟု သမ္မတရိုဒရီဂိုဒူတာ တီ၏ပြောဆိုမှုသည်အလေးအနက် ပြောကြားခြင်းဖြစ်သည်ဟုဖိ လစ်ပိုင်သမ္မတပြောရေးဆိုခွင့်ရှိ သူ ဟယ်ရီရိုကွေးက ဧပြီ ၈ရက် တွင်ပြောသည်။
ဆက်ဖတ် ရန် ... -
ယခင်အစိုးရလက်ထက်က သိမ်းဆည်းခံလယ်ယာမြေများအတွက် နစ်နာကြေးပေးအပ်
April 9, 2018 - 9:18 PMပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ သိမ်းဆည်းခံခဲ့ရတဲ့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်နဲ့ ဇမ္ဗူသီရိမြို့နယ်အတွင်းက လယ်ယာ မြေဧက ၅၀ နီးပါးအတွက် တောင်သူတွေကို နစ်နာကြေးပေးအပ်ပါတယ်။
ဆက်ဖတ် ရန် ... -
စစ်ကိုင်းတိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဝင်ရောက်မှု အားနည်းဟု ဝန်ကြီးချုပ်ဆို
April 9, 2018 - 9:03 PMဧပြီ၉ ရက် ။ ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ဝင်ရောက်မှု အင်မတန်နည်းနေသေးသည်ဟု ဝန်ကြီးချုပ်ဒေါက်တာ မြင့်နိုင်က ပြောကြားလိုက်သည်။
ဆက်ဖတ် ရန် ... -
မူးယစ်ဆေးဝါး၊ သစ်မှောင်ခိုလုပ်ငန်းများတွင် စစ်သည်နှင့် မိသားစုဝင်များ မပတ်သက်ရန် ဒုတပ်ချုပ်ပြော
April 9, 2018 - 8:48 PMမူးယစ်ဆေးဝါးနှင့် တ ရားမ၀င် သစ်မှောင်ခိုလုပ်ငန်းများ တွင် စစ်သည် မိသားစုဝင်များ ပါဝင်ပတ်သက်မှုမပြုရန် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
ဆက်ဖတ် ရန် ... -
ဒုက္ခသည် ပြန်လက်ခံရေး မြန်မာဘက်က အဆင်သင့်မဖြစ်သေးဟု ကုလပြော
April 8, 2018 - 7:47 PMဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ဒုက္ခသည်တွေကို ပြန်လည်ပို့ဆောင်ရေးအတွက် မြန်မာ အစိုးရဖက်က အဆင်သင့် မဖြစ်သေးဘူးလို့ ကုလသမဂ္ဂ လူသားချင်းစာနာမှု အရေးကိစ္စများ ဆိုင်ရာ လက်ထောက် အထွေထွေအတွင်းရေးမှူးချုပ်က ပြောပါတယ်။
ဆက်ဖတ် ရန် ... -
ဒီချုပ်ဗဟိုလူငယ်တာဝန်ခံအဖြစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏သမီး မမိုးဆန်းစုကြည်ရွေးချယ်ခံရ
April 8, 2018 - 7:37 PMအမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်ပါတီ၏ ဒုတိယအ ကြိမ် နိုင်ငံလုံးဆိုင်ရာလူငယ်ညီ လာခံကို ဧပြီ ၇ ရက်က နေပြည် တော်တွင် ကျင်းပခဲ့ပြီး ဗဟိုလူ ငယ်ဦးဆောင်အဖွဲ့တာဝန်ခံအ ဖြစ် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၏ သမီး မမိုးဆန်းစုကြည်ရွေးချယ်ခံရသည်။
ဆက်ဖတ် ရန် ... -
အစိုးရ နဲ့ KNPP တို့ ဧပြီလကုန်ပိုင်းတွင် တရားဝင်တွေ့ဆုံဆွေးနွေးသွားမည်
April 8, 2018 - 7:16 PMရန်ကုန် ၊ ဧပြီ ၈ ။ ။ အစိုးရနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ တရားဝင်တွေ့ဆုံဆွေးနွေးပွဲကို ယခုလ ဧပြီ ၂၀ ရက်နေ့ နောက်ပိုင်းတွင် ပြုလုပ်သွားမည်ဟုKNPP ဆက်ဆံရေးရုံး တာဝန်ခံ ခူညေးရယ်က မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။
ဆက်ဖတ် ရန် ... -
မန္တလေးတိုင်းလွှတ်တော်ရေးရာကော်မတီ ၁၃ ခု သက်တမ်းတိုးမည့် အစီအစဉ် ကိုယ်စားလှယ်တစ်ဦးက ကန့်ကွက်၍ ဆိုင်းငံ့
April 7, 2018 - 10:17 PMမန္တလေးတိုင်းဒေသကြီး လွှတ်တော်တွင် ဖွဲ့စည်းထား သည့် ရေးရာကော်မတီ ၁၃ ခု သက်တမ်းတိုးမြှင့်မည့်အစီအစဉ် ကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ကန့်ကွက်သဖြင့် ဆိုင်းငံ့ထားသည်။
