အစိုးရနှင့် UNFCတို့ ယခုလအတွင်း တရားဝင်ဆွေးနွေးနိုင်ရန် နှစ်ဖက်ကိုယ်စားလှယ်များ အလွတ်သဘောညှိနှိုင်း

  • News Code : 804800
  • Source : 7days
Brief


အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် အပစ်ရပ်စာချုပ် (NCA)လက်မှတ်မရေးထိုးရသေး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဖြင့် စုဖွဲ့ထားသော UNFC၏ နိုင်ငံရေးဆိုင်ရာဆွေး နွေးညှိနှိုင်းရေးကိုယ်စားလှယ်အ ဖွဲ့(DPN)တို့ ယခုဇန်န၀ါရီအ တွင်း ရန်ကုန်မြို့၌ တရားဝင်ဆွေး နွေးပွဲကျင်းပနိုင်ရေးနှစ်ဖက် ကိုယ်စားလှယ်များသည် ဇန်န၀ါရီ ၁၃ရက်က ထိုင်းနိုင်ငံချင်းမိုင်မြို့၌ အလွတ်သဘော ညှိနှိုင်းခဲ့ကြ သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် အပစ်ရပ်စာချုပ် (NCA)လက်မှတ်မရေးထိုးရသေး သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များဖြင့် စုဖွဲ့ထားသော UNFC၏ နိုင်ငံရေးဆိုင်ရာဆွေး နွေးညှိနှိုင်းရေးကိုယ်စားလှယ်အ ဖွဲ့(DPN)တို့ ယခုဇန်န၀ါရီအ တွင်း ရန်ကုန်မြို့၌ တရားဝင်ဆွေး နွေးပွဲကျင်းပနိုင်ရေးနှစ်ဖက် ကိုယ်စားလှယ်များသည် ဇန်န၀ါရီ ၁၃ရက်က ထိုင်းနိုင်ငံချင်းမိုင်မြို့၌ အလွတ်သဘော ညှိနှိုင်းခဲ့ကြ သည်။

 အလွတ်သဘောညှိနှိုင်းမှု တွင် အစိုးရဘက်က ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးအဖွဲ့ခေါင်း ဆောင်ဦးအောင်ကြည် ဦး ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပြီး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ်ကောင်စီ(UNFC)ဘက်က DPNအဖွဲ့ခေါင်းဆောင် ခူးဦးရယ်၊ ဗိုလ်ချုပ်ဂွန်မော်ပါဝင်သည့်အဖွဲ့တို့ တက်ရောက်ခဲ့သည်။

‘‘အဓိကကတော့ သုံးခုပါပဲ။ သူတို့ နဂိုအဆိုပြုထားတဲ့ကိုးချက် ကိစ္စရယ်၊ နောက် JMC(ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ရေးကော်မတီ)ဒါကို သူတို့မရှင်းလင်းတဲ့ကိစ္စရယ် နောက်အစည်းအဝေးတွေလုပ် နိုင်ဖို့ကိစ္စပါပဲ။ တိုးတက်မှု တချို့ တော့ရှိတယ်။ ဆွေးနွေးရတာ တော်တော်အားရတယ်။ ဒါပေမဲ့ ပြီးပြတ်မှုမရှိသေးဘူး။ နောက် တစ်ကြိမ်သူတို့အနေနဲ့ ဆွေးနွေးဖို့ ရက်တွေဘာတွေသူတို့ပြောတာ တွေကို ငြိမ်းချမ်းရေးကော်မရှင်ကို ပြန်တင်ပြရမှာပါ’’ဟု ကော်မရှင် အကြံပေးအဖွဲ့ဝင်ဦးလှမောင်ရွှေ ကပြောသည်။


 DPN အဖွဲ့ဝင် နိုင်ရွှေသိန်း ကလည်း ‘‘အားလုံးသဘောတူ တာမဟုတ်ပေမယ့်လည်း လမ်းစ တော့ ပွင့်သွားတာပေါ့။ အလွတ် သဘောဆိုတော့ ကျွန်တော်တို့ UNFCကို ပြန်တင်ရမယ်။ သူတို့ ကလည်း ငြိမ်းချမ်းရေးကော်မရှင် ကို တင်ရမယ်။ နောက်မှ တရား ၀င်ဆွေးနွေးပွဲပြန်ခေါ်ရမှာ။ ဒီလ ထဲမှာ အတတ်နိုင်ဆုံးကြိုးစားမယ် လို့ ပြောထားတယ်။ ရန်ကုန်မှာ လို့တော့ အတိအကျမပြောထား ဘူး’’ဟုပြောသည်။

UNFCအဖွဲ့ဝင်အဖွဲ့အစည်း များ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)တွင်ပါဝင်လက်မှတ်ထိုး နိုင်ရေးအတွက် ငြိမ်းချမ်းရေး ကော်မရှင်နှင့် DPNတို့ တရားဝင်ဆွေးနွေးမှုသုံးကြိမ်ပြုလုပ်ပြီးဖြစ်သည်။

၂၀၁၆ နိုဝင်ဘာက ရန်ကုန် မြို့၌ ကျင်းပသည့် တတိယအ  ကြိမ်ဆွေးနွေးပွဲအပြီးတွင် UNFC အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ် သော ကချင်လက်နက်ကိုင်အဖွဲ့ (KIA)၊ တအာင်းလက်နက်ကိုင် အဖွဲ့(TNLA)၊ ကိုးကန့်လက်နက် ကိုင်အဖွဲ့(MNDAA)တို့ပါဝင် သော ပူးပေါင်းအဖွဲ့နှင့် တပ်မ တော်တို့အကြားတိုက်ပွဲများပြင်း ထန်၍ ဆွေးနွေးပွဲများရပ်တန့်ခဲ့ သည်။ ထို့ကြောင့်နှစ်ဖွဲ့ကိုယ်စား လှယ်များကြား အလွတ်သဘော ညှိနှိုင်းမှုများမှတစ်ဆင့် တရားဝင် ဆွေးနွေးပွဲပြန်လည်ကျင်းပနိုင်ရန် စီစဉ်နေခြင်းဖြစ်သည်။

===================  
251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*

پیام امام خامنه ای به مسلمانان جهان به مناسبت حج 2016
We are All Zakzaky