$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ဧရာဝတီမှ ဦးဇင်း ဝီရသူ အင်တာဗျူးနှင့် ပတ်သက်ပြီး မေးချင်တာလေးများ

  • News Code : 404591
  • Source : m-media

၂၀၁၂ မေလ ၃၀ ရက်နေ့တွင် ကြံခိုင်ရေးပါတီ ဗဟို အထွေထွေ အတွင်းရေးမှူး ဦးအောင်သောင်းမှ ဦးဝီရသူထံ လာရောက်တွေ့ဆုံစဉ် (ရခိုင်အရေးအခင်း မဖြစ်မှီ ၁ ပတ်ခန့်အလို)ဓါတ်ပုံ FaceBook မှ ကူးယူဖော်ပြပါသည်။

ဦးဇင်း ၀ီရသူရဲ့ အင်တာဗျူး ဖတ်ပြီးတဲ့အချိန် စိတ်ထဲမှာ မေးချင်စိတ်ပေါက်လာတာလေးတွေရှိလို့ ရေးခြင်းဖြစ်ပါတယ်။ ကျွန်မ အစ္စလာမ် ဘာသာဝင်တစ်ယောက်ပါ။ ဗုဒ္ဓဘာသာကိုလဲ တော်တော်များများလေ့လာထားပါတယ်။ ကျွန်မရေးတဲ့စာနဲ့ ပတ်သက်ပြီး လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ်။ ကြိုက်တဲ့အချိန်လဲ ဆွေးနွေးနိုင်ပါတယ်။

မေးခွန်း (၁)ရဲ့ အဖြေတွေထဲက စိတ်ထဲမှာ မတင်မကျဖြစ်နေတာလေးတွေက———-မိတ္ထီလာကိစ္စမှာ အသေအပျောက်များခြင်းဟာ မွတ်စလင်မ်တွေက “ နောက်တနေ့ မနက် ၄ နာရီ လုံခြုံရေးတွေ ရုပ်သွားတဲ့အခါကျတော့ ပုန်းအောင်းနေတဲ့ မွတ်စလင်တွေ သွေးကြွသွားပြီးတော့ ကြွေးကြော်သံတွေ ကြွေးအော်တယ်။ ကျန်တဲ့သူတွေက သံပြိုင်အော်ကြတယ်။ အဲဒီတော့မှ မြို့လူထုက မွတ်စလင်တွေ ဒီမှာရှိတယ်ဆိုပြီးတော့ သိသွားကြတယ်။ သိသွားတဲ့အချိန်မှာ လာဝိုင်းကြတယ်။” လို့ ဆိုထားပါတယ်။

ကျွန်မရဲ့ သာမန် အတွေးလေးနဲ့ပဲ တွေးကြည့်မိတာပါ။ တကယ်တမ်းဆိုရင် လုံခြုံရေးရှိနေတုန်း အော်ရင် တစ်ခုခုဖြစ်ရင်တောင် လုံခြုံရေးတွေ အားကိုးနဲ့ ပိုမိုက်လို့ ရနိုင်တာကို လုံခြုံရေးတွေ ရုပ်သွားမှ အော်တယ်ဆိုတော့ အဲဒီ မွတ်စလင်မ်တွေက လာဝိုင်းတဲ့ ဗမာလူအုပ်ထက် ပိုသတ္တိကောင်းပုံရတယ်လို့ ခံစားမိတယ်။

မေးခွန်း (၂) ရဲ့ အဖြေ ထဲမှာ မတင်မကျ ဖြစ်မိတာက——————“တကယ်တန်းကျတော့ သူတို့မှာ ဘာလက်နက်မှ မရှိဘူး။ ၁၀ ယောက်မှာ ၁ ယောက်ပဲ တုတ်ပါတယ်။ အဲဒီတုတ်ကလည်း အိမ်ဖျက်ဆီးထားတဲ့နေရာကနေ ပါလာတဲ့တုတ်။ အဲဒါပဲ။ ကိုယ်က တုတ်ပဲ ပါတယ်။ ဘာလက်နက်မှ မပါဘူး။ ဟိုကလူတွေက ဓားတွေနဲ့ ဆီးခုတ်တယ်ဆိုတော့ အတုန်းအရုန်း ကျတယ်ဗျ။ ဒုတိယနေ့ကလည်း ဘယ်သူမှ မစီစဉ်ဘူး။ အသံကြောင့် ဖားသေဖြစ်သွားတာ။” လို့ ဖြေထားပါတယ် ။

