တာချီလိတ်မြို့ရှိ ဟို တယ်များတွင် ကာစီနိုလောင်းက စားဝိုင်းများကို တရားဝင်ဖွင့်ခွင့် ပေးရန် ဒုတိယသမ္မတ၏ တာချီ လိတ်ခရီးစဉ်၌ ဟိုတယ်လုပ်ငန်း ရှင်များက တောင်းဆိုခဲ့သည်။
ဆက်ဖတ် ရန် ...-
-
အခွန်သက်သာခွင့်နှင့်ပတ်သက်၍ စီမံဘဏ္ဍာဒုဝန်ကြီး လွှတ်တော်တွင် ရှင်းလင်း မြုပ်နေသော ငွေများကြောင့် နိုင်ငံ့စီးပွားရေး ထိခိုက်စေဟုဆို
March 20, 2018 - 9:53 PMအခွန်ဘဏ္ဍာပိုမို ရရှိနိုင်မည့်အပြင် ရင်းနှီးမြှုပ်နှံမှု ကို အထောက်အကူပြုစေရန် ရည်ရွယ်၍ အခွန်သက်သာခွင့်ပြုပေး ရန် ဆောင်ရွက်ခဲ့ကြောင်း စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ရှင်းလင်းပြီး အစိုးရကတင် သွင်းသည့် ၂၀၁၈ ပြည်ထောင်စု အခွန်အကောက်ဥပဒေကြမ်းကို အတည်ပြုပေးရန် လွှတ်တော်သို့ တိုက်တွန်းသည်။
ဆက်ဖတ် ရန် ... -
ထွက်ပြေးတိမ်းရှောင်နေရသည့် ကရင်လူထု ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲကျင်းပ
March 20, 2018 - 9:43 PMလွန်ခဲ့တဲ့ သီတင်းနှစ်ပတ်လောက်က အစိုးရတပ်ရဲ့ တိုးချဲ့မှုကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရတဲ့ ကရင်ပြည်နယ် ဖာပွန်ခရိုင် လူသောမြို့နယ်က ဒေသခံတွေဟာ ငြိမ်းချမ်းရေးရဖို့အတွက် မနေ့က စုဝေးပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
ဆက်ဖတ် ရန် ... -
၂၀၁၈ အခွန်ဥပဒေအတည်ပြု ၊ အခွန်သက်သာခွင့်များမပါဝင်ဘဲ ယခင်နှစ်အတိုင်းသာ အခွန်ဆက်လက်ကောက်ခံမည်
March 20, 2018 - 9:27 PMရန်ကုန် ၊ မတ် ၂၀ ။ ။ ၂၀၁၈ ခုနှစ် အတွက် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ အား ပြည်ထောင်စုလွှတ်တော်၌ ဥပဒေကြမ်း တစ်ပိုဒ်ချင်း စီအလိုက် ဆွေးနွေးပြီး ယနေ့ မတ်လ ၂၀ ရက်နေ့တွင် အတည်ပြုလိုက်ပြီဖြစ်သည်။ ယနေ့ အတည်ပြုလိုက်သည့် အခွန်အကောက်ဥပဒေတွင် အခွန်သက်သာခွင့်အတွက် ပြင်ဆင်ချက်များ မပါရှိဘဲ အတည်ပြုလိုက်ခြင်းဖြစ်သည်။
ဆက်ဖတ် ရန် ... -
ရခိုင်စည်ပင်ဝန်ကြီးသစ် ကျမ်းသစ္စာ ကျိန်ဆို
March 20, 2018 - 9:12 PMနိုင်ငံတော်သမ္မတ က ခန့်အပ်တာဝန်ပေးခဲ့သည့် ရခိုင်ပြည်နယ် စည်ပင်သာယာ ရေးဝန်ကြီးသစ် ဦးဝင်းမြင့်သည် မတ်လ ၁၉ ရက်တွင် ကျင်းပ သည့် ပြည်နယ်လွှတ်တော်အ စည်းအဝေး၌ ကျမ်းသစ္စာကျိန် ဆိုခဲ့သည်။
ဆက်ဖတ် ရန် ... -
ရခိုင်အရေးနှင့်ပတ်သက်၍ မြန်မာအစိုးရကို ကူညီရန် သြစတြေးလျနှင့် အာဆီယံခေါင်းဆောင်များအား ဒေါ်အောင်ဆန်းစုကြည်ပြောကြား ရလဒ်တစ်ခုထွက်ေ
March 19, 2018 - 11:59 PMနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည်ရခိုင်ပြည်နယ်အရေးနှင့်ပတ်သက်၍ လူသားချင်းဆိုင်ရာ ကူညီထောက်ပံ့မှုများပေးရန်နှင့် ပြန်လည်ကောင်းမွန်ရေးကြိုးပမ်းနေသည့် မြန်မာအစိုးရကို ကူညီရန် သြစတြေးလျနှင့် အာဆီယံခေါင်းဆောင်များအား ပြောကြားကြောင်း The Guardian သတင်းဌာနက ယမန်နေ့တွင်ဖော်ပြသည်။ဆစ်ဒနီမြို့တွင် ကျင်းပနေသည့် အာဆီယံ - သြစတြေးလျ ထိပ်သီးအထူးအစည်းအဝေး တံခါးပိတ်ဆွေးနွေးပွဲ၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းသို့ပြောကြားခဲ့ပြီး အဆိုပါဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ်အရေးကို ဒေါ်အောင်ဆန်းစုကြည်က အချိန်ယူ၍ ကျယ်ပြန့်စွာ ပြောကြားခဲ့သည်ဟု သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွန်တန်ဘူလ်ကပြောသည်။
