$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

တကယ်ကို တရားယူစရာ

  • News Code : 362681
  • Source : MSM

တကယ်ကို တရားယူစရာ

သဖ်စီရေ နိုင်ရှာပူရ် တွင် ရေးသား သီးကုံးထားသည်မှာ - ကလေးငယ်တစ်ယောက် သည် တနေ့ ကျန်းကျန်းမာမာ ဖြင့် ကျောင်း

သို့သွားခဲ့လေသည်။ ကျောင်းမှအိမ်သို့ ပြန်ရောက်လာသည့်အခါအဖျား

ကြီးပြီး ပြန်လာလေ၏။

နောက်ဆုံး အဖျားရှိန်ကြောင့် အိမ်ယာပေါ် လှဲသွားရရှာလေသည်။ ဖျားရသည့် အကြောင်း အရင်းအား ကလေးငယ်ဆီမှမေးမြန်းရာ ၎င်းအနေဖြင့်မိမိ၏ဖခင်အား ပြောပြလေ၏။

ယနေ့ကျွန်တော်ဆရာ ၊ကျွန်တော် ကို အောက်ဖော်ပြ အာယတ်တော်အား အလွတ်ကျက်ခိုင်းခဲ့တယ်။ အာယတ်တော်မှာ -

 يَوْمًا يَجْعَلُ الْوِلْدَانَ شِيبًا

စူရဟ် မိုဇလ်မေလ် အာယတ်တော် ၁၇

အဓိပ္ပာယ် ။ ။ … ထို့နေ့ (ကေယာမသ်၏ အကြောက်တရား) ကြောင့် ကလေးငယ်များ၊ဇရာအို အဖိုးကြီးများ ဖြစ်သွားပေမည် ။

ကျွန်တော် … ထို့နေ့ ကေယာမသ် ၏ အကြောက်တရား ကြောင့် မအီမသာ ၊ဒုက္ခဝေဒနာ ကို ခံစားနေရပါတယ်။(ဤ အတွက်ကြောင့် အဖျားကြီးရကြောင်း ဖြစ်လေတယ်။)

နောက်ကလေးငယ်မှာ ဤ အဖျားရှိန် ကြောင့် အလ္လာဟ် ဟိုအရှင်မြတ် အမိန့်တော်အား ခံယူ သွားရရှာလေ သည်။

အဖေအနေဖြင့် မိမိသား၏ မြေပုံခေါင်းရင်း တွင်ထိုင်ပြီး ငိုငိုပြီး ပြောရှာလေ၏။ ပြောပုံမှာ … ((ငါသား ၊မင်းရဲ့ သန့်ရှင်း၊သန့်ပြန့်သည် သဘာဝ ၊ နူးညံ့ ၊ဖြူစင်သည့် နှလုံးသားက ကျမ်းတော်မြတ် ကုရ်အာန်၏ ဤအာယတ်တော်လေးရဲ့ အာနိသင် ကို ဒီလောက်အထိတောင်ခံစားသွားရရှာတယ်။

အမှန်တကယ် (အပြစ်များ၊ဂိုနာများ)ကြောင့်၊မဲနက်နေသည့် နှလုံးသားပိုင်ရှင်မင်းအဖေ (ငါ) ထို့နေ့ (ကေယာမသ်၏ အကြောက်တရား) ကြောင့် သေသွား သင့်တာ ။

ကြည့် - ပြည်ထောင်စု အစ္စလာမ်မစ် အီရန် နိုင်ငံ ၊ ကွမ်းမြို့တော်ရှိ အေမာမ်ခိုမေနီ (ရ.ဟ) တက္ကသိုလ် ကျောင်းတွင် ပညာသင်ကြားနေသည့် ပါကစ္စတန် နိုင်ငံသားကျောင်းသားများ ၏ အူရ်သူ ဘာသာဖြင့် သုံးလ တကြိမ် ထုတ်သည့် မဂ္ဂဇင်း (( ပရမ်း - အလ်မေစ်ဗာ )) စာမျာက်နှာ ၅၇

အထက်ပါ အဖြစ်အပျက်လေး ကို ကျွန်တော်တို့ အားလုံး အထူးသီးသန့် စဉ်းစားပြီး မိမိကိုယ့် မိမိ စိစစ်သင့်ပေသည်။