$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

သွာလေဗင်အေလ်မ် (ခ) သာသနာ့ ကျောင်းသား/သူတို့၏ အဆင့်အတန်း

  • News Code : 386704
  • Source : မြန်မာရှီအာမွတ်စလင်ဆိုက်

သွာလေဗင်အေလ်မ် (ခ) သာသနာ့ ကျောင်းသား/သူတို့၏ အဆင့်အတန်း

သွာလေဗင်အေလ်မ် (ခ) သာသနာ့ ကျောင်းသား/သူ၏ အဆင့်အတန်းမှာ အလ္လာဟ် ဟို အရှင်မြတ် သခင်ကြီး နှင့် ရစူလ်(ဆွ) အာလေ ရစူလ် (အ.စ) တို့၏ အမြင်တွင် အထူးတန်ဖိုးကြီး လှပေသည်။ အကြောင်းမှာ ဗေဟာကျမ်း အတွဲ (၂) စာမျက်နှာ ၁၆တွင် မဟာတမန်တော်မြတ်ကြီး (ဆွ) ၏ အောက်ဖော်ပြပါ ဟဒီးစ်တော် အား မှတ် သား သင့်ပေ သည်။ မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်ကြားတော်မူသည်။ (( ကေယာမတ် နေ့တွင်  အိုလမာ ၏ ကလောင် နှင့် ရှဟီးဒ်တို့၏ သွေး ကို ချိန်မည်ဖြစ်ပေသည်။ ထိုအချိန် အိုလမာ ၏ ကလောင် အလေးချိန် သည် ရှဟီးဒ်တို့၏ သွေး အလေးချိန်ထက် သာနေပေမည်။ )) စဉ်းစားစရာ ။ ။  သွာလေဗင်အေလ်မ် (ခ) သာသနာ့ ကျောင်းသား ဆိုသည့်မှာ အနာဂတ် ၏ အိုလမာလောင်း ဖြစ်ပေ သည်။ အထက်ပါ ဟဒီးစ်တော် အား လေ့လာ သုံးသပ်ခြင်း ဖြင့် ကလောင် ကိုင်ရန် အိုလမာ အတွက်မည်မျှ အရေး ပါအရာရောက် ၊ အရေးကြီးကြောင်း သုံးသပ်နိုင်ပါသည်။ ဤအတွက် ကျွန်တော်တို့၏ အကျော်အမော် ရှီ အာ အေ မာမ်မီယာ အိုလမာ သည် ကလောင်ရှင်များ ဖြစ်ခဲ့ကြပြီး၊ဖြစ်နေ၊ဖြစ်လိမ့်မည် ဖြစ်ပါသည်။ မိမိတို့အနေဖြင့် သာသနာ့ပညာများကို အီရန်နိုင်ငံ တွင် ဆည်းပူးခဲ့ ၊ဆည်းပူးနေသည့် သွာလေဗင် အေလ်မ် (ခ) သာသနာ့ ကျောင်းသား၊သူများ အဖြင့် ခံယူထားပြီး မြန်မာရှီအာမွတ်စလင်များ အတွက်  မိမိတို့သင်ယူနေသည့် ပ ညာ နှင့်အညီ ကလောင်မကိုင်ကြခြင်းမှာ ဝမ်းနည်းကြေကွဲစရာပင်တည်း ။ အင်ရှာအလ္လာဟ် သွာလေဗင်အေလ်မ် (ခ) သာသနာ့ ကျောင်းသား ၊သူတိုင်း ကလောင် ကိုင် နိုင်ကြ ပါစေ ။ သွာလေဗင်အေလ်မ် (ခ) သာသနာ့ ကျောင်းသား၊သူ အနေဖြင့် မလွဲမသွေ အလ္လာဟ် ဟို အရှင်မြတ် နှစ်မြို့မှု အတွက် ပညာဆည်းပူးရမည် ဖြစ်ပေသည်။ အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့်လည်း ၎င်း အတွက် စားနပ်ရိက္ခာ ကို စီ စဉ်ပေးတော်မူမည် ဖြစ်ပါသည်။ အထက်ပါစကား သည့် ဟုတ်မဟုတ် ၊ မှန် မမှန်(အလ်အစ်စနာအရှရ်)ကျမ်း စာမျက်နှာ  ၁၀ တွင်  အောက်ပါဟ ဒီးစ်တော် အား လေ့လာနိုင်ပါသည်။ မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်ကြားတော်မူသည်။ (( မည်သူမဆို ပညာကြိုးစားရှာဖွေမည်ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် အနေဖြင့်လည်း ၎င်း အတွက် စား နပ်ရိက္ခာ ကို အာမခံ ပေးတော်မူမည် ဖြစ်ပါသည်။ )) စဉ်းစားစရာ ။ ။ အထက်ပါ စကားစုကိုကြည့်ပြီးသွာလေဗင်အေလ်မ်(ခ)သာသနာ့ကျောင်းသား၊သူတိုင်း သည် မိမိတို့ သည် မည်သည့်အတွက်ကြောင့် သာသနာပညာ ကို ဆည်းပူးကြောင်း လေ့လာစိစစ်သင့် ပေသည်။ အကယ်၍ အ လ္လာဟ် ဟို အရှင်မြတ် နှစ်မြို့မှု အတွက်မဟုတ်ဘဲတစ်ခုခုအတွက်ဖြစ်နေမည် ဆိုလျှင် ချက်ချင်းနမာဇ် သောင်ဗာ     ဖတ်ပြီး နီယသ် အမှန် ကို ပြောင်းသင့် ပေသည်။ ဤနေရာတွင် တမန်တော်မြတ်ကြီး (ဆွ) ၊ မောင်လာအလီ (အ.စ) နှင့်အခြား မာစူမ်အေမာမ်များ (အ.စ)အနေဖြင့် ဘာကြောင့်မိမိတို့စားဝတ်နေရေးအတွက်အလုပ်လုပ်ခဲ့ကြပြီးသွာလေဗင်အေလ်မ်(ခ)သာသနာ့ကျောင်းသား၊သူများ

