အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
၂ နိုဝင်ဘာ ၂၀၂၄
"ဟွတ်ဒ်ဟွတ်ဒ်" နှင့် "ကောင်စဲရ်" ဂြိုဟ်တုများကို အင်္ဂါနေ့တွင် အီရန် လွှတ်တင်မည်
"ဟွတ်ဒ်ဟွတ်ဒ်" နှင့် "ကောင်စဲရ်" ဂြိုဟ်တုများကို ရုရှားလောင်ချာများမှ အင်္ဂါနေ့တွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ လွှတ်တင်မည်ဖြစ်ပါတယ်။
၂ နိုဝင်ဘာ ၂၀၂၄
ဟစ်ဘွလ္လာဟ် မှ အစ္စရေး နယ်ချဲ့ယူထားသော ဒေသများတွင် ဒုံးကျည် ၄၀ လုံး တစ်ချိန်တည်း ပစ်ခတ်
လက်ဘနွန်သတင်းရင်းမြစ်များက ဇီယွန်နစ်သတင်းရင်းမြစ်များက အတည်ပြုထားသည့် ဘေရွတ်မြို့ ပေါ်ရှိ အစ္စရေးလေယာဉ်များ၏ တိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ဟစ်ဘွလ္လာဟ် သည် အစ္စရေး နယ်ချဲ့ယူထားသော နယ်မြေများသို့ ဒုံးကျည် ၄၀ ပစ်ခတ်ခဲ့ကြောင်း လက်ဘနွန်သတင်းရင်းမြစ်များက ဖော်ပြပါတယ်။
၂ နိုဝင်ဘာ ၂၀၂၄
အာဏာရှင်ဝါဒ၊နယ်ချဲ့ ဝါဒ ကို တိုက်ဖျက်ရန် လိုအပ်သော ခြေလှမ်းများအားလုံးကို ကျွန်ုပ်တို့ လုပ်ဆောင် သွားပါမည် / အာယာသွလ္လာဟ် ဆယက်ဒ် အလီခါမေနာအီ
နိုဝင်ဘာလ ၃ရက်နေ့ တွင် ကျရောက်မည့် ကမ္ဘာ့ အာဏာရှင်ဝါဒ၊နယ်ချဲ့ ဝါဒတော်လှန်ရေးနေ့ အထိမ်းအမှတ် ဖြင့် အီရန် နိုင်ငံတဝှမ်းရှိ တက္ကသိုလ် ကျောင်းများမှ ကျောင်းသား၊ကျောင်းသူများနှင့် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ နှင့်တွေ့ဆုံစဥ် ရဲဟ်ဗရ် အင်န်ကေလာဗ် မှ မိမိတို့ အနေဖြင့် အာဏာရှင်ဝါဒ၊ နယ်ချဲ့ ဝါဒ ကို တိုက်ဖျက်ရန် လိုအပ်သည့် အစီအမံများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မိန့်ကြားခဲ့ ပါ တယ်။
၂ နိုဝင်ဘာ ၂၀၂၄
အီရတ်အစိုးရထံ နဂျဖ်ဖေအရှ်ရဖ် ၏သောကြာ နမာဇ် ရှေ့ဆောင် ဆရာတော် မှ အလေးအနက် တောင်းဆိုချက်
ပြီးခဲ့သောစနေနေ့က အီရန်ကို ကျူးကျော်ရန် အစ္စရေးလေယာဉ်များက အီရတ်လေပိုင်နက်ကို ချိုး ဖောက် မှု အား နဂျဖ်ဖေအရှ်ရဖ် ၏သောကြာ နမာဇ် ရှေ့ဆောင် ဆရာတော် မှ ရှုတ်ချခဲ့ပြီး အပြစ်ရှိသော ပါတီကို အပြစ်ပေးရန် အီရတ်အစိုးရအား အလေးအနက် တောင်းဆိုခဲ့ပါတယ်။
၂ နိုဝင်ဘာ ၂၀၂၄
ဟစ်ဘွလ္လာဟ် ဒုံးအစွမ်း ပြ ကာတွန်း ။ ။ cartoon
