$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ဗစ်မေလ် လ္လာဟ် … ၏ ဖာဇီလသ်

  • News Code : 384198
  • Source : msm

 

ဗစ်မေလ် လ္လာဟ် … ၏ ဖာဇီလသ်

 

ကျွန်တော်တို့ ၏ ရီဝါယတ်တော်များ ၊ဟဒီးစ်တော်များ တွင် ဗစ်မေလ် လ္လာဟ် ဟေရဟ်မာနေရဟီးမ် ၏ ဖာဇီလသ် နှင့်ပတ်သက်ပြီး ရစူလ်(ဆွ) နှင့် အဟ်လေ့ဘိုက်(အ.စ) တို့မှအမြောက်အများ  မိန့်ကြား ထားချက်များလာရှိပါသည်။

 

မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်တော်မူသည်။

 

(( တန်ဖိုးရှိ ၊အရေးကြီးသည့် မည်သည့်လုပ်ရပ်မဆို အား ဗစ်မေလ် လ္လာဟ် ဟေရဟ်မာနေရဟီးမ် ဖြင့် အစ မပြုခဲ့မည်ဆို လျှင် ၊ မပြည့်စုံမှု ၊အချဉ်းနှီးဖြစ်မှု နှင့် အဖြေမထွက်မှု နှင့်သာ ရင်ဆိုင်ရလိမ့်မည်။ ))

 

 

 

ကြည့် - သဖ်စီးကရှာဖ်ကျမ်း အတွဲ ၁ ၊စာမျက်နှာ ၃ / ဗေဟာရ် ကျမ်း အတွဲ ၁၉ ၊ စာမျက်နှာ ၆၀

 

မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်တော်မူသည်။

 

((ဗစ်မေလ် လ္လာဟ် ဟေရဟ်မာနေရဟီးမ် ဖြင့် အစပြုသည့် ဒိုအာ သည် ၊ကဘူလ်မဖြစ်ဘဲမနေချေ။ ))

 

ကြည့် - မီဇန်နိုလ် ဟေက်မဟ် ကျမ်း

 

အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ) မိန့်တော်မူသည်။

 

(( တစ်ခါ တစ်ရံ ကျွန်ုပ်တို့၏ ရှီအာများ အနေဖြင့် မိမိတို့၏ အလုပ်များ အစတွင် ဗစ်မေလ် လ္လာဟ် ဟေရဟ်မာနေရဟီးမ် ဖြင့် အစ မပြုခဲ့သဖြင့် ရလာဒ်အား အလ္လာဟ်ဟို အရှင်မြတ် အနေဖြင့် မကျေနပ် မှု ကိုဖြစ်စေလေသည်။ ထိုမှသာ (ကျွန်ုပ်တို့၏ ရှီအာများ) အနေဖြင့် နိုးကြားပြီး အလ္လာဟ်ဟို အရှင် မြတ် သခင်အားကျေးဇူးတင်ပြီး၊ချီးမွမ်း နိုင်မည် ဖြစ်ပေသည်။ပြီးနောက် ၎င်းတို့၏ လုပ်ရပ်များ၏ အမှားများ ကို ပယ် ပျက်စေတော်မူလေသည်။ ))

 

ကြည့် - ကန်ဇွလ် ဒကာယေက် ကျမ်း အတွဲ ၁ ၊စာမျက်နှာ ၁၇

 

အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ) မိန့်တော်မူသည်။

 

(( မည်သူမဆို ပူဆွေးသောက ဖြစ်မည် ၊ အမျက်ဒေါသထွက်မည် ၊ ဝမ်းနည်းသောကဒုက္ခရောက်မည် ဆိုလျှင် မိမိဦးခေါင်းအားမိုးကောင်းကင်ဖက်သို့ပြု၍သုံးကြိမ်သုံးခါဗစ်မေလ်လ္လာဟ်ဟေရဟ်မာနေရဟီးမ်  ဖတရွတ်မည်ဆိုလျှင်အလ္လာဟ်ဟိုအရှင်မြတ်သခင်သည်၎င်းအတွက်လမ်းကိုဖွင့်ပေးသနားတော်မူမည်။၎င်း၏ ပူဆွေးသောက ဖြစ်မှု ၊ ဝမ်းနည်းသောကဒုက္ခရောက်မှုတို့ကို ပယ်ဖျက်ပေးသနားတော်မူမည်။))