အဲဒါနဲ့ ပတ်သက်ပြီးတော့လဲ ကျွန်မ တွေးမိတာက ရှိရှိသမျှသော ဓာတ်ပုံအများစု၊ ဗီဒီယိုဖိုင်တွေထဲမှာတောင် တွေ့နိုင်တာက လုံခြုံရေးတွေ ကြားထဲက တိုးထွက်လာတဲ့ လူတွေမှာတောင် နံပါတ်တုတ်လိုမျိုး အရာတွေ၊ နောက် တစ်ချို့ပုံတွေမှာဆို ဓားအိမ်နဲ့ ဓားလွယ်ထားတဲ့ လူတွေ ၊ အဲဒီလူတွေက ဘယ်က ရောက်လာပါသလဲ။ ပြီး ကြိုတင်မစီစဉ်ခဲ့ဘူးဆိုရင် အဲဒါတွေ ဘာလို့ အဆင်သင့်ပါနေရတာလဲ။

မေးခွန်း (၃) အတွက် အဖြေထဲက————————-“ ဦးဇင်းတရားဟောတုန်းက အဲဒီမှာ စတေကာတွေ ၂၅ လောက် ဖြန့်ခဲ့တယ်။ အဲဒီစတေကာကလည်း Save Our Future အဲဒါလေးပါပဲ။”

အဲဒါဆိုရင် “ရန်ကုန်လို မြို့ကြီးမှာတောင် အလကားလိုက်ဝေနေတဲ့ တရားခွေတွေ၊ စတစ်ကာတွေ — စတာတွေကို ဘယ်သူက အကုန်အကျခံပြီး ဝေပေးနေတာလဲ၊ ဖြန့်ဖြူးနေတာလဲ “

မေးခွန်း (၄) ရဲ့ အဖြေ ထဲက——“ ဦးဇင်း အခု အမှုတွေ အများကြီးကိုင်တွယ်ထားတယ်ပေါ့။—————- ဒီအမှုတွေအားလုံးကို ဦးဇင်းဆီမှာ ၅၀ ကျော် လက်ခံထားပြီးတော့ တယ်လီဖုန်းနဲ့ ဖြေရှင်းပြီး—————–“

ကျွန်မသိထားတဲ့ သံဃာဆိုတာ လူတွေကို တရားရေအေး တိုက်ကျွေးပြီး သူတို့ကိုယ်တိုင် လောကီဘောင်ကိစ္စအ၀၀ ကိုစွန့်ခွာထားသူတွေပါ။ ခု ဦးဇင်း ၀ီရသူအနေနဲ့ အမှုတွေ အများကြီးကိုင်တွယ်ထားတယ် ဆိုတာဟာ ၀ိနည်းနဲ့ ညီပါရဲ့လား။ သံဃာ အလုပ်မလုပ်ဘဲ လူ့ဘောင်ရေးရာတွေမှာ ၀င်ပါနေသလို ဖြစ်မနေဘူးလား။ နောက်ပြီး မြန်မာနိုင်ငံဟာ ပြည်သူ့ရဲ၊ စစ်တပ်နဲ့ တရားရေး ဆိုင်ရာ မဏ္ဍိုင်တွေအစား ဦးဇင်းကို အားကိုးရတယ်ဆိုတော့ တရားရေးဝန်ကြီးဌာနရဲ့ အထက်မှာ ဦးဇင်း ရှိနေတာလား “ လို့ တွေးမိပါတယ်။

မေးခွန်း(၅)—————-“ သာသနာရေး ၀န်ကြီးဌာန ကတောင် ခွင့်မပြုထားတဲ့ တံဆိပ်တစ်ခုကို တတ်သလောက် မှတ်သလောက် လိုက်ဖြန့်ဖြူးတယ် “ လို့ ဆိုထားတဲ့ အတွက် — ဗုဒ္ဓဘာသာသည် ယခုကဲ့သို့ promote လုပ်မှသာလျှင် ခိုင်မြဲမည်ဟု ယုံကြည်ပါသလား။ ကျွန်မ နားလည်တာကတော့ ဘာသာတရား ယုံကြည်မှုဆိုတာ မိမိရဲ့ အတွင်းစိတ်သဏ္ဍာန်ထဲမှာ ကိန်းအောင်းတဲ့ အရာ ဖြစ်တဲ့အတွက် အပေါ်ယံ promote လုပ်ခြင်းဟာ အဓိက အနှစ်သာရ မဟုတ်ပါဘူး။

နောက်ပြီး– ဦးဇင်းက ခုလို ပြောလိုက်ခြင်းအားဖြင့် ဗုဒ္ဓဘာသာဝင်များသည် ယုံကြည်မှုပိုင်းဆိုင်ရာမှာ အလွန်အမင်းအားနည်းလာသည် ဟု သွယ်ဝိုက်သော နည်းဖြင့် စော်ကားလိုက်သည်ဟု ခံစားမိပါသည်။