အနေဖြင့်ဘာကြောင့်အလုပ်မလုပ်ကြပါသနည်းဟုစောဒကတက်သူများ ရှိလာနိုင်ပေသည်။ အဖြေမှာ ရှင်းရှင်းလေပင်တည်း ။ တမန်တော်မြတ်ကြီး (ဆွ) ၊ မောင်လာအလီ (အ.စ) နှင့်အခြား မာစူမ်အေ မာမ် များ(အ.စ) ၏ပညာသည် အလ္လာဟ် ဟို အရှင်မြတ် ဖက်တော်မှ အေလ်မ်မေ လဒွန်နီဖြစ် ပေသည်။ သွာလေဗင်အေလ်မ်(ခ)သာသနာ့ကျောင်းသား၊သူများ၏ပညာသည်အေလ်မ်မေလဒွန်နီမ ဟုတ်ချေ။ ၂၄ နာရီ ရှာဖွေကြိုးစား လျှင်တောင် နည်းနေပေသည်။ သွာလေဗင်အေလ်မ်၏ ဖွဇီလသ် (ခ) ကြီးကျယ်မြင့်မြတ်မှု နှင့်ပတ်သက်ပြီး အေမာမ်ဂျအ်ဖရ်ဆွာဒစ် (အ.စ) အနေဖြင့်မိန့်တော်မူထားပါသည်။  ဗေဟာကျမ်း အတွဲ (၁) စာမျက်နှာ ၁၇၃ တွင် မှတ်သား နိုင်ပါသည်။ ((သွာလေဗင်အေလ်မ်(ခ)သာသနာ့ကျောင်းသား၊သူ အတွက်အရာရာတိုင်း ယုတ်စွ ပင်လယ်ပြင်မှ ငါးများ ၊ မိုးကောင်း ကင်မှ ငှက်များ ပင် အဇ်သက္က်ဖာ (ဝန်ချတောင်းပန်းခြင်း) ကို ပြုပေးတော် မူသည်။)) စဉ်းစားစရာ ။ ။ အထက်ပါဟဒီးစ်တော်မှ မီးမောင်းထိုးပြနေသည်မှာ သွာလေဗင်အေလ်မ်(ခ)သာ သနာ့ ကျောင်း သား၊သူ၏အဆင့်အတန်း၊တန်ဖိုးကိုသိနိုင်ပေသည်။သို့ဖြစ်ပေရာ

