$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

မိတ္ထီလာအကြမ်းဖက်မှုသည် နိုင်ငံတကာ ရင်းနှီးမြှပ်နှံလိုသူများအတွက် ခေါင်းခဲစရာဖြစ်လာ

  • News Code : 404044
  • Source : M-Media

   အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ  

မတ်လ ၂၉ ရက်၊ ၂၀၁၃

www.bangkokpost.com ပါ ဆောင်းပါးအား ဆီလျော်သလို မြန်မာပြန်ပါသည်။ (m-media)

 

မြန်မာနိုင်ငံသည် နိုင်ငံတကာဦးဆောင်ကုမ္ပဏီများနှင့်လက်တွဲကာ လယ်ယာစိုက်ပျိုးရေး ၊နိုင်ငံ့ကျောထောက်နောက်ခံ နှင့် ငွေကြေးအခန်းကဏ္ဍများ၌ ဒီမိုကရေစီနည်းကျ ဖွံဖြိုးအောင် ခိုင်မာတည်ငြိမ်အောင် စိတ်ထက်သန်စွာကြိုးပမ်းနေသည့်အတွက် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ မတ်လ ၂၀-၂၁ ရက်တွင် စီးပွားရေးရင်းနှီးမြှပ်နှံမှုဆိုင်ရာထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပခဲ့သည်။

 

မြန်မာနိုင်ငံ၏ဒီမိုကရေစီအပြောင်းအလဲသည် နောက်ကြောင်းပြန်မလှည့်မည့်၊ ကျယ်ကျယ်ပြန့်ပြန့်ပြုပြင်ပြောင်းလဲတည်ဆောက်မည့် လမ်းကြောင်းပေါ်ရှိနေခဲ့ပြီး၊ ရင်းနှီးမြှုပ်နှံရေးနှင့်ကုန်သွယ်မှုအခန်းကဏ္ဍအတွက် အချိန်ဆိုက်ရောက်နေပြီဖြစ်သည်။

 

နိုင်ငံရေးနှင့်စီးပွားရေးအရ နှစ်ပေါင်းများစွာ ဖယ်ကြဉ်ခံထားရသည့် တိုင်းပြည်တစ်ခုအတွင်း စီးပွားရေးလုပ်ငန်းအလားအလာများ သစ်များနှင့် စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံသူများ အစုလိုက် အပြုံလိုက် စိတ်ဝင်တစား ရောက်ရှိလာကြသည်။

 

သို့သော် မန္တလေးနှင့် မဝေးကွာလှသော မိတ္ထီလာမြို့နယ်၌ မွတ်စ်လင်မ်ဒေသခံများအပေါ် ရက်စက်ကြမ်းတမ်းစွာ ဆိုးဆိုးဝါးဝါးအကြမ်းဖက်ကြီးမှုအား လက်ပိုက်ကြည့်လွှတ်ထားခဲ့ခြင်း၊ ဆက်လက်ဖျက်ဆီးနေခြင်းကြောင့် အထက်ပါအချက်နှင့် လုံးလုံးလျားလျားဆန့်ကျင်သည့် အကျိုးဆက်များ ဖြစ်ပေါ်ရသည်။

 

ယင်းထိပ်သီးဆွေးနွေးပွဲကျင်းပသည့်နေ့မှာပင် မိတ္ထီလာမှာ တိုက်ခိုက်ခံရပြီးသည်နှင့် စစ်မက်ဒဏ်ခံရပ်ဝန်းအလား ဖြစ်ပျက်သွားခဲ့သည်။ ဗလီဝတ်ကျောင်းတော်နှင့်ဈေးဆိုင်များ အပါအ၀င် အဆောက်အဦများစွာ ပြာပုံဘ၀ရောက်ခဲ့သည်။ ပြည်တွင်းရှိ မီဒီယာများနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ သတင်းအရ သတ်ဖြတ်ခံရသည့်လူဦးရေမှာ ရာဂဏာန်းအထိ ရှိကြောင်း ဆိုနေသည်။

 