ဆက်ဖတ် ရန် ... -
ဂျပန်-မြန်မာ နှစ်နိုင်ငံ SME စီးပွားရေးလုပ်ငန်းရှင်များတွေ့ဆုံ
March 19, 2018 - 11:50 PMဂျပန်နိုင်ငံ Japan – Myanmar Economy & Investment Center (JMEIC) နဲ့ UMFCCI အသင်းချုပ်တို့ ပူးပေါင်းပြီး “ဂျပန်-မြန်မာ ၂ နိုင်ငံ SME စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ပွဲကို မတ်လ ၁၉ ရက်က ရန်ကုန်မြို့ ကုန်သည်နှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှာ ကျင်းပပါတယ်။
ဆက်ဖတ် ရန် ... -
ဒေါ်အောင်ဆန်းစုကြည်အား သြစတြေးလျပါလီမန်တွင် ကြိုဆို
March 19, 2018 - 11:43 PMမတ် ၁၉ ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၉ ရက်က သြစတြေးလျ ပါလီမန်လွှတ်တော်သို့ ရောက်ရှိခဲ့ရာ သြစတြေးလျ ၀န်ကြီးချုပ် မယ်လ်ကွန် တန်းဘူးလ်က ကြိုဆိုခဲ့သည်။ ယင်းနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူခဲ့သည်။
ဆက်ဖတ် ရန် ... -
သြစတြေးလျသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်ကို ဦးဝင်းထိန်သွားရောက်တွေ့ဆုံ
March 19, 2018 - 11:32 PMနိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေစဉ် ဒီချုပ်ထိပ်ပိုင်း ခေါင်းဆောင် ဦးဝင်းထိန်ကို ယမန်နေ့က လက်ခံတွေ့ဆုံသည်။
ဆက်ဖတ် ရန် ... -
ဒေါ်အောင်ဆန်းစုကြည် အာဆီယံ-သြစတြေးလျထိပ်သီး အစည်းအဝေးသို့ တက်ရောက် ဒေါ်အောင်ဆန်းစုကြည်နှင့် အာဆီယံခေါင်းဆောင်အချို့ ဆန္ဒပြခံရ
March 18, 2018 - 9:42 PMနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့က ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့သို့ရောက်ရှိပြီး အာဆီယံ-ဩစတြေးလျ အထူးထိပ်သီးအ စည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကသတင်းထုတ်ပြန်သည်။
ဆက်ဖတ် ရန် ... -
ငြိမ်းချမ်းရေးကြေညာခြင်းနှင့်စစ်ရပ်စဲခြင်းကြေညာစာတမ်း (DPCW) ကို ကမ္ဘာ့ကုလသမဂ္ဂသို့ တင်သွင်းမည်
March 18, 2018 - 9:21 PMရန်ကုန်၊ မတ် ၁၇ ။ ။ နိုင်ငံတကာငြိမ်းချမ်းလုပ်ငန်းများ ဆောင်ရွက်နေသည့်အဖွဲ့တစ်ခုဖြစ်သည့် ကိုရီးယားနိုင်ငံ အခြေစိုက် HWPL ဆိုသည့်အဖွဲ့မှနေ၍ ဦးဆောင်ရေးဆွဲထားပြီး ၁၀ ချက်ပါဝင်သည့် ငြိမ်းချမ်းရေးကြေညာခြင်းနှင့် စစ်ရပ်စဲခြင်း ကြေညာစာတမ်း (DPCW) ကို ကမ္ဘာ့ကုလသမဂ္ဂသို့ တင်သွင်းသွား မည် ဖြစ်ကြောင်း HWPL ၏ လူထုဆက်ဆံရေးသံသမန် ဒေါက်တာသာဥာဏ်က ပြောသည်။
ဆက်ဖတ် ရန် ... -
တရားရုံးချုပ်ရှေ့နေများ (ဘားကောင်စီ) အက်ဥပဒေ ပြင်ဆင်ရေး ဆွေးနွေး