သွာလေဗင်အေလ်မ်(ခ)သာသနာ့ကျောင်းသား၊သူ တိုင်းသည့် မိမိတို့ ၏ အဆင့်အတန်း၊ တန်ဖိုးကို နှလုံး သွင်းပြီး ငွေ ရှင် ၊ကြေးရှင် ၊ဒေါ်လာရှင်၊စွမ်းအားရှင်တို့နှင့် ၎င်းတို့၏အသုံးတော် ခံမောင်လာနာ များ၊ဇာကေရဟ် များ၏လက်ကိုင် တုတ်မဖြစ်ဖို့အထူးလိုပါသည်။အလ္လာဟ်၊ရစူလ်(ဆွ)နှင့်အဟ်လေ့ဘိုက်(အ.စ)တို့၏လက်ကိုင် တုတ် သာ အထူး ဖြစ်ဖို့ အရေးကြီး လိုအပ်ပေသည်။ သွာလေဗင်အေလ်မ် အား အဟ်လေ့ဘိုက်(အ.စ) အနေဖြင့်လည်း နှစ်သက်မြတ်နိုးတော်မူပါသည်။ ရှီအာအေမာမ်မီယာတို့၏ အကျော်အမော် အာလင်မ် တစ်ပါး ဖြစ်သည့် ဟဇရတ်အာယာသွလ်လ္လာဟ် မိုဂ်ျသဟစ်ဒီ (ရ.ဟ) အနေဖြင့်မိန့်တော်မူသည်။ (( ကျွန်တော် (မိုဂ်ျသဟစ်ဒီ) အနေဖြင့် ဟဇရတ်အာယာသွလ်လ္လာဟ် ဆဒူကီ (ရ.ဟ)ထံတွင် (မိုသောင်ဝါ)ဆိုသည့် စာအုပ်ကိုသင်ခဲ့ပါသည်။ အာယာသွလ်လ္လာဟ် ဆဒူကီ (ရ.ဟ) မိန့်တော်မူ လေ၏။ သွာလေဗင်အေလ်မ် တစ်ယောက် ကွယ်လွန် သွားလေ သည်။ကွယ်လွန်သွားသည့် သွာလေဗင်အေလ်မ် အား အိပ်မက်၊တွင်တွေ့ရာ ဟို အာလမ်မှာ အခြေအနေဘယ်လိုတုန်း လို့မေးလေ၏။ သွာလေဗင်အေလ်မ်မှ အဖြေပေးသည်။ ကျွန်တော်ကို ဒဖ်နာ သည့်အချိန် မေးမြန်းရန် မိုကေရ်နှင့် နာကေရ် ကောင်းကင် တမန် ၂ပါး ကြွမြန်းလာသည်။ ယုတ်တရက် အမီးရွလ် မိုမေနီး အလီ (အ.စ) ကြွမြန်း လာတော် မူပြီး လေသံမာမာဖြင့် ထိုကောင်းကင်တမန် ၂ပါးအား - အသင်တို့ ပြန်ကြပါလေ ၊  သွာလေဗင်အေလ်မ် ဆို မမေးမြန်းနှင့်ဟု မမိန့်ထားပါသနည်း ? ဟု အမိန့် ပေးလေသည်။ )) စဉ်းစားစရာ ။ ။ အထက်ဖြစ်ရပ်ကို ကြည့်ပြီး သွာလေဗင်အေလ်မ် အား အဟ်လေ့ဘိုက်(အ.စ) အနေဖြင့် လည်း နှစ် သက်မြတ်နိုးတော်မူကြောင်း သိနိုင်ပေသည်။ အထူးသတိပြုရန်အချက်မှာ အဟ်လေ့ဘိုက်(အ.စ) တို့၏ အမြင်တွင် သွာလေဗင်အေလ်မ် ဖြစ်ဖို့ အထူးကြိုးစားရပေမည်။ စစ်မှန်သည့် သွာလေဗင်အေလ်မ် တစ်ယောက် ဖြစ်ရန် မလွယ် ကူချေ။ သို့သော် မဖြစ်နိုင်သည့် အရာမဟုတ်ချေ။

အမုန်းမဖက်၊အပြုံးသက်သက်နဲ့ဖတ်ပေးပါ။တိုက်ဆိုင်မှုရှိပါက သည်းခံပြီး ဖတ်ပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါသည်။ ။