$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

သိက္ခာနှင့်ရိက္ခာ

  • News Code : 647061
  • Source : yoyarlay
Brief

ကျွန်မအတွေးအဆုံး ဆရာမဟူသော ဂုဏ်သိက္ခာကို အတတ်နိုင်ဆုံးထိမ်းသိမ်းသွားပြီး ဆင်း ရဲနွမ်းပါးစွာ ပညာရှာနေသော တောနေကလေးသူငယ်ကျောင်းသား။ကျောင်းသူလေးများ၏ ဘ၀ကို အတတ်နိုင်ဆုံး စေတနာထားကျိုးပမ်းဆောင်ရွက်သွားတော့မည်ဟု သံဓိဌာန်ချကာ သူငယ်ချင်း သက်ထားဆွေ ဖုန်းနံပါတ်ရေးထားသော စက္ကူလေး အားလုံးချေလွှင့်ပစ်လိုက်ပြီး ဈေးအတွင်းမှ ထွက်ခွါလာခဲ့ ပါတော့သည်။


    အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

==========================================

ကျွန်မ ဟင်္သာတ ဈေးကြီး အတွင်း ဈေးဝယ်နေစဉ် နောက်မှ

 ခေါ်သံကြောင့် လှည့်ကြည့် လိုက်ပါသည်။

" ဟဲ့ နင်ဖွေးဖွေး မဟုတ်လား " အသံကို သိသော်လည်း မျက်နှာကို သေသေချာချာ ပြန်ကြည့် နေမိသည်။ " ဘာစိုက်ကြည့် နေတာလဲ ငါ သက်ထား ဆွေလေ "

" သြော်မှတ်မိပြီ သက်ထား နင်အခု ဘယ်ရောက်နေ တာလဲ ။ နင့်မျက်နှာကို မနဲငါ ပုံဖမ်းယူရ တယ်ဟယ် ။ ငါတို့ ကျောင်းပြီးသွား ကတည်းက ကွဲသွားလိုက်တာ။ နင်ကအရင်ကနဲ့ လုံးဝ မတူတော့ဘူး။ ၀တ်စား ထားတာ တကယ့်မြို့ သူစတိုင်အပြည့်ပဲ။ " ကြည့်လုပ်ပြီ ဖွေးဖွေးကတော့ နင်ကသာ အရင်လိုပဲ ဆံပင်အရှည်နဲ့  သနပ်ခါး ပါးကွက်နဲ့  အဲ့ဒီစတိုင်ကို ခုထိဖက် တွယ်ထားတုံးပဲ။ ဒါကြောင့် နင့်ကိုမြင်မြင်ချင်း ငါမှတ်မိတာ " " အေးပေါ့ဟ ငါတို့ ကတောသူတွေပဲ ဒီလိုပဲနေတတ် တယ်လေ ။ နင်အခုဘယ်မှာလဲ "

" ငါအခု ရန်ကုန်မှာလေ အထက်တန်းပြ ဖြစ်နေပြီ။ နင်ရော ဘယ်တော့ ရန်ကုန်ကိုပြောင်းလာ မှာလဲ "

" မပြောင်းပါဘူး ငါတောမှာပဲပျော်တယ် ။ ဒီမှာ ကတကယ် ဆရာမ လုပ်ချင်တဲ့ သူတွေလိုတယ်လေ "

" နင်ပဲ နေ ငါတော့ မနေနိုင်ဘူး ။ ဒီမှာက ပိုက်ဆံမရဘူး ။ဆရာမ လစာလေးနဲ့ ပဲနေနေရတာ" မြို့ ပေါ်မှာဆို ကျူရှင်လည်း သင်လို့ ရတယ် ။ အခြားဝင်ငွေတွေလည်ရှိသေးတယ် ။ အခွင့်အရေး ရတုံး ပိုက်ဆံရှာရတာ ။ မသေခင်ရနိုင်သမျှ ရိက္ခာစုရမယ် ဖွေးဖွေးရဲ့ "

" အဲ့ဒါဆိုရင် စီးပွားရေးလုပ်ပါလားဟယ် ဘာလို့ ကျောင်းဆရာမ လာလုပ်နေတာလဲ "

" ဒါလလည်း စီးပွားရေးပဲလေ ကျောင်းမှာ လည်းသင်တယ် ။ အိမ်ခေါ်ပြီးတော့လည်း ကျူရှုင်သင်တယ် ။ ပြီးတော့ အပြင်ကျူရှင်ကျောင်းမှာလဲ သင်တယ်၊ အိမ်တွေလည်း ဂိုက်လိုက် လုပ်သေးတယ်"

" ဟ လုပ်လှချည်လား သက်ထားရဲ့ ။ ဒါဆိုနင်ကဆရာမ လုပ်ပြီးစီးပွါးရှာနေတာပေါ့ လေ "

