$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

လှည်းဝင်ရိုးသံတညံညံ ပုဂံဘုရားပေါင်း (သရော်စာ)

  • News Code : 427315
  • Source : မြန်မာ မီဒီယာ
Brief

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ

ပုဂံမှာ ဗလီဆောက်မည်ဆိုသည့်အကြောင်း အခုတစ်လော တစ်သောသောညံနေသည်

မျိုးချစ်ပုဂ္ဂိုလ်ကြီးများ တင်ပြသောသတင်းဖြစ်ပါသည် ဗိုလ်ခင်ညွန့်ထံ ထောက်လှန်းရေး သင်တန်းတွေဘာတွေ တက်ဖူးသည် ထင်ပါ့ သတင်းက အတိအကျ ခိုင်ခိုင်လုံလုံ ယုံလောက်အောင် တင်ပြထားသည်

ကာယကံရှင် မွတ်စလင်မ်များဘက်ကတော့ ဘာသံမှမထွက် လျှို့ဝှက်စိမ်းကားနိုင်လွန်းသည် တကယ်ဆို ကြိုပြောဖို့တော့ ကောင်းတာပေါ့အဘိုင်တို့ ဟိုတစ်ခါ ဗလီတွေမှာ မြေအောက်ခန်းတွေ လက်နက်တိုက်တွေ အခိုင်အမာဆောက်ထားတယ်ဆိုတုန်းကလဲ ဟိုလူတွေပြောမှသိရ အဘိုင်တို့က ကွမ်းငုံနှုတ်ပိတ် တကယ်ရှာကြည့်တော့ ဘာမှမရှိ ဟိုလူတွေပြောတုန်းက တစ်ကယ်ရှိတာသိလို့ပြောတာလေ ရှာလို့မရှိတာကတော့ မရှိတာကိုရှာလို့ဖြစ်မှာပေါ့ ဥပမာ ဗလီက ပူတာအိုမှာ သူ့မြေတိုက်ခန်းက ကော့သောင်းမှာ ဒီလို ဒီလို လှည့်ကွက်လေးတွေရှိနိုင်သည်လေ ဟုတ်ဘူးလား အလွယ်တကူတွေ့အောင်တော့ အောက်တည့်တည့်မှာ ဘယ်ထားပါ့မလဲ နော့….. အခု ပုဂံဗလီဆိုတာလဲ ဟိုလူတွေဒီလောက် အသေအချာပြောနေမှတော့ ဟုတ်ကိုဟုတ်ရမည် မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့်ကလဲ မွတ်စလင်မ်တွေဆို မျက်နှာသာပေးတတ်ပါဘိသနဲ့ ဆောက်ခွင့်ပေးမှာသေချာသည်… ပုဂံမြေမှာက မွတ်စလင်မ်အင်အား .001% လောက်တောင်ရှိတာဆိုတော့ မွတ်စလင်မ်ခေါင်းဆောင်ပိုင်းအနေနဲ့ကလဲ မဖြစ်မနေ ဆောက်ဖြစ်အောင် ဆောက်ပေးမှသင့်မည်

အို …… မျိုးချစ်အပေါင်းတို့ ဒီလောက်သေချာနေတာ ပုဂံကိုကြိုတင် ကာကွယ်ကြလေလော့ ပုဂံအထိ မသွားနိုင်လျှင်လဲ ထုံးစံအတိုင်း ကိုယ်နဲ့နီးတဲ့ ကုလားဆိုင်တွေ ကုလားအိမ်တွေ ကုလား ဗလီတွေကို ဖျက်ဆီး၍ ပုဂံကို ကာကွယ်ကြကုန်လော့ ပုဂံမဟုတ်လဲ နောက်တစ်မျိုးပြီး နောက်တစ်မျိုး မရိုးနိုင်သော အကြောင်းပြချက်ပေါင်း သောင်းခြောက်ထောင်လောက်နဲ့ ဆော်ပလော်တီးမှာဘဲ မဟုတ်လား ဆော်ကြကုန်လော့

သာဓု သာဓု သာဓု