ဝေဖန်မှုများရှိသော်လည်း အများပိုင်ဘတ်စ်ကားစနစ် အောင်မြင်ရန် ယုံကြည်ဟု ဦးဖြိုးမင်းသိန်းပြောကြား

  • News Code : 804791
  • Source : 7days
Brief

အများပိုင်ဘတ်စ်ကား စုပေါင်းပြေးဆွဲမည့် စနစ်နှင့်ပတ်သက်၍ ဝေဖန်မှုများရှိနေသော်လည်း မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မည်ဟု ယုံ ကြည်မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အများပိုင်ဘတ်စ်ကား စုပေါင်းပြေးဆွဲမည့် စနစ်နှင့်ပတ်သက်၍ ဝေဖန်မှုများရှိနေသော်လည်း မျှော်မှန်းထားသည့်အတိုင်း အောင်မြင်မည်ဟု ယုံ ကြည်မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

အများပိုင်ဘတ်စ်ကား စုပေါင်းပြေးဆွဲမည့် စနစ်တွင် စေတနာ့ဝန်ထမ်းအဖြစ် ပူးပေါင်းပါဝင် မည့်သူများနှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးတွင် ဇန်နဝါရီ ၁၃ ရက်က တွေ့ဆုံစဉ် ရန်ကုန် တိုင်းဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားခြင်းဖြစ် သည်။

‘‘ကျွန်တော်တို့နဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ပြန်ပြီးကြားနေရ တာတွေရှိပါတယ်။ ချက်ချင်း ချက်ချင်းလုပ်ဖို့ပဲရှိတယ်။ ဒီကိစ္စကို မေလလောက်ကတည်း က စတင်လုပ်ဆောင်နေတာပါ။ မထသမှာရှိတဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နဲ့ ယာဉ်ပိုင် ရှင်တွေ ဆွေးနွေးခဲ့ပါတယ်။ အခု လုပ်မယ်ဆိုတော့လည်း ကွီးဖြိုး က လုပ်ချလိုက်ပြန်ပြီဆိုပြီး ပြော တာတွေရှိပါတယ်’’ဟု ၎င်းက ပြောသည်။

ယခု ဘတ်စ်ကားပြေးဆွဲမှု ကို ပြောင်းလဲမှုပြုလုပ်ခြင်းသည် လည်း စနစ်ကိုသာ စတင်ပြောင်း လဲခြင်းဖြစ်ပြီး ယာဉ်များ၏ အ ရည်အသွေးအဆင့်မြှင့်တင်မှုများ ကို တစ်ဆင့်ချင်းသာလုပ်ဆောင် မည်ဟု ဦးဖြိုးမင်းသိန်းက ဆက် လက်ပြောကြားသည်။

‘‘တဖြည်းဖြည်းနဲ့ ငွေပေးငွေ ယူစနစ်ကို ပြင်မယ်။ လုံခြုံရေး ကောင်းအောင်ဆိုတာ ကားပေါ် မှာ စီစီတီဗီကင်မရာတွေ တပ်ပါ မယ်။ တစ်ချိန်တည်းမှာတော့ အ ကုန်လုံးလုပ်လို့ မရသေးပါဘူး။ တစ်ဆင့်ချင်း ပြုပြင်ပြောင်းလဲ သွားမှာပါ။ ဒီလိုလုပ်ဆောင်မယ် ဆိုရင် နိုင်ငံတကာသယ်ယူပို့ ဆောင်ရေးစနစ်လို ဖြစ်လာမယ် လို့ ယုံကြည်ပါတယ်’’ဟု ၎င်းက ပြောသည်။

ယင်းစနစ် စတင်ပါက ခရီး သွားများကို လိုအပ်သည့် ကူညီမှု များ ပေးနိုင်ရန် တိုင်းဒေသကြီး အစိုးရက စေတနာ့ဝန်ထမ်းများ ဖိတ်ခေါ်ထားပြီး ပါဝင်လုပ်အား ပေးမည့် လူငယ်အချို့နှင့် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်သော အစိုးရအဖွဲ့တို့ ဇန်နဝါရီ ၁၃ ရက်၌ ပထမဆုံး တွေ့ဆုံခြင်းဖြစ်သည်။

ယင်းတွေ့ဆုံပွဲတွင် စေ တနာ့ဝန်ထမ်းများ ပါဝင်လုပ်အား ပေးမည့် ကဏ္ဍများနှင့် အစိုးရက ပံ့ပိုးမည့်ကဏ္ဍများ၊ အများပိုင် ဘတ်စ်ကား စုပေါင်းပြေးဆွဲရန် ဖြစ်လာသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

‘‘ကျွန်တော်တို့ လူငယ်တွေ တတ်နိုင်သလောက် လူအင်အား စုဆောင်းထားတာရှိတယ်။ တချို့ က ရက်ပြည့်လုပ်အားပေးနိုင်တာ ရှိသလို ရက်ပိုင်းလောက်ပဲ ပါဝင် တာရှိတယ်။ အားလုံးကိုတော့ ဖိတ်ခေါ်နေတုန်းပါပဲ။ အစိုးရက လည်း ဒါကို အသိအမှတ်ပြုအား ပေးပါတယ်’’ဟု ယင်းတွေ့ဆုံပွဲသို့ တက်ရောက်သည့် စေတနာ့ဝန် ထမ်းအဖြစ် ပါဝင်သူ ကိုစိုးနိုင်က ပြောသည်။

ဇန်နဝါရီ ၁၆ ရက်ကစတင် ကာ ရန်ကုန်တိုင်းရှိ ဘတ်စ်ကားမှတ်တိုင် ၁,၈၀၀ ကျော်တွင် စေတနာ့ဝန်ထမ်းများက ဘတ်စ်ကား လမ်းညွှန်စာရွက်များကို တစ်ရက်လျှင် အရေအတွက် တစ်သိန်းနှုန်းဖြင့် ငါးရက်အထိ လိုက်လံဝေငှ ပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တာဝန်ရှိ သူတစ်ဦးက ဆိုသည်။

တိုင်းဒေသကြီး အစိုးရက စေတနာ့ဝန်ထမ်းဦးရေ ၁,၀၀၀ ခန့်လိုအပ်နိုင်သည်ဟု ခန့်မှန်း ထားသော်လည်း ဇန်နဝါရီ ၁၃ ရက်အထိ စေတနာ့ဝန်ထမ်းအ ဖြစ် ပါဝင်ကူညီရန် ဆက်သွယ် စာရင်းပေးထားသူဦးရေ ၃,၀၀၀ ကျော်ရှိသည်။ ဝန်ကြီးချုပ်နှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာသူ မှာ  ၄၀၀ ခန့်ရှိသည်။

===================  
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

Prophet's birthday celebrations
پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
بی کفایتی آل سعود
We are All Zakzaky