$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

သန့်ရှင်းသော အဓိဌာန်နှင့် ယှဟာဒသ်

  • News Code : 392905
  • Source : msm

အဗ်ဒွလ်လာသည် ဟစ်ဂျရီ (၈)ခုနှစ်တွင် မွစ္စလင်မ်ဖြစ်လာသူတစ်ဦးဖြစ်သည်။ အချိန်အတန်ကြာ အောင် ကျမ်းတော်မြတ် ကုရ်အာန်ကို သင်ယူခဲ့လေသည်။ ထိုသို့ သင်ကြားနေစဉ် (ဟစ်ဂျရီ ၉ခုနှစ်အရောက် အစ္စလာမ့်တပ်မတော်နှင့် ရောမသား တို့အကြား ဖြစ်သည့်) သဗုက်စစ်ပွဲ ပေါ်ပေါက်လာလေသည်။ အဗ်ဒွလ်လာသည် တမန်တော်မြတ်(ဆွ)နှင့်အတူ သဗုက် ဘက်သို့ ခရီးနှင်လေ၏။

သဗုက်စစ်မြေပြင်အရောက် တမန်တော်မြတ်(ဆွ)ထံ ပါးသို့ ချဉ်းကပ်ကာ ကျွန်တော်မျိုးအတွက် ယှဟယဒသ်နဖူးစာ ရရှိရန် ဆု မွန်ချွေတော်မူပါ ဟုလျှောက်ထားလေ၏။ တမန်တော်မြတ်(ဆွ)သည် ဂျုံပင်မှ ရိုးပြတ်ဖြင့် ပြုလုပ်ထားသေား ကြိုးယူခဲ့ဟု မိန့်တော်မူရာ အဗ်ဒွလ်လာမှ ရအောင်ဆောင်ကြဉ်းဆက် သလေသည်။ တမန်တော်မြတ်(ဆွ)သည် ထိုကြိုးကို အဗ်ဒွလ် လာ၏ လက်မောင်း တွင် ချည်နှောင်ပေး၍ အို အလ္လာဟိုအသျှင်မြတ် ဤအမျိုးသား၏ သွေးကို ကာဖိရ်သွေ ဖည်ငြင်းပယ် သူတို့ အတွက် ဟရာမ်လုပ်တော်မူပါ။

အဗ်ဒွလ်လာမှ အိုတမန် တော်မြတ်(ဆွ) ကျွန်တော်မျိုး ဤအဓိပ္ပါယ်မျိုးကို မဆိုလိုပါဟု လျှောက်ထားပြန်လေ သည်။ တမန် တော်မြတ်(ဆွ)မှ အလာ့ဟ်လမ်းတွင် ဂျေဟာ့ဒ်လုပ်မည့် မိုဂျာဟီဒ်အနေ ဖြင့် အိမ်မှပြင်ပသို့ထွက်လာပြီး အဖျား ရောဂါ ဝင် ကာ ထိုအာနိသင်ကြောင့် သေဆုံးသွား လျှင် သင်သည် ယှဟီးဒ်ဖြစ်သည်ဟု မိန့်တော်မူလေသည်။ အဗ်ဒွလ်လာသည် အစ္စ လာ့မ် တပ်မတော်သားအဖြစ် သဗုက်၌ အချိန်အတော်ကြာ ပါဝင်ခဲ့ပြီး နာမကျမ်းဖြစ်ကာ ကွယ်လွန်ရှာလေသည်။ အထက်ပါ အဖြစ်အပျက်ကို ထောက်ရှု၍ သန့်ရှင်း သော အဓိဌာန် နီယသ်ဖြင့် အစ္စလာမ့်ရှေ့တန်း စစ်မျက်နှာပြင်သို့ ထွက်လာမည် ဆို ပါက တတ်နိုင် ၍ နာမကျန်းမှုကြောင့်ပင် ဖြစ်စေ သေဆုံးသွားလျှင်လည်း ယှဟီးဒ်များ နှင့် တစ်တန်း တည်းပင်ဖြစ်ကြောင်း သင်ခန်းစာ ရရှိလေသတည်း။

Aalulbayt မှ