အဗ်နာ ။ ။ လက်ဘနွန် ဟစ်ဘွလ္လာဟ် ဒုံးအစွမ်း အား ကာတွန်းဆရာ မှ ပီပြင်စွာ ရေးဆွဲ ဖော်ပြထားပါတယ်။
၂ နိုဝင်ဘာ ၂၀၂၄
ကွမ်း မြို့တွင် အပြည်ပြည်ဆိုင်ရာ အစ္စလာမ်မစ် တော်လှန်ရေး၏ ဒုတိယအဆင့် ထုတ်ပြန်ချက် ၏ ဥပဒေရေးရာ အခြေခံအုတ်မြစ်များ ဆိုင်ရာ ညီလာခံ ကျင်းပ ။ ။ Photos
အဗ်နာ ။ ။ အီရန် နိုင်ငံကွမ်း မြို့တွင် အပြည်ပြည်ဆိုင်ရာ အစ္စလာမ်မစ် တော်လှန်ရေး၏ ဒုတိယအဆင့် ထုတ်ပြန်ချက် ၏ ဥပဒေရေးရာ အခြေခံအုတ်မြစ်များ ဆိုင်ရာ ညီလာခံ ကျင်းပခဲ့ပါတယ်။ အိုလမာ နှင့် မောင်လာနာ များ တက်ရောက်နေရာယူခဲ့ကြပါတယ်။
၂ နိုဝင်ဘာ ၂၀၂၄
Haredi ဂျူးများက နေတန်ယာဟုကို ဆန့်ကျင်ဆန္ဒပြ
ဇီယွန်ဝါဒီ အစိုးရ ရဲတပ်ဖွဲ့သည် တဲလ်အဗစ်မြို့ရှိ Haredi ဂိုဏ်းခွဲ ဆန္ဒပြသူများကို ဝင်ရောက်စီးနင်းခဲ့ပြီး အများအပြားကို ဖမ်းဆီးခဲ့ပါတယ်။
၂ နိုဝင်ဘာ ၂၀၂၄
ပါလက်စတိုင်း အန်နိုဆီရသ် ဒုက္ခသည်စခန်းမှာ စားနပ်ရိက္ခာ ပြတ်လပ်နေ ။ ။ Photos
အဗ်နာ ။ ။ ဂါဇာကမ်းမြောင်ဒေသကို ဇီယွန်ဝါဒီစစ်တပ်က ဆက်တိုက်တိုက်ခိုက်နေပြီး တင်းကြပ် သည့် ဝိုင်းရံထားမှုကြောင့် ပါလက်စတိုင်းလူမျိုးများသည် စားနပ်ရိက္ခာအပါအဝင် အရေးကြီး သောလိုအပ်ချက်များ စွာကို ဖြည့်ဆည်းရာတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရပါတယ်။ ဂါဇာအလယ်ပိုင်းရှိ အန်နိုဆီရသ် ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ပါလက်စတိုင်းသားများသည် အစားအစာများရရှိရန် နေ့စဉ်တန်း စီစောင့်ဆိုင်း နေကြပါတယ်။
၂ နိုဝင်ဘာ ၂၀၂၄
ဂါဇာရှိ ကမာလ်အဒ်ဝါန် ဆေးရုံကို ဇီယွန်ဝါဒီ အကြမ်းဖက်သမားများက ဗုံးခွဲတိုက်ခိုက်
ဂါဇာအလယ်ပိုင်းရှိ ဇီယွန်ဝါဒီ အကြမ်းဖက်သမားများ၏ ဗုံးကြဲတိုက်ခိုက်မှုတွင် ပါလက်စတိုင်းအရပ်သား ၁၆ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါတယ်။
၁ နိုဝင်ဘာ ၂၀၂၄
ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ ၏ နောက်လိုက်များသည် လက်ဘနွန်နှင့် ပါလက်စတိုင်း ပြည်သူများ နှင့် အတူ ရှိကြောင်း ချီတက် ဆန္ဒပြ ။ ။ Photos
