ဒုသမ္မတ ဦးမြင့်ဆွေနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ ရန်ကုန်တွင်တွေ့ဆုံဆွေးနွေး

  • News Code : 804788
  • Source : dvb
Brief



နိုင်ငံတော်ဒုသမ္မတ ဦးမြင့်ဆွေနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေ ဒီကနေ့ ရန်ကုန်မြို့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)ရုံး မှာတွေ့ဆုံပြီး တရားမဝင်ငွေကြေးလဲလှယ်မှု ပပျောက်ရေးအပါအ၀င် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေဆွေးနွေးခဲ့ကြပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 
နိုင်ငံတော်ဒုသမ္မတ ဦးမြင့်ဆွေနဲ့ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေ ဒီကနေ့ ရန်ကုန်မြို့  ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)ရုံး မှာတွေ့ဆုံပြီး တရားမဝင်ငွေကြေးလဲလှယ်မှု ပပျောက်ရေးအပါအ၀င် နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲမှာ စီးပွားရေးလုပ်ငန်းရှင်တွေ တိုင်းပြည် ဖွံ့ဖြိုးရေးမှာ ပူးပေါင်းဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ SMEs ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမဝင်ကုန်စည်စီးဆင်းမှု ပပျောက်ရေး၊ ငွေကြေးဖောင်းပွတာတွေထိန်းချုပ်ရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေး၊ ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်း ပိုမိုဖွံ့ဖြိုးလာဖို့၊ ရန်ကုန်မြို့သစ်စီမံကိန်းနဲ့ ပို့ကုန်ကဏ္ဍတိုးမြှင့်ရေးစတာတွေလည်း ဆွေးနွေးခဲ့ပါတယ်။

ဒီတွေ့ဆုံမှုဟာ ဒုတိယအကြိမ်မြောက်တွေ့ဆုံတာဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း၊ ဟိုတယ်နှင့်ခရီးသွား ဝန်ကြီး ဦးအုန်းမောင်နဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတို့ လည်း တက်ရောက်ကြပါတယ်။

ပထမအကြိမ်တွေ့ဆုံမှုကို ၂၀၁၆ဒီဇင်ဘာလက ကျင်းပခဲ့ပြီး နိုင်ငံတော်ဒုတိယသမ္မတနဲ့ စီပွားရေးလုပ်ငန်းရှင်တွေ လစဉ်ပုံမှန်တွေ့ဆုံသွားဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

===================  
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Prophet's birthday celebrations
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
بی کفایتی آل سعود
We are All Zakzaky