$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

သာမာန် ပြည်သူကနေ နာရီပိုင်းအတွင်း သွေးဆာနေတဲ့ သူခိုး ဓားပြတွေ ဘာကြောင့် ဖြစ်ကုန်တာလဲ

  • News Code : 414983
  • Source : မြန်မာမီဒီယာ
Brief

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ဥက္ကံမြို့မှာဖြစ်ပွားခဲ့တဲ့မွတ်စလင်မ်အကြမ်းဖက်မှုမှာ နာရီပိုင်းအတွင်း လူစုလူဝေးတခုကနေ လူရမ်း ကားလူအုပ်ကြီးတခုလိုဖြစ်သွားခဲ့ပါတယ်။ နေ့ တဓူဝ ကိုယ့်ဝမ်းစာကိုယ်ရှာနေတဲ့ သာမန်မြန် မာတွေ၊ မြို့ သူမြို့ သား ရွာသူရွာသားတွေကနေ ချက်ချင်းလက်ငင်းဆိုသလို လူကြမ်းလူရမ်း ကားတွေ အသွင်ဖြစ်ကုန်ပြီး တကယ့်ကို သူခိုးဓားပြ ဆန်ဆန် ပစ္စည်းတွေဖျက်၊ မီးတွေရှို့ ၊ လူတွေကို ရိုက်နှက်တိုက်ခိုက်၊ ပစ္စည်းတွေခိုးယူ လုယူတဲ့ ဒုစရိုက်သားကောင်တွေလို ချက်ချင်းဖြစ်ကုန်တယ်။ တစ်ယောက်စ နှစ်ယောက်စ မဟုတ်ပဲ လူရာနဲ့ ချီတဲ့ ခိုးဆိုးလုယက်သောင်းကျန်းသူတွေဖြစ်ကုန်တယ်။

ဒီလို ချက်ချင်းမတ်တပ် သူခိုးဓားပြအုပ်စုလိုဖြစ်သွားတာဟာ ပေါ့သေးသေးကိစ္စမဟုတ်ပါ။

အမျိုးသမီးတစ်ယောက် လူအများသွားလာတဲ့ ဈေးမှာ ကိုယ်ရင်တစ်ပါးနဲ့ တိုက်မိရာက နာရီပိုင်းအတွင်း လူအုပ်စုကြီးက ခိုးဆိုး လုယက်မှုတွေဖြစ်သွားတယ် ဆိုကတည်းက တိုင်းပြည်အတွက် အတော့်ကို စဉ်းစားရတော့မယ့် အနေအထားပါ။ မြန်မာနိုင်ငံသား အားလုံး ခေါင်းအေးအေးထားပြီး သေချာ စဉ်းစားကြည့်ပါ။ ကုလားမုန်းတာခနထား လက်ရှိ ဖြစ်နေတဲ့ တိုင်းပြည်အနေအထားကို သေချာဆန်းစစ်ကြည့်ပါ။

မြန်မာပြည်မှာ ထစ်ခနဲဆိုရင် ၀ုန်းဒိုင်းဆိုပြီး ခိုးဆိုးလုယက် ဖျက်ဆီးမီးရှို့ ရိုက်နှက်သတ်ဖြတ်မှုကို နာရီပိုင်းအတွင်း လုပ်လို့ ရအောင် ဖန်တီးထားပြီးတဲ့ အဆင့်ရောက်နေပြီလား။ Organized crime လို့ ခေါ်တဲ့ စနစ်တကျဖွဲ့ စည်းလုပ်ဆောင်တဲ့ ဒုစရိုက်မှုအတွက် အဲ့ဒီလောက် လျင်လျင်မြန်မြန် လုပ်နိုင်အောင် လူတွေကို စည်းရုံး ဖွဲ့ စည်းထားပြီးပြီလား။

သေချာစဉ်းစားကြည့်ပါ။ အကြမ်းဖက်မှုကိုလုပ်နေတဲ့လူတွေက မနေ့ တနေ့ ကမှ ထောင်ကနေထုတ်ပြီး လုပ်ခိုင်းတဲ့ ဒုစရိုက်သားတွေမဟုတ်ဘူး။ မြို့ထဲ ရွာထဲမှာ နေနေတဲ့ သာမန်ပြည်သူတွေ။ ဒီလူတွေကို ချက်ချင်းဆိုသလို သူခိုးဓားပြတွေလို ဖြစ်အောင်လုပ်လိုက်နိုင်တဲ့၊ လုပ်ထားနိုင်တဲ့ အဆင့်ရှိသွားပြီလား။ သာမန်ပြည်သူတွေကို နာရီပိုင်းအတွင်း သွေးဆာနေတဲ့ လူတွေဖြစ်သွားအောင် လုပ်ထားပြီးပြီလား။

မိထ္တီလာမှာလည်း ခနလေးအတွင်း လက်က်ရဲဇာတ်ရဲ သတ်ဖြတ်တဲ့ လူအုပ်စုကြီးဖြစ်သွားတယ်။ ကလေးတွေကအစ ဓားတွေဒုတ်တွေနဲ့  လူအရှင်လတ်လတ် မီးရှို့ တဲ့အဆင့်ဖြစ်ကုန်တယ်။ ပဲခူးမှာလည်း ဒီလိုပဲ။ ခုဥက္ကံမှာလည်းဒီလိုပါပဲ။