အဗ်နာ ။ ။ နိုင်ဂျီးရီးယား အစ္စလာမ္မစ် လှုပ်ရှားမှု ခေါင်းဆောင် ရှိက်ခ် အီဗရာဟီးမ် ဇက်ဇာကီ ၏ နောက်လိုက် တစ်စုသည် နိုင်ဂျီးရီးယား နိုင်ငံကာဒိုနာ မြို့တွင် လက်ဘနွန် နှင့် ပါလက်စတိုင်း ပြည်သူများ ပြည်သူများ နှင့် အတူ ရှိကြောင်း ချီတက် ဆန္ဒပြခဲ့ကြပါတယ်။
၁ နိုဝင်ဘာ ၂၀၂၄
နယ်ချဲ့ အစ္စရေး (ခ) ဇီယွန် စစ်သားများ အနေဖြင့် လက်ဘနွန် အား မြေပြင်စစ် လုပ်လိုက်ခြင်း၏ ရလဒ် အဖြစ်မှန် ကို ကာတွန်းဆရာ မှ ဖော်ပြ ။ ။ cartoon
အဗ်နာ ။ ။ နယ်ချဲ့ အစ္စရေး (ခ) ဇီယွန် စစ်သားများ အနေဖြင့် လက်ဘနွန် အား မြေပြင်စစ် လုပ်လိုက်ခြင်း၏ ရလဒ် အဖြစ်မှန် ကို ယီမင် ကာတွန်းဆရာ မှ ပီပြင်စွာ ရေးဆွဲ ဖော်ပြထားပါတယ်။
၁ နိုဝင်ဘာ ၂၀၂၄
သောကြာနေ့ တွင် ပြုလုပ်ရသည့် အေမာမ် မိုဟမ္မဒ်ဘာကဲရ် (အ.စ) အနှစ်သက်ဆုံး အေဗာဒသ်
အေမာမ် မိုဟမ္မဒ် ဘာကဲရ် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် သောကြာနေ့ တွင် ပြုလုပ်ရသည့် မိမိ အနှစ်သက်ဆုံး အေဗာဒသ် နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။
၁ နိုဝင်ဘာ ၂၀၂၄
အီရန် သမ္မတ သည် ကွမ်းမြို့ ရှိ မရ်ဂျာ တော်များ ၊ အိုလမာ နှင့် တွေ့ဆုံ ။ ။ Photos
အဗ်နာ ။ ။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် သာသနာ့ ရွှေမြို့တော် ကွမ်းမြို့ ခရီးစဥ် တွင် ကွမ်းမြို့ ရှိ မရ်ဂျာ တော်များ ၊အိုလမာ နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည့် ပုံရိပ်များ ဖြစ်ပါတယ်။
၁ နိုဝင်ဘာ ၂၀၂၄
အီရန်က အစ္စရေးကို လက်တုံ့ပြန် တိုက်ခိုက်ဖို့ ပြင်ဆင် နေတယ်လို့ အမေရိကန်သတင်းမှာ ဖော်ပြ
အီရန်သည် ဇီယွန်ဝါဒီအစိုးရ၏ ရက်စက် ကြမ်းကြုတ်သော တိုက်ခိုက်မှုကို တုံ့ပြန်ရန် ပြင်ဆင်နေကြောင်း အနောက် နိုင်ငံသတင်းရင်းမြစ်များကို ကိုးကား၍ Axios က ပြောကြားခဲ့ပါတယ်။
၁ နိုဝင်ဘာ ၂၀၂၄
အီရတ် မိုဂျာဟစ်ဒ်ဒီးန် ဒရုန်း သည် ဇီယွန်ဝါဒီ ပစ်မှတ် အများအပြားကို တိုက်ခိုက် ။ ။ video
အဗ်နာ ။ ။ အီရတ် မိုဂျာဟစ်ဒ်ဒီးန် သည် ကြာသပတေးနေ့ ညက ဇီယွန်ဝါဒီ ပစ်မှတ် အများအပြားကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ပါတယ်။
၃၁ အောက်တိုဘာ ၂၀၂၄