March 18, 2018 - 9:05 PMမြန်မာနိုင်ငံမှာ ရှေ့နေတွေ အကာကွယ်ပြန်ရဖို့ တရားရုံးချုပ်ရှေ့နေများ (ဘားကောင်စီ) အက်ဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် ရှေ့နေတွေ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ MAHAR AHKHAYAR LAW FIRM မှာ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။
ဆက်ဖတ် ရန် ... -
ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံသို့ ယနေ့သွားမည်
March 16, 2018 - 8:48 PMနိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယနေ့(မတ်လ ၁၆ ရက်) တွင် သြစတြေးလျနိုင်ငံသို့ သွား ရောက်မည်ဖြစ်ကြောင်း အတိုင် ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောသည်။
ဆက်ဖတ် ရန် ... -
ဦးဝင်းထိန် အန်အယ်လ်ဒီပါတီမှ နုတ်ထွက်ခွင့်တင်
March 16, 2018 - 8:35 PMအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့ ဦးဝင်းထိန် ပါတီကနေ နုတ်ထွက်စာတင်ထားတယ်လို့ ဗဟိုပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းက ပြောပါတယ်။
ဆက်ဖတ် ရန် ... -
ဖာပွန်ခရိုင်အတွင်းရှိ အစိုးရတပ်များ ပြန်လည်ဆုတ်ခွာပေးရန် KNU တောင်းဆို
March 16, 2018 - 8:18 PMရန်ကုန် ၊ မတ် ၁၆ ။ ။ ကရင်ပြည်နယ် ၊ ဖာပွန်ခရိုင် KNU ထိန်းချုပ်နယ်မြေအတွင်း၌ လမ်းဖောက်လုပ်ရန် စေလွှတ်ထားသည့် အစိုးရတပ်များ အား ပြန်လည်ရုပ်သိမ်းပေးရန် ကရင်အမျိုးသားအစည်းအရုံး (KNU) က တောင်းဆိုလိုက်သည်။
ဆက်ဖတ် ရန် ... -
နိုင်ငံတကာပါလီမန် ညီလာခံ၏ ရခိုင်အရေး ဆုံးဖြတ်ချက်ကို ပြည်ထောင်စုလွှတ်တော် ကန့်ကွက်
March 16, 2018 - 8:03 PMနိုင်ငံတကာပါလီမန်များအဖွဲ့ ညီလာခံက အတည်ပြုခဲ့သည့် ရခိုင်ပြည်နယ်အရေး ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်း ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ခဲ့သည်။
ဆက်ဖတ် ရန် ... -
မွန်ကိုယ်စားပြုပါတီထူထောင်ရေး မွန်ပြည်သစ်ပါတီနှင့် ပါတီပေါ်ထွန်းရေး ၂၁ ဦးအဖွဲ့ တွေ့ဆုံဆွေးနွေး
March 15, 2018 - 8:48 PMမွန်အမျိုးသားကိုယ် စားပြုပါတီတစ်ခု ဖွဲ့စည်းဖော် ဆောင်နိုင်ရေးအတွက် ယင်းပါတီ ပေါ်ထွန်းလာရေး အကောင်အ ထည်ဖော်နေသည့် ၂၁ ဦးအဖွဲ့နှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ရေးထိုးထားသည့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံဆွေးနွေးခဲ့ သည်။
ဆက်ဖတ် ရန် ... -
မွန်ပြည်သစ်ပါတီ နှင့် ကေအန်ယူ ပဋိပက္ခလျော့ချရေး ဆွေးနွေး
March 15, 2018 - 8:37 PMမွန်ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့အကြား ပဋိပက္ခလျော့ချရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဆက်ဖတ် ရန် ... -
ရခိုင်ပြည်နယ် တိုက်ခိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်ပြီး လူ ၃၀၀ကျော်ကို ဖမ်းဆီးထား
March 15, 2018 - 8:27 PMရန်ကုန် ၊ မတ် ၁၅ ။ ။ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး လူ ၃၈၄ ယောက် ကို ဖမ်းဆီးထားကာ အကြမ်းဖက်မှုဥပဒေ ၊ လူသတ်မှု ၊ မုဒိမ်းမှု ၊ လ၀ကမှု ၊ မတရားအသင်းဆက်သွယ်မှု စတဲ့ အမှုများဖြင့် တရားစွဲဆိုထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဆက်ဖတ် ရန် ... -
