$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ဒေါသထွက်ပါ … ဒါပေမဲ့ အလ္လာဟ် ဟို အရှင်မြတ် အတွက် ဖြစ်ပါစေ

  • News Code : 355553
  • Source : ABNA

ဒေါသထွက်ပါ … ဒါပေမဲ့ အလ္လာဟ် ဟို အရှင်မြတ် အတွက် ဖြစ်ပါစေ

 

လူတိုင်း ဟာ အနည်းနဲ့ အများဆို သလို ဒေါသထွက် ဖူးကြပါသည်။ သို့သော် ဘာကြောင့် ထွက်သည် ဆိုတာ ဘဲ ကွာ ခြားပေသည်။

 

တချို့ က ငါ အဖေ ၊အမေ ၊ ငါညီအစ်ကိုမောင်နှမ …ကို ထိလို ဒေါသထွက်ကြသည်။

 

တချို့က နေရာ ၊ရာထူး ၊အသပြာ၊ဘာညာ … အတွက် …

 

တချို့က အချစ်ရေး ၊အိမ်ထောင်ရေး ၊စားဝတ်နေရေး အတွက် …

 

တချို့ အိမ်ထောင်ဖက် မရှိလို့ ၊ရည်းစားမရှိလို့ ၊စားဝတ်နေရေးအဆင်

 

မပြေလို့ …ဒေါသ ထွက်ရတယ်…

 

တချို့ က ဇနီး ၊ ခင်ပွန်း ၊ ယောက်ဖ ၊ ခယ်မ ၊ခဲအို ၊ယောက်မ ၊ သူငယ်ချင်း ၊မိတ်ဆွေ … အတွက်…

 

တချို့ က ကိုယ်အဖွဲ့ ၊ကိုယ့်ကျောင်း ၊ကိုယ့် အိမ် ၊ကိုယ့် ဆိုင် ၊ကိုယ့် မိသားစု ၊ကိုယ့်လူမျိုး ၊ကိုယ့်နိုင်ငံ ၊အတွက် …

 

အရောင်တွေ စုံလို ပါဘဲ …

 

တိုတောင်းတဲ့ ဘဝခရီးမှာ ဒေါသထွက် စရာ တွေ က အများကြီး ရင်ဆိုင်ရပါတယ်။

 

ဘာကြောင့်ဘဲ ဒေါသထွက် ထွက်ပေါ့  ((သဇ်ကေရသွလ်အောင်လီယာကျမ်း အတွဲ ၂ ၊စာမျက်နှာ ၁၃)) မှာ ပါတဲ့ အဖြစ်အပျက် လေးလို့ ကို နှလုံး ပိုက်ပြီး ပြင်သင့် ပြင်၊ ဆောင်သင့် ဆောင်ရကြတာ ပေါ့ခင်ဗျာ …

 

အဖြစ်အပျက်လေး၏ဆိုလိုချက်ကတော့ …

 

တနေ့ လူတစ်ယောက် က ဂျနာဗေ ဂျိုနှိုက်ဒ် အနီးရောက်လာတယ်၊ထိုအချိန် ရှိုင်တွာန် ကို ထိုနေရာက နေ ထွက်ပြေးတာ သူမြင်သွားတယ်။ ထိုလူ က ဂျနာဗေ ဂျိုနှိုက်ဒ် ဆီလည်းရောက်လာ ရော၊ ဂျနာဗေ ဂျိုနှိုက်ဒ်ဟာ စောဒကတက်တဲ့လူတစ်ယောက် အပေါ် အရမ်း ဒေါသထွက်နေတာကို တွေ့ရတယ်လေ ။

 

ဒီလူက ဂျနာဗေ ဂျိုနှိုက်ဒ် ကိုပြောလေတယ်၊  အီးဗ်လီးစ် (လ.န) ဟာ လူသားအနေဖြင့် ဒေါသ အရမ်း ထွက်နေချိန် လိုသလို သုံးနိုင်တယ် ၊ လူကို နိုင်တယ်လိုကျွန်တော် ကြားဖူးတာ်။ အခု ကျွန်တော်က ရှိုင်တွာန်ကို ခင်ဗျားဆီက ထွက်ပြေးတာ မြင်ရတာဗျာ။

 

ဂျနာဗေ ဂျိုနှိုက်ဒ် က၎င်း ပုဂ္ဂိုလ်ကို အဖြေ ပေးလေသည်။

 

အိုမိတ်ဆွေ …အသင် မကြားဖူးဘူးလား ? မသိထားလား ? ကျွန်ုပ် ကိုယ့်အတွက် ဒေါသထွက်နေတာမဟုတ်ဘူး၊သို့သော် အလ္လာဟ်ဟိုအရှင်မြတ်သခင်ကြီး၏ နှစ်မြို့မှု အတွက် ဒေါသထွက်နေ

 

တာဖြစ်တယ်။

 

အကြင်မည်သူမဆို၏ဒေါသ၊အမျက်သည်အလ္လာဟ်ဟိုအရှင်မြတ်သခင်

 

အလိုငှဖြစ်မည် ဆိုပါက ယခု အသင်မြင်သည့်အတိုင်း ကျွန်ုပ်အနားမှာ ရှိုင်တွာန် ထွက်ပြေးသွားသကဲ့ သို့ ထွက်ပြေးမည် ဖြစ်ပေတယ်