" အမှန်ပဲ မြို့ ပေါ်ရောက်အောင်ပြောင်းတယ် ဆိုတာ အဲ့လိုလုပ်ချင်လို့ ပေါ့ဟ " ခောတ်ဆန်ဆန် ၀တ်စားထားပြီး ကိုယ့်ကိုယ်ကို ဂုဏ်ယူ ၀ံ့ကြွားဟန် အပြည့်နှင့် ပြောဆိုနေသော သူငယ်ချင်းဖြစ်သူ သက်ထားဆွေကို ကြည့်ပြီး ကျွန်မအံ့အား သင့်နေမိ ပါသည်။ " ဒါဆိုရင် ဆရာမဆိုတဲ့ ဂုဏ်သိက္ခာ ဘယ်သွားထားမလဲ သက်ထား "

" မလိုဘူးလေ မိဘတွေဖြစ်ချင်တာ ငါတို့ လုပ်ပေးတယ် ။ အဓိက ကတော့ သူတို့ သားသမီးတွေ အတန်းမှန်မှန် အောင်ဖို့ ထူးချွန်နေဖို့ ။ ငါတို့ တတ်နိုင်တာတွေ လုပ်ပေးတယ်။ ငါတို့ အတွက် လည်းငွေကြေး ကအစ အရာရာပြေလည်တယ် "

" ဒါဆိုရင် မတတ်နိုင်တဲ့ မိမိရဲ့ ကလေးတွေကျတော့ရော ဘယ်လိုလုပ်မလဲ " " မတတ်နိုင်တဲ့ကလေးတွေကတော့ မတတ်နိုင်တဲ့ နေရာမှာနေကြပေါ့ "

" ဟာ နင်တို့ စိတ်ကို ငါအံ့သြတယ်ဟာ "

" မအံ့သြနဲ့ ဖွေးဖွေး မြို့ ပေါ်ကဆရာမတွေ တော်တော်များများက ဒီလိုပဲလုပ်နေကြတာလေ" ငါလည်း ဘာသားနဲ့ ထုထားတာမို့လို့လဲ အများမိုးခါးရေသောက် ငါတို့ လည်းလိုက်သောက်နေ ရမှာပဲ ။ ဂုဏ်သိက္ခာဆိုတာ ဒီခောတ်မှာ ပိုက်ဆံရှိရင် အလိုလိုဂုဏ် ရှိပြီးသားပါဟာ ။ အတွေး မခေါင်စမ်းပါနဲ့ ။။

ကျွန်မစိတ်ထဲတွေး နေမိသည်။ တောရွာတွေမှာ တစ်ချို့ ကလေးတွေ ဆိုရင် ပုံနှိပ်စာအုပ်မရှိ ။ ကျောင်းဝတ်စုံမရှိ ။ တခါတလေ ဆရာမလုပ်သူကတောင် စိုက်ပြီးလိုအပ်တာတွေ ၀ယ်ပေးလိုက် ရတာတွေတောင် ရှိသည် ။ မြို့ ပေါ်ကျောင်းကဆရာမတွေကတော့ လက်ညှိုးညွှန်ရာ ရေဖြစ်နေ ကြသည်။

" ကဲဖွေးဖွေးရေ စကားကောင်း နေလိုက်တာ ငါသွားတော့မယ်။ မိဘတွေဆီ ခဏပြန်လာလည်တာ နောက်မှပဲ နင်နဲ့ ထပ်ဆုံ မယ်ဟာ။ ကျောင်းပြောင်းချင်ရင် ငါ့ကိုဖုန်းဆက်လေ။ ငါတတ်နိုင်သမျှ ကူညီမယ် " သူငယ်ချင်းဖြစ်သူ ထွက်သွားတာကိုကြည့်ပြီး ကျွန်မတွေ ဝေစွာရပ်နေမိပါသည်။ သူပြောသွားသော စကားများထဲမှ သိက္ခာနှင့်ရိက္ခာ ဟူသောစကားလုံးကိုလည်း ပြန်လည်တွေးကြည့်နေမိသည် ။

ကျွန်မအတွေးအဆုံး ဆရာမဟူသော ဂုဏ်သိက္ခာကို အတတ်နိုင်ဆုံးထိမ်းသိမ်းသွားပြီး ဆင်း ရဲနွမ်းပါးစွာ ပညာရှာနေသော တောနေကလေးသူငယ်ကျောင်းသား။ကျောင်းသူလေးများ၏ ဘ၀ကို အတတ်နိုင်ဆုံး စေတနာထားကျိုးပမ်းဆောင်ရွက်သွားတော့မည်ဟု သံဓိဌာန်ချကာ သူငယ်ချင်း သက်ထားဆွေ ဖုန်းနံပါတ်ရေးထားသော စက္ကူလေး အားလုံးချေလွှင့်ပစ်လိုက်ပြီး ဈေးအတွင်းမှ ထွက်ခွါလာခဲ့ ပါတော့သည်။


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*