အိမ်အကူမျက်နှာ အက်စစ်ဖြင့်ပက်ပြီး ရှစ်နှစ်ကြာပိတ်လှောင်ခဲ့သူ အမျိုးသမီးနှစ်ဦးကို ခရိုင်တရားရုံးတွင် တရားစွဲဆိုမည်
March 15, 2018 - 8:08 PMမန္တလေးမြို့ ချမ်းမြသာ စည်မြို့နယ် ကန်သာယာရပ် ကွက်ရှိ နေအိမ်တွင် အိမ်အကူ မျက်နှာကို အက်စစ်ဖြင့်ပက်ကာ အခန်းတွင်း ရှစ်နှစ်ကြာပိတ် လှောင်နှိပ်စက်သည့် အမျိုးသမီးနှစ်ဦးကို မြို့နယ်တရားရုံး၌ ဒုတိယအကြိမ်ရုံးထုတ်ရမန်ယူပြီး မတ်လ ၂၆ ရက်တွင် မန္တလေးခရိုင်တရားရုံး၌ စတင်တရားစွဲဆိုမည်ဟု တရားရုံး သတင်းပြန်ကြား ရေးအရာရှိ ဦးကျော်စွာလင်းက ပြောသည်။
ဆက်ဖတ် ရန် ... -
ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျနိုင်ငံသို့ သွားရောက်မည်
March 14, 2018 - 10:29 PMနိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် အာဆီယံ-သြစတြေးလျ အထူးထိပ်သီး အစည်းအဝေး တက်ရောက်ရန် သြစတြေးလျနိုင် ငံသို့ သွားရောက်မည်ဖြစ်ကြောင်း အတိုင်ပင်ခံရုံးက သတင်းထုတ် ပြန်သည်။
ဆက်ဖတ် ရန် ... -
ရခိုင်ပြည်နယ်အတွင်းမှ နေရပ်စွန့်ခွာရှောင်ပြေးသူ ၅ သိန်းကျော် ရှိနေ
March 14, 2018 - 10:14 PMနေပြည်တော် ၊ မတ် ၁၄ ။ ။ ရခိုင်ပြည်နယ်အတွင်းမှ ပဋိပက္ခဖြစ်စဉ်များကြောင့် နေရပ်စွန့်ခွာ ရှောင်ပြေးနေသူ ဘင်္ဂါလီ လူဦးရေ ၅ သိန်းကျော် ရှိနေသည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောသည်။
ဆက်ဖတ် ရန် ... -
တရုတ်သံအမတ်ကြီးနှင့် စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စ တံခါးပိတ်ဆွေးနွေး
March 14, 2018 - 9:54 PMမတ်လ ၁၄ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်ကစတင်ကာ တရုတ်သံအမတ်ကြီး ဟုန်လျန်ဦးဆောင်တဲ့အဖွဲ့နှင့် စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့တို့ တိုင်းအစိုးရရုံးမှာ ၁နာရီကျော်ကြာ တံခါးပိတ်ဆွေးနွေးခဲ့ပါတယ်။
ဆက်ဖတ် ရန် ... -
မြန်မာနိုင်ငံတွင် အမှန်တကယ်နေထိုင်ခဲ့သည့် ဒုက္ခသည် ၃၀၀ ကျော်စာရင်း ဘင်္ဂလားဒေ့ရှ်သို့ ပေးပို့ထား
March 13, 2018 - 11:50 PMရန်ကုန် ၊ မတ် ၁၃ ။ ။ မြန်မာနိုင်ငံဘက်တွင် အမှန်တကယ်နေထိုင်ခဲ့သူများ ဖြစ်သည်ဟု မြန်မာအစိုးရဘက်က အတည်ပြုပြီးနောက် ဒုက္ခသည် ၃၀၀ ကျော်စာရင်းအား ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ပြန်လည်ပေးပို့ထားသည်ဟု လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဒေါက်တာဝင်းမြတ်အေးက မဇ္ဈိမသို့ ပြောသည်။
ဆက်ဖတ် ရန် ... -
ကရင်ပြည်နယ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကူညီပေးရေး အိန္ဒိယသံအမတ်ကြီးနှင့် ၀န်ကြီးချုပ် ဆွေးနွေး