ဆက်ဖတ် ရန် ... -
နိုင်ငံတော်သမ္မတသစ် ဦးဝင်းမြင့် ဂုဏ်ပြုညစာစားပွဲ ကျင်းပ
April 7, 2018 - 10:06 PMနိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရာထူးတာဝန် စတင်ထမ်းဆောင်တဲ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ဧပြီ ၆ ရက်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် မြက်ခင်းပြင်မှာ ကျင်းပခဲ့ပါတယ်။
ဆက်ဖတ် ရန် ... -
ဖားကန့် တံတားညီနောင် ၌ တပ်မတော်နဲ့ KIA တိုက်ပွဲဖြစ် ၊ အကျအဆုံးများရှိနေ
April 7, 2018 - 9:47 PMရန်ကုန် ၊ ဧပြီ ၇ ။ ။ ဖားကန့်လမ်းပေါ် တံတားညီနောင်၌ ယမန်နေ့ မတ်လ ၆ ရက်နေ့ နံနက်ပိုင်းက တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု KIA ဘက်က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။
ဆက်ဖတ် ရန် ... -
ကုလလက်ထောက် အထွေထွေအတွင်းရေးမှူး ကချင်စစ်ဘေးဒုက္ခသည်စခန်းအချို့သို့ သွားရောက်
April 7, 2018 - 9:32 PMကုလသမဂ္ဂလက် ထောက်အထွေထွေအတွင်းရေး မှူးနှင့် အရေးပေါ်ကယ်ဆယ်တုံ့ ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေး မှူး အာရ်ဆူလာမူလာသည် ဧပြီ ၆ ရက်တွင် ကချင်ပြည်နယ် ၀ိုင်း မော်မြို့ရှိ စစ်ဘေးရှောင်များနေ ထိုင်ရာ ဒုက္ခသည်စခန်းအချို့သို့ သွားရောက်ခဲ့ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိ နှိုင်းရေးမှူးရုံး(UNOCHA) မြန်မာ နိုင်ငံ ပြန်ကြားရေးအရာရှိက ပြောသည်။
ဆက်ဖတ် ရန် ... -
အန်အယ်ဒီအယ်ဒီစိုးရလက်ထက် ငွေဖောင်းပွမှုနှုန်း ကျဆင်း၊ ငွေကြေးတည်ငြိမ်အောင် ထိန်းထားနိုင်
April 6, 2018 - 11:15 PMအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရလက်ထက်မှာ ငွေကြေး တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ပြီး ငွေဖောင်းပွမှုနှုန်းလည်း ကျဆင်းသွားတယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောပါတယ်။
ဆက်ဖတ် ရန် ... -
ဘင်္ဂါလီဒုက္ခသည်များကို လက်ခံပေးလိုဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြောကြား
April 6, 2018 - 11:00 PMဧပြီ ၆ ။ ။ ဘင်္ဂါလီ (ရိုဟင်ဂျာ) ဒုက္ခသည်များကို ဖိလစ်ပိုင်က လက်ခံပေးလိုပါသည်ဆိုပြီး သမ္မတ ရိုဒရီဂို ဒူတာတေးက ပြောကြားသွားသည်ဟု သိရသည်။ ဆက်လက်ပြီးလည်း မြန်မာနိုင်ငံတွင် လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ပေါ်နေသည်ဟု ယုံကြည်ကြောင်းလည်း ၎င်းက ဆိုသွားသည်။
ဆက်ဖတ် ရန် ... -
ကုလလူသားချင်းစာနာမှုဆိုင်ရာ ဒုတိယအဆင့်အကြီးအကဲ ရခိုင်ပြည်နယ်သို့သွားရောက် ဒေသခံများ၊ တိုင်းရင်းသားများ၊ ဘင်္ဂါလီအချို့နှင့် တွေ့ဆံ
April 6, 2018 - 10:45 PMကုလသမဂ္ဂလက် ထောက်အထွေထွေအတွင်းရေး မှူးနှင့် အရေးပေါ်ကယ်ဆယ်တုံ့ ပြန်ရေးဆိုင်ရာ ဒုတိယညှိနှိုင်းရေး မှူး အာရ်ဆူလာမူလာသည် ရခိုင်ပြည်နယ်ရှိ အစ္စလာမ်ဘာသာဝင်များအတွက် ဆောက်လုပ် ထားသည့် ယာယီခိုလှုံတဲများသို့ ဧပြီ ၄ ရက်တွင် ရောက်ရှိကြောင်း ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားထုတ်ပြန်ခဲ့သည်။
ဆက်ဖတ် ရန် ... -
ကရင်အမျိုးသမီးနေ့ကျင်းပ၊ ထူးချွန်အမျိုးသမီး ၁၅၀ ကျော်ကို ဂုဏ်ပြု