 

ကြည့် - အေမါဒ်ဇာဒေရေးသားထားသည့် သဖ်စီး စူရဟ် ဟမ်ဒ် ကျမ်း ၊စာမျက်နှာ ၃၁၂

 

အေမာမ် အလီ (အ.စ) မိန့်တော်မူသည်။

 

((အချိန်တိုင်းအသင်တို့အထဲမှအသင်အနေဖြင့်မိမိ၏ဆိုင်ရောက်ချိန်တွင်ဗစ်မေလ်လ္လာဟ်ဟေရဟ်မာ နေရဟီးမ်ဖတ်ရွတ်မည်ဆိုလျှင်ရှိုင်တွန်မာနတ်သည်ထွက်ပြေးမည်ဖြစ်ပေသည်။အချိန်တိုင်းမိမိအိမ်အတွင်းဝင်ချိန်ဗစ်မေလ်လ္လာဟ်ဟေရဟ်မာနေရဟီးမ်ဖတ်ရွတ်မည်ဆိုလျှင်ဘရ်ကတ်ကောင်းချီးမင်္ဂလာကိုကျရောက်စေမည်ဖြစ်ပြီးကောင်းကင်တမန်များအနေဖြင့်ဤအိမ်အားနှစ်သက်မြတ်နိုးပေမည်။ ))

 

သိထားပါလေ ။ ဗန်ဒါ (ကျေးကျွန်) အတွက် အခက်အခဲတကာ အခက်အခဲဆုံးအချိန်သည် လေးချိန် ရှိပါသည်။

 

၁။ အသက် ငင်နေချိန်

 

၂။ နကေရ်နှင့် မွန်ကေရ် အား အဖြေပေးရချိန်

 

၃။ ကေယာမတ်နေ့အချိန်

 

၎။ ပူရ်စေရသ်တံတား ကို ဖြတ်ကျော်ချိန်

 

မိုမင်သူတော်သင်အနေဖြင့်အသက်ငင်နေချိန်တွင်ဗစ်မေလ်လ္လာဟ်ဟေရဟ်မာနေရဟီးမ်ဖတ်ရွတ်မည်ဆိုလျှင် အသက်ထွက်လွယ်သူသွားချေမည်။

 

မိုမင်သူတော်သင်အနေဖြင့်မည်းမောင်နေသည့်ကဗရ်အတွင်းဗစ်မေလ်လ္လာဟ်ဟေရဟ်မာနေရဟီးမ် ဖတ်ရွတ်မည်ဆိုလျှင် ၎င်းအတွက် မြေကြီးသည် ဂျန္နတ်သုခဘုံ ၏ရောင်ဇာတော် ဖြစ်သွားပေမည်။

 

မိုမင်သူတော်သင်အနေဖြင့်ကေယာမတ်အချိန်တွင်ဗစ်မေလ်လ္လာဟ်ဟေရဟ်မာနေရဟီးမ်ဖတ်ရွတ်မည်ဆိုလျှင် ၎င်း၏မျက်နှာသည် လပြည့်ဝန်းကဲ့သို့ ထွန်းလက်တောက်ပ ချေမည်။

 

မိုမင်သူတော်သင်အနေဖြင့်ပူရ်စေရသ်တံတားကိုဖြတ်ကျောနေချိန်တွင်ဗစ်မေလ်လ္လာဟ်ဟေရဟ်မာနေရဟီးမ်ဖတ်ရွတ်မည်ဆိုလျှင် ဂျဟန္နမ်ငရဲမီး များမှ လွတ်မြောက် ချေမည်။

 

ကြည့် - ကရှာဖ်ဖိုလ် အစရာရ် ၊ မီးဗဒ်းဒီ ကျမ်း ၊အတွဲ ၃ ၊ စာမျက်နှာ ၂၁၅

 

 

 

ဗစ်မေလ်လ္လာဟ်ဟေရဟ်မာနေရဟီးမ်ဖတ်ရွတ်ရန် အရေးကြီးသည့် အချိန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 

၁ ။ စကား စတင်ပြောဆိုချိန်

 

၂ ။ ကျမ်းတော်မြတ် ကုရ်အာန် ဖတ်ရွတ်ချိန်