လက်ဘနွန်ရှိ ဟစ်ဘွလ္လာဟ် အဖွဲ့၏ အထွေထွေအတွင်းရေးမှူး အသစ် H.I ရှိက်ခ် နအီးမ် ကာစင်မ်၏ ပုံရိပ် များ။ ။ Photos
အဗ်နာ ။ ။ လက်ဘနွန်ရှိ ဟစ်ဘွလ္လာဟ် အဖွဲ့၏ အထွေထွေအတွင်းရေးမှူး အသစ် H.I ရှိက်ခ် နအီးမ် ကာစင်မ်၏ ပုံရိပ် များဖြစ်ပါတယ်။
၃၁ အောက်တိုဘာ ၂၀၂၄
ရှဟီးဒ် မဲဟ်ဒီ ခမိုရှီး အလီအာဗါဒ်ဒီ ၏ စျာပန နှင့် နှုတ်ဆက်ပွဲ အေမာမ်ရေဇာ (အ.စ) ရောင်ဇာတော် တွင် ပြုလုပ် ။ ။ Photos
အဗ်နာ ။ ။ သဖ်သာန် မြို့၌ အကြမ်းဖက်တိုက်ခိုက်မှုတွင် ကျဆုံးခဲ့သော ရှဟီးဒ် မဲဟ်ဒီ ခမိုရှီး အလီအာဗါဒ်ဒီ ၏ ၏ ရုပ်အလောင်းအတွက် ဈာပနနှင့် နှုတ်ဆက်ခြင်း အခမ်းအနား ကို အေမာမ်ရေဇာ (အ.စ) ရောင်ဇာတော် တွင် ပြုလုပ်ခဲ့ပြီး ဘေဟစ်ရှ်သေ ရေဇာ (အ.စ) တွင် သင်္ဂြိုဟ်ခဲ့ပါတယ်။
၃၁ အောက်တိုဘာ ၂၀၂၄
ကွတ်ဒ်စ် တပ်ဖွဲ့သည် အစ္စရေးနိုင်ငံ မပျက်စီးမချင်း ဟစ်ဘွလ္လာဟ် ကို ပံ့ပိုးပေးမည်ဖြစ်ပြီး ဗိုလ်ချုပ်ကြီး ကန်အာနီ မှ ရှိက်ခ် နအီးမ် ကာစင်မ် အား ဂုဏ်ပြု
ကွတ်ဒ်စ် တပ်ဖွဲ့၏အကြီးအကဲ ဗိုလ်ချုပ်ကြီး ကန်အာနီ သည် အသစ်ရွေးချယ်ခံရသော ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့ခေါင်းဆောင် ရှိက်ခ် နအီးမ် ကာစင်မ် ထံ သဝဏ်လွှာ ပေးပို့ခဲ့ပြီးထိုသဝဏ်လွှာတွင် ဇီယွန်ဝါဒီ အစိုးရမပျက်စီးခြင်း ပါလက်စတိုင်းလွတ်မြောက်ရေးအထိ ကွတ်ဒ်စ် တပ်ဖွဲ့သည် ဟစ်ဘွလ္လာဟ် နှင့်အတူ ကွင်းပြင်တွင် ရှိနေမည်ဖြစ်ကြောင်း ဖြစ်ပါတယ်။
၃၁ အောက်တိုဘာ ၂၀၂၄
အီရန် သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း ၏ ကွမ်းမြို့ခရီးစဥ် ။ ။ Photos
အဗ်နာ ။ ။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း ၏ သာသနာ့ ရွှေမြို့တော် ကွမ်းမြို့ ခရီးစဥ် ၏ ပုံရိပ်များ ဖြစ်ပါတယ်။
၃၁ အောက်တိုဘာ ၂၀၂၄
အီရန် သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်းကွမ်းမြို့ရှိ သခင်မကြီး မအ်စူမဟ် (စ.အ) ၏ ဇေယာရသ် လာရောက်ပြုလုပ်
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် သာသနာ့ ရွှေမြို့တော် ကွမ်းမြို့ ခရီးစဥ် တွင် သခင်မကြီး မအ်စူမဟ် ကွမ်း (စ.အ) ရောင်ဇာတော် သို့ သွားရောက်ခစား၍ ဇေယာရသ် ပြုခဲ့ပါတယ်။