April 5, 2018 - 8:45 PMကရင်အမျိုးသမီးအစည်းအရုံးရဲ့ ၃၃ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်ပွဲကို တောင်ငူ ခရိုင် ထန်းတပင်မြို့နယ်ရှိ ထိုလွီဝါး အထက်တန်းကျောင်းမှာ ဒီမနက် ပထမဆုံးအကြိမ်ကျင်းပပြီး ထူးချွန်စွာတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အမျိုးသမီး ၁၅၀ ကျော်ကို ဂုဏ်ပြုခဲ့ပါတယ်။
ဆက်ဖတ် ရန် ... -
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်းများသို့ သွားရောက်မည်
April 5, 2018 - 8:30 PMဧပြီ ၅ ။ ။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများဆီသို့ သွားရောက်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆက်ဖတ် ရန် ... -
ရွှေဗဟိုဈေးကွက် အကောင်အထည်ဖော်မည့်ပုံစံ ညှိနှိုင်းမရသေးကြောင်း ရန်ကုန်ရွှေအသင်းပြော
April 5, 2018 - 8:15 PMရွှေဗဟိုဈေးကွက် အ ကောင်အထည်ဖော်ရန် မြန်မာ နိုင်ငံ ရွှေလုပ်ငန်းရှင်အသင်းနှင့် ရန်ကုန်ရွှေလုပ်ငန်းရှင်များကြား အကောင်အထည်ဖော်မည့်ပုံစံကို ညှိနှိုင်း၍ မရသေးဟု ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
ဆက်ဖတ် ရန် ... -
ဝေဖန်အကြံပြုမှုများကို လေးစားသောကြောင့် ပါတီအမည်ထပ်ထည့်ပြီး မှတ်ပုံတင်ခြင်းဖြစ်ကြောင်း ဦးကိုကိုကြီးပြော
April 4, 2018 - 11:58 PMရန်ကုန် ၊ ဧပြီ ၄ ။ ။ ရှစ်လေးလုံးပါတီအမည်ကနေ ရှစ်လေးလုံးပြည်သူ့ပါတီအဖြစ် အမည်ပြောင်းလဲပြီး မှတ်ပုံတင်ခဲ့ခြင်းသည် ဝေဖန်အကြံပြုသူများအား လေးစားသောကြောင့် ဖြစ်သည်ဟု ပါတီဦးဆောင်တည်ထောင်သူ ဦးကိုကိုကြီးက မဇ္ဈိမသို့ ပြောသည်။
ဆက်ဖတ် ရန် ... -
တပ်မတော် တိုက်လေယာဉ်တစ်စီး တောင်ငူမြို့အနီး ပျက်ကျ လေယာဉ်မှူးသေဆုံး
April 4, 2018 - 11:43 PMတပ်မတော်(လေ)မှ တိုက်လေ ယာဉ်တစ်စီး လေ့ကျင့်ပျံသန်းနေစဉ် စက် ချွတ်ယွင်းပျက်ကျခဲ့ပြီး လေယာဉ်မှူး သေဆုံးသောဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေ ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ရုံးက သတင်းထုတ်ပြန်သည်။
ဆက်ဖတ် ရန် ... -
ငွေထုပ်ကြီးကြီးဖြင့် ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားသားစီးပွားရေးလုပ်ငန်းရှင်များကို ပြည်ပထွက်ခေါ်မည်ဟု ရန်ကုန်တိုင်းဝန်ကြီးချု
April 3, 2018 - 8:18 PMကျန်ရှိနေသည့် အစိုးရ သက်တမ်း သုံးနှစ်အတွင်း ငွေထုပ်ကြီးကြီးဖြင့် ရန်ကုန်မြို့တွင် လာ ရောက်ရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြား သားစီးပွားရေးလုပ်ငန်းရှင်များကို ပြည်ပထွက်၍ ခေါ်ဆောင်မည်ဟု ဧပြီ ၂ ရက်က မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံး၌ ပြုလုပ်သည့် ဒုတိယသမ္မတနှင့် စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
ဆက်ဖတ် ရန် ... -
ရခိုင်ပြည်နယ်ဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းရန်တွေ့ဆုံဆွေးနွေး
April 3, 2018 - 8:03 PMနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဆူရာကီရတ် ဆာသီရာထိုင်းဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီရဲ့ အကြံပေးအဖွဲ့တို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံပါတယ်။
ဆက်ဖတ် ရန် ...