လူတို့ကို ကျောက်ခဲများဖြင့်ပစ်ပေါက်ခြင်း၊ ရိုက်နှက်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းတို့ ရှိခဲ့ကြောင်း မျက်မြင်သက်သေများ က ပြောဆိုလာပြီဖြစ်သည်။ အဆိုးဝါးဆုံးကိစ္စတစ်ရပ်အဖြစ် မိဘမဲ့ကလေးငယ်များပါဝင်သော အစ္စလာမ်ပညာသင် ကျောင်းသား ၂၈ ဦး၊ ဆရာ ၄ ဦးတို့အား ဗုဒ္ဓဘာသာဝင်အကြမ်းဖက်လူအုပ်ကြီးတစ်စုမှ မသေမချင်းရိုက်သတ်ခဲ့ကြောင်း သတင်းပြန့်ကြီးထွားလာခဲ့သည်။

 

ယင်းရက်သတ္တပတ်တစ်လျှောက် နေပြည်တော်၊ ပဲခူး၊ ရမည်းသင်း၊ ရန်ကုန် အစရှိသော နိုင်ငံဒေသအများအပြား၌ စိုးရိမ်သောကများ၊ အကြမ်းဖက်မှု များ ကျယ်ပြန့်သွားသည်။ နာမည်ကြီး ဗိုလ်ချုပ်အောင်ဆန်းဈေးနှင့် ကြယ်ငါးပွင့်ဟိုတယ်များမှ မိနစ်ပိုင်းမျှခရီးတာရှိ ရန်ကုန်မြို့လယ်ခေါင်မှ မွတ်စ်လင်မ်ဈေးဆိုင်များ၊ ဗလီဝတ်ကျောင်းတော်များကို တနင်္ဂနွေနေ့ညဥ့်ပိုင်းတွင် ရန်ပြုတိုက်ခိုက်လုမတတ်ဖြစ်ပွားခဲ့ပြီးနောက် ထရပ်ကားသုံးစီးဖြင့် လက်နက်ကိုင်လုံခြုံရေးအဖွဲ့များ စေလွှတ်ခဲ့ရသည်။

 

လတ်တစ်လောအကြမ်းဖက်မှုများသည် အပြန်အလှန်ပဋိပက္ခအသွင်မဆောင်၊ ၄င်းပြင် လူနည်းစုတို့အား စံနစ်တကျအကွက်ချတိုက်ခိုက်မှုများ၏ လက္ခဏာမှာ အထူးပေါ်လွင်နေသည်။ မိတ္ထီလာ၌ တိုက်ခိုက်မှုအရှိန်အဟုန်မြင့်မားစဉ်က တုန်လှုပ်နေကြသော ဒေသခံဗုဒ္ဓဘာသာဝင်တို့သည် မွတ်စ်လင်မ်တို့အား မိမိတို့၏နေအိမ်များအတွင်း ခိုကိုးရာပေးကာကွယ်၍တစ်မျိုး မြို့နှင့်ဝေးရာသို့ပို့ဆောင်ပေးခြင်းဖြင့်တစ်ဖုံ အသက်စွန့်ကယ်တင်ခြင်းများလည်း ဧကန်ဖြစ်ပွားခဲ့သည်။

 

မိတ္ထီလာတိုက်ခိုက်မှုကြီးဖြစ်ပွားအောင်လှုံ့ဆော်ချက်ဟု လူသိများကြသော လက်ရှိ ၉၆၉ လှုပ်ရှားမှုအပါအ၀င် လပေါင်းများစွာကတည်းက မွတ်စ်လင်မ် ဆန့်ကျင်ရေးအတွက် သွေးထိုးပေးနေသည့်အုပ်စုများအား သတိထားကြရန် ပြည်တွင်း မွတ်စ်လင်မ်အဖွဲ့အစည်းများမှ သတိပေးလျက်ရှိသည်။ မွတ်စ်လင်မ်ဆန့်ကျင်ရေး လှုပ်ရှားမှုလုပ်ရပ်များမှာ လွန်ခဲ့သည့် လအနည်းငယ်လောက်မှစ၍ တရိပ်ရိပ်တိုးပွားလာခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၁၇ ရက်က ရန်ကုန်မြို့ဆင်ခြေဖုံးရှိ အစ္စလာမ်ဘာသာရေးစာသင်ကျောင်းတစ်ခုအား အကြမ်းဖက်ဗုဒ္ဓဘာသာဝင် ၃၀၀ ရှိလူအုပ်မှ ဖြိုချဖျက်ဆီးသည့်ကိစ္စမှာလည်း အပါအ၀င်တစ်ခုဖြစ်သည်။

