ရွှေဖိုးခေါင်အမည်ဖြင့် ရေးသားထားသော စာအုပ်နှင့်ပတ်သက်၍ တရားစွဲရန်မရှိဟု ဦးဝင်းထိန်ပြော

  • News Code : 804780
  • Source : 7days
Brief



ရွှေဖိုးခေါင်က လောင်အမည်ဖြင့် ရေးသားထား သော စာအုပ်နှင့်ပတ်သက်၍ ရေး သားသူကို ဥပဒေကြောင်းအရ တ ရားစွဲဆိုရန် အစီအစဉ်မရှိကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦး ဝင်းထိန်က ပြောသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 ရွှေဖိုးခေါင်က လောင်အမည်ဖြင့် ရေးသားထား သော စာအုပ်နှင့်ပတ်သက်၍ ရေး သားသူကို ဥပဒေကြောင်းအရ တ ရားစွဲဆိုရန် အစီအစဉ်မရှိကြောင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦး ဝင်းထိန်က ပြောသည်။


‘‘အလကားရှုပ်တယ်။ ဥပဒေကြောင်းအရ ပြုလုပ်မယ်ဆိုရင် လည်း သူ့ကို တွန်းတင်သလိုဖြစ် သွားမှာပေါ့’’ဟု ဥပဒေကြောင်းအ ရ တုံ့ပြန်ရန် ရှိ၊ မရှိ မေးမြန်းမှုအ ပေါ် ဦးဝင်းထိန်က ပြန်လည်ဖြေ ကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါစာအုပ်တွင် ‘‘ပြည် သူ့နှလုံးသားထဲက မဟာသမ္မတ မင်း ဒေါ်အောင်ဆန်းစုကြည်၏အ နီးက မိုးကျရွှေကိုယ် မင်းမြှောင် မိစ္ဆာ မိတ္ထီလာဝင်းထိန်’’ဟု ရွှေဖိုး ခေါင်အမည်ဖြင့် ရေးသားဖော်ပြ ထားသည်။

‘‘ကိုယ်လုပ်စရာရှိတာ လုပ် တာ ထိခိုက်စရာအကြောင်းမရှိ ဘူး။ အဲဒီလူနာမည်က ဦးအောင် ရိတဲ့။ အသက်က (၇၀)ကျော်ပြီ။ ဒီအသက်အရွယ်တောင် မနာလို စိတ်နဲ့ရေးတယ်ဆိုတော့ ဒီလူအ မြင်ကတ်ဖို့အတွက်ကို သနားစရာ ကောင်းသွားပြီ။ ဖတ်ကြည့်လိုက်။အဲဒီအထဲ ဘာတွေပါလဲ’’ဟု ဦး ဝင်းထိန်က မီဒီယာများ၏မေးမြန်း မှုကို ပြန်လည်ဖြေကြားသည်။

ထို့အပြင် ယင်းစာအုပ်ကို ၎င်းကိုယ်တိုင်လည်း ဖတ်ရှုရခြင်း မရှိသေးကြောင်း ဆက်လက်ပြော ကြားသည်။

‘‘သူများပြောတာပဲ သိသေး တာ။ သူ့ကို လူချင်းသိတယ်။ သူ့ ကို ရိုင်းရိုင်းပျပျပြောလို့ ရေးတာ တဲ့ဆိုတော့ ကျွန်တော် ယဉ်ကျေး ရမယ့်သူကို ယဉ်ကျေးတယ်။ ဆဲ ရမယ့်သူဆို ဆဲတယ်။ ဒါပဲ’’ဟု ဦးဝင်းထိန်က ဆိုသည်။

ဆရာမွေး တပည့်မွေး ရင် ကြားမစေ့ ရင်ကြားခွဲ အုပ်စုဖွဲ့ ကုလားထိုင်လု နိုင်ငံရေးလူညစ် ပတ်များကို အမှိုက်ကောက်ပစ် မယ်ဟုလည်း အဆိုပါစာအုပ်တွင် ရေးသားဖော်ပြထားသည်။

===================  
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Prophet's birthday celebrations
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
بی کفایتی آل سعود
We are All Zakzaky