မေးခွန်း (၆)————————“NLD က ခွပ်ဒေါင်းမဟုတ်ဘူး။ မွတ်စလင်တွေရဲ့ မွတ်ဒေါင်းလို့ ဆိုထားပါတယ်။” “ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဒီလိုနှုတ်ဆိတ်သွားသလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည် နားရောက်နေတဲ့ သူတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆတယ်။” “မြို့တွေတော်တော် များများရဲ့ NLD ရုံးတွေမှာ ရုံးထိုင်တာက မွတ်စလင်တွေများတယ်။ သူတို့တတွေကြောင့် ဗမာတွေက NLD ရုံးကို သွားပြီးတော့ လှည့်ပြန်လာရတယ်။” “ဓမ္မနဲ့ အဓမ္မမှာ အမြဲတမ်း ဓမ္မဘက်က ရပ်တည်နေပါတယ်ဆိုတဲ့ မင်းကိုနိုင်က ပထမ ရခိုင်အရေးအခင်းမှာ တကယ်တန်းကျတော့ ဓမ္မဘက်မှာ ရပ်တည်တာ မတွေ့ရတော့ဘူး။ အဲဒါကြောင့် အဲဒါကို ထည့်ဟောတာ။”

အဲဒီအချက်တွေနဲ့ ပတ်သက်လို့———– ပထမ အချက်—— NLD သည် နိုင်ငံတော်တွင် တရားဝင် မှတ်ပုံတင်ထားသော ပါတီဖြစ်သောကြောင့် ဦးဇင်းအနေနဲ့ ယခုကဲ့သို့ ပြောဆိုခြင်းသည် အသရေဖျက်မှု မြောက်တာ သိပါသလား။ ဒုတိယအချက်— ယူဆတယ်လို့ သုံးထားတဲ့အတွက် ဦးဇင်းကိုယ်တိုင် သေချာမသိဘဲ မိမိရဲ့ ကိုယ်ပိုင် အမြင်နဲ့ ဆုံးဖြတ်တာ ဖြစ်တယ်လို့ တွေးမိပါတယ။် တတိယအချက်— ကျွန်မ တို့ မြန်မာနိုင်ငံဟာ အခုအချိန်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ နိုင်ငံဆီသို့ အသွင်ကူးပြောင်းနေတဲ့ကာလ ဖြစ်တဲ့အတွက် အရည်အချင်းရှိတဲ့ မည်သူမဆို နေရာက မရှားပါဘူး။ မွတ်စလင်မ်တွေက ရုံးမှာရှိနေလို့ ဗမာတွေက ပြန်လာရတယ်ဆိုတာက အဓိပ္ပါယ်ရှိရဲ့လား လို့ တွေးမိပါတယ်။ တကယ်တမ်း အရည်အချင်းရှိမယ်ဆိုရင် အဲဒီလူအတွက် လုပ်စရာ အလုပ်တွေက ရှိနေတဲ့ အချိန်တောင် လောက်မှာ မဟုတ်ပါဘူး။ စတုတ္ထအချက် ————- ဓမ္မ = တရားမှု ၊ အဓမ္မ = မတရားမှု လို့ သိထားပါတယ်။ မှားခဲ့ရင် ပြင်ပေးပါ။ အဲဒီတော့ ကိုမင်းကိုနိုင် အနေနဲ့ ရခိုင်အရေးအခင်းမှာ ဓမ္မ ဘက်မှာ မရပ်ဘူးလို့ ဆိုရင် အဲဒီ ဓမ္မ ဆိုတဲ့အရာက စစ်မှန်တဲ့ ဓမ္မ ဟုတ်မနေလို့ရော မဖြစ်နိုင်ဘူးလား။

မေးခွန်း (၇)——— ။ဆရာတော်ရဲ့ ဟောပြောချက်တွေမှာ အစ္စလမ်ဘာသာဝင်တွေရဲ့ ၇၈၆ အမှတ်တံဆိပ်ရေးထားတဲ့ ဆိုင်တွေမှာ အားမပေးရဘူးလို့ ပါနေတော့ ဘာသာရေးနဲ့ လူမျိုးရေး ခွဲခြားမှုတွေဖြစ်ပြီး လူ့အဖွဲ့အစည်း ကြားမှာ မယုံကြည်မှုတွေ၊ မုန်းတီးမှုတွေ မဖြစ်စေနိုင်ဘူးလားဘုရ