 

၉၆၉ လှုပ်ရှားမှုခေါင်းဆောင် ဘုန်းတော်ကြီး ဦးဝီရသူ၏ဟောကြားချက်တစ်ခုတွင် “ (ဗုဒ္ဓဘာသာဝင်)လူထုအား ကျွန်ုပ်တို့မှ စုစည်းလှုပ်ရှားခြင်း မရှိပါမူ နိုင်ငံသည် (မွတ်စ်လင်မ်)ရန်သူတို့၏လက်ထဲသို့ ကျရောက်တော့မည်၊ ဤတိုက်စစ်အောင်မြင်သည်နှင့် အခြားမွတ်စ်လင်မ်ပစ်မှတ်များထံ ကျွန်ုပ်တို့ ဆက်လက် ဦးတည်မည်၊ ကျွန်ုပ်တို့၏ပစ်မှတ်များအပေါ် ဆက်လက် စစ်ဆင်သွားမည် ” ဟူသော အဓိပ္ပာယ်မျိုး ပါဝင်နေခဲ့သည်။ ယင်းဟောပြောချက်မှတ်တမ်းသည် ပြီးခဲ့သည့်တနင်္ဂနွေနေ့က အွန်လိုင်းမျက်နှာစာပေါ်သို့ ရောက်လာခဲ့သည်။

 

၉၆၉ လှုပ်ရှားမှုအုပ်စုသည် မွတ်စ်လင်မ်တို့ကို ထိုးစစ်ဆင်ရန် လက်ကမ်းစာစောင်များ၊ စီဒီနှင့်ဗီစီဒီအခွေများ ဖြန့်ဝေခြင်းအားဖြင့် နိုင်ငံတစ်ဝှန်း တက်ကြွစွာ ဆောင်ရွက်နေဆဲဖြစ်သည်။

 

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဗီယာသည် ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် မိတ္ထီလာမြို့သို့ သွားရောက်ကြည့်ရှုခဲ့သည်။ ယင်းကိစ္စ၏တာဝန်ရှိသူများအား အရေးယူဆောင်ရွက်ရန် အစိုးရကိုလည်း တိုက်တွန်းခဲ့သည်။ သို့ရာတွင် ဤအကြမ်းဖက်မှုကြီးဖြစ်အောင် တွန်းပို့ခဲ့သူအချို့ကို ဗုဒ္ဓဘာသာဝင်လူ့အဖွဲ့အစည်းကိုယ်စားပြု သံဃာတော်များအဖြစ် ကုလသမဂ္ဂအရာရှိ များနှင့်တွေ့ဆုံစေခဲ့သည်။ လက်နက်ကိုင်အကြမ်းဖက်ကျူးလွန်သူအချို့အား ဖမ်းဆီးထိန်းသိမ်းသော်လည်း အကြမ်းဖက်မှုနောက်ကွယ်မှကြိုးကိုင်နေ သူများကိုမူ လွတ်လပ်ခွင့်ပေးထားဆဲဖြစ်သည်။

 

မြန်မာအစိုးရဖက်မှ ထိခိုက်ခံဒေသများသို့ လုံခြုံရေးတပ်များစေလွှတ်၍ အရေးပေါ်အခြေအနေကိုထုတ်ပြန်ခဲ့သည်။ အကြမ်းဖက်မှုကိုရှုတ်ချကြောင်း၊ ဒီမိုကရေစီတည်ဆောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်အား ယိမ်းယိုင်စေမည့် အကြမ်းဖက်မှုနှင့်ဘာသာရေးအစွန်းရောက်မှုများ ကို ရှောင်ကြဉ်ကြရန် နိုင်ငံသားတို့အား တိုက်တွန်းမှာကြားကြောင်း သမ္မတဦးသိန်းစိန်သည် နိုင်ငံပိုင်ရုပ်မြင်သံကြားမှ တနင်္လာနေ့တ