March 13, 2018 - 11:42 PMကရင်ပြည်နယ်အတွင်း အိန္ဒိယနိုင်ငံက ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းတွေ ကူညီထောက်ပံ့မှုပေးနိုင်ရေးအတွက် ၀န်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ အိန္ဒိယသံအမတ်ကြီးတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ဆက်ဖတ် ရန် ... -
ရခိုင်ပြည်နယ်က ဖြစ်စဉ်များနှင့်ပတ်သက်၍ တာဝန်ခံမှုရှိရေး ကုလအထူးကိုယ်စားလှယ် တောင်းဆို
March 13, 2018 - 11:25 PMဂျီနီဗာ၊ မတ် ၁၃ ။ ။ ရခိုင်ပြည်နယ်က ဖြစ်စဉ်ဖြစ်ရပ်တွေမှာ လူမျိုးတုံးသတ်ဖြတ်မှု ၀ိသေသလက္ခဏာရပ်တွေ ပါနေတယ်လို့ ခုချိန်မှာ ပိုပိုပြီး ထင်မြင်ယူဆလာမိနေကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးအစီရင်ခံစာတင်သွင်းသူ မစ္စ ယန်ဟီးလီက မတ်လ ၁၂ ရက် လူ့အခွင့်အရေးကောင်စီမှာ ပြောကြားသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အဆိုပါ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေကို တာဝန်ခံခိုင်းဖို့ကိုလည်း သူမက တောင်းဆိုသွားခဲ့ပါတယ်။
ဆက်ဖတ် ရန် ... -
ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေး
March 13, 2018 - 11:10 PMပုဂ္ဂလိကနှင့် အစိုးရ ကဏ္ဍများတွင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန် နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ သည် မတ်လ ၁၂ ရက်က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက သတင်းထုတ်ပြန်သည်။
ဆက်ဖတ် ရန် ... -
ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်ထူးဆောင်ဆု ပြန်ရုတ်သိမ်းရန် အမေရိကန်အမတ်များ စဉ်းစားနေ
March 12, 2018 - 10:55 PMမတ် ၁၂ ။ ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နိုဗယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်ထားသည့် ဂုဏ်ထူးဆောင်ဆုတံဆိပ် Congressional Gold Medal ကို ပြန်ရုတ်သိမ်းရန် အမေရိကန် ဒီမိုကရက်တစ်အမတ်တစ်ချို့ စဉ်းစားနေလျက်ရှိကြောင်း The Hill ၀က်ဆိုဒ်တွင် ဖော်ပြထားသည်။
ဆက်ဖတ် ရန် ... -
ကျောင်းသားသမဂ္ဂ၀င်ဖြစ်နေ၍ တပ်မိသားစုဝင်တဦး တပ်ထဲ ၀င်ခွင့်ပိတ်ပင်ခံရ
March 12, 2018 - 10:45 PMမကွေးတိုင်းဒေသကြီး ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ကိုသက်မောင်မောင်ကို ဖခင်ဖြစ်သူ တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော် အဝန်းအဝိုင်းထဲ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း သိရှိရပါတယ်။
ဆက်ဖတ် ရန် ... -
နိုင်ငံတကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးတွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရန် လွှတ်တော်သဘောတူ
March 12, 2018 - 10:30 PMနေပြည်တော်၊ မတ်လ ၁၂ ။ ။ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် အာဆီယံ-သြစတြေးလျ နိုင်ငံတကာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ပူးပေါင်းမှု နားလည်မှု စာချွန်လွှာအား မြန်မာနိုင်ငံမှ ပါဝင်ရေးထိုးရေး ကိစ္စကို ယနေ့ ပြည်ထောင်စုလွှတ်တော် တွင် သဘောတူညီခဲ့ကြသည်။
ဆက်ဖတ် ရန် ...