ဟုတ်ပါတယ်။ ခုလို နေ့ တဓူဝ လုပ်ကိုင်စားသောက်နေတဲ့ သာမန်မြန်မာတွေကို နေရာအတော်များများမှာ ၉၆၉  နောက်ကာဗာယူပြီး အကြမ်းဖက်မှုတွေလုပ်ဖို့  စည်းရုံးသွေးထိုးနေတာရှိပါတယ်။

ပြီးခဲ့တဲ့လတုန်းက မြန်မာပြည်အောက်ပိုင်းတစ်နေရာမှာ ကွမ်းယာဆိုင်မှာရပ်နေတဲ့ မွတ်စလင်သူငယ်ချင်းတစ်ယောက်က သူများခေါ်ရာရောယောင်ပြီး လူအုပ်စုတစုနဲ့ လိုက်ပါသွားတယ်။ အဲ့ဒီမှာ ၉၆၉ တရားပွဲကရှိနေတယ်။ အဲ့ဒီ တရားပွဲနေရာနဲ့  မခန့် မလှမ်းမှာ လူဝတ်နဲ့ လူတစ်ယောက်က ကုလားတွေကို အကြမ်းဖက်ဖို့ ဆိုပြီး စည်းရုံးနေတယ်။ ကုလားတွေဟာ မကြာခင် ဗမာတွေကို တိုက်မှာဖြစ်တဲ့အကြောင်း၊ အခုကတည်းက ကုလားတွေကို မတိုက် မနှိပ်ကွပ်ရင် ကုလားတွေက ဗမာတွေကို တိုက်မှာဖြစ်တဲ့အကြောင်း၊ ဗုဒ္ဓဘာသာကိုကာကွယ်ဖို့  ကုလားတွေကို နှိပ်ကွပ်ရမှာမလို့  လူတွေကို သင်တန်းပေးမှာဖြစ်ကြောင်း၊ တိုက်ခိုက်နည်းသင်တန်းတက်တဲ့အချိန်နဲ့  အမှန်တကယ်တိုက်ခိုက်တဲ့နေ့ အတွက် တစ်ယောက်ကို တရက် ၅၀၀၀ ကျပ် ပေးမှာဖြစ်တဲ့အကြောင်းပြောတယ်။

အဲ့ဒီထဲက လူတစ်ယောက်က ရဲတွေကဖမ်းရင် ဘယ်လိုလုပ်မလဲလို့ မေးတော့ ရှင်းပြနေတဲ့လူက ခင်ဗျားတို့ ကို ကဒ်ထုတ်ပေးထားမယ်၊ ရဲဖမ်းရင် အဲ့ဒီကဒ်ပဲ ထုတ်ပြလိုက်လို့ ပြောတယ်။ တိုက်ခိုက်ရင်း တခုခုဖြစ်ခဲ့မယ်ဆိုရင် မိသားစုကို တာဝန်ယူမဲ့အကြောင်းလဲ ပြောပါတယ်။

အဲ့ဒီမွတ်စလင်က မွတ်စလင်ရုပ်မထွက်တဲ့အတွက် သူ့ ကို ဗမာလို့ ထင်ပြီး ခေါ်သွားတာဖြစ်တယ်။ ၀ိုင်းထိုင်ပြီးနားထောင်နေရာမှာ သူ့ ကိုမြင်ပြီး မွတ်စလင်မှန်းသိမှာစိုးလို့  ခေါင်းငိုက်စိုက်ထားတာ မလို့  မူးလဲတော့မလိုဖြစ်ပြီး မနည်းထိန်းထားရတဲ့အကြောင်း၊ နောက်နေ့ တွေမှာ မသွားရဲတော့ပဲ သူမလာလို့ ဆိုပြီး နောက်က လိုက်ရှာမှာ စိုးရိမ်လို့  မိသားစုနဲ့  ခရီးထွက်သွားခဲ့ပါတယ်။

ခုလို စည်းရုံးမှုတွေကြောင့် ရိုးသားပါတယ်ဆိုတဲ့ မြန်မာတွေ၊ ကိုယ့်မြို့ ကိုယ်ရွာမှာ နေ့ ချင်းညချင်း သူခိုးဓားပြတွေလိုဖြစ်ကုန်ပြီး သွေးဆာနေတဲ့ အကြမ်းဖက်သမားတွေဖြစ်ကုန်တာပါ။

ဒီလိုပဲ ဆက်ကြည့်နေကြမလား၊ ကိုယ့်မြို့ ကိုယ်ရွာမှာရော ကိုယ်တွေ့ နေကျလူတွေကို အကြမ်းဖက်ဖို့  စည်းရုံးထားပြီးပြီလား။ အကြမ်းဖက်မှိုင်းတွေမိနေပြီလား။

၂၀၁၅ ရွေးကောက်ပွဲမှာ သာမာန်ပြည်သူကနေ ခုလို သွေးဆာနေတဲ့ သူခိုးဓားပြတွေဖြစ်အောင် လုပ်ပြီး အာဏာသိမ်းအုံးမှာလား။ ကုလားကိုချတာမလို့  ကြိတ်ပြီးကြည့်နေမယ်ဆိုရင် ဖောက်ပြီးသားလမ်းပေါ် လျှောက်လာကြတဲ့အခါ —

** ဆောင်းပါးရှင်၏ အမြင်နှင့် သုံးသပ်ချက်သာဖြစ်သည်။