သက်္ကဝါ

  • News Code : 329344
  • Source : MSM
"ဧကန်မုချ အသင်တို့အနက် သက်္ကဝါ(သီလ၊သမာဓိ) အရှိဆုံး သူသာလျှင် အလ္လာဟ်ဟိုအရှင်မြတ် ၏ထံတော်ဝယ် အမြင့်မြတ်ဆုံးသူဖြစ်ချေ၏ ။" (စူရဟ် ၄၉ ၊အာယတ် ၁၃)

သက္က်ဝါ ဆိုသည်ဝေါဟာရသည် ( ဝါကာရာ)ဆိုသည်ပင်းမ စကားလုံးမှ ဆင်းသက် လာပါသည်။၎င်း၏အဓိပ္ပါယ် မှာ ထိန်းသိမ်း  စောင့်ရှောက်ခြင်း၊ရှောင်ဖယ်ခြင်းဖြစ်ပါသည်။ရှရီအီ အဓိပ္ပါယ်မှာ မိမိ၏လောကုတ္တရာ အတွက် အရှုံးဖြစ်စေသည့် အရာများ မှရှောင့်ဖယ်ခြင်း အားခေါ်ဆိုပါသည်။နောက်တစ်နည်းဆိုရ လျှင် အလ္လာဟ်ဟို အရှင်မြတ်ပြုခိုင်းသည့်အရာများကိုကျင့်ဆောင်ပြီး၊ ရှောင်ခိုင်းသည့်အရာများကိုရှောင်ခြင်းအားခေါ်ဆိုပါသည်။ အေမာမ်ဂျအ်ဖရ်ဆွာဒစ်(အ.စ)သခင်ကြီးထံသက်္ကဝါ နှင့် ပတ်သက်ပြီးမေးမြန်းသည်အချိန်အေမာမ်(အ.စ)သခင်မှ   အဖြေပေးတော် မူသည်မှာ - "အလ္လာဟ်ဟိုအရှင်မြတ်၏အမိန့်ပေးထားသည့်နေရာတိုင်းဦးညွတ်လိုက်ပါ(လိုက်နာပါ)၊တားမြစ်ထား သည့်နေရာ တိုင်းမှဝေးဝေးနေလိုက်ပါ ။"စဖီးနာသိုလ်ဗေဟာကျမ်းအတွဲ၂ စာမျက်နှာ၆၇၈  ထိုအတွက်ကြောင့် သက်္ကဝါခေါ်သီလသမာဓိသည် နှစ်မျိုးနှစ်စားရှိပေသည်။ ပထမအမျိုးအစားမှာအလ္လာဟ်ဟို အရှင်မြတ်၏အမိန့်ကိုနားခံကျင့်သုံးခြင်းဖြစ်ပါသည်။တစ်နည်းဆိုရလျှင်ဝါဂျစ်ဗ်မှန်သမျှကိုလုပ်ဆောင်ရန်ဖြစ်ပါသည်။  တစ်နည်းဆိုရလျှင်မည်သည်ဝါဂျစ်ဗ်မှန်သမျှကိုလက်မလွတ်ခြင်းဖြစ်ပေသည်။ ဝါဂျစ်ဗ်ဆိုသည်မှာ အလ္လာဟ်ဟိုအရှင်မြတ် ချမှတ်ထားသည် အချက်များမှန်သမျှကိုမလိုက်နာမကျင့်သုံးပါကအလ္လာဟ်ဟို အရှင်မြတ်၏အမျက်တော်စူးရှမှုကိုဖြစ်စေသည်အရာကိုခေါ်ဆိုပါသည်။  ဝါဂျစ်ဗ်မှန်သမျှကို လက်မလွတ်ခြင်းနှင့် အတူတတ်နိုင်သမျှ၊မိုစ်သဟဗ်များကို လည်းလက်မလွတ်သင့် ချေ။မိုစ်သဟဗ်ဆို သည်မှာပြုလုပ်လျှင်စဝါဗ်ရရှိမည်ဖြစ်ပြီး၊မပြုလုပ်ပါက၊အပြစ်မထိုက်ချေ။  ဒုတိယအမျိုးအစား မှာအလ္လာဟ်ဟိုအရှင်မြတ်တားမြစ်ထားသည်ဟရမ်မှန်သမျှမှရှောင်ကြဉ်ခြင်းဖြစ်ပါသည်။ ဟရမ်ဆိုသည်မှာ အလ္လာဟ်ဟိုအရှင်မြတ်တားမြစ်ထားသည်အချက်များမှန်သမျှကို မရှောင်ကြဉ် ပါကအလ္လာဟ်ဟို အရှင်မြတ် ၏အမျက်တော်စူးရှမှုကိုဖြစ်စေ သည်အရာကိုခေါ်ဆိုပါသည်။ အခြားတဖက်တွင်လည်းမက်(က)ရူးများကိုလည်းရှောင်ဖယ်၊ရှောင်ကြဉ်ရပေမည်။မက်(က)ရူး ဆိုသည် ကားရှောင်ကြဉ်လျှင်စဝါဗ်ရမည်ဖြစ်ပြီး၊မရှောင်လျှင် အပြစ်မထိုက်ချေ။အကြင်မည်သူမဆို သက်္ကဝါ အဆင့်မြင့် ကိုဆွတ်ခူး လိုလျှင် ဒုတိယအမျိုးအစားဖြစ်သည့် အလ္လာဟ်ဟိုအရှင်မြတ်တားမြစ်ထားသည် ဟရမ်မှန်သမျှမှရှောင်ကြဉ်ခြင်း ကိုပို အလေးပေးဆောင်ရွက်ရပေမည်။  အကြောင်းမှာ ဤကဲ့သို့ ဟရမ်မှန်သမျှမှရှောင်ကြဉ်ခြင်း  ဖြင့်ကောင်းမြတ်သည်လုပ်ရပ်မှန်လျှင် မည်မျှပင်နည်းပါးစေ ပါစေ၊ အလ္လာဟ်ဟိုအရှင်မြတ်သခင် လက်ခံတော်မူပေမည်။ အကြောင်းမှာ အလ္လာဟ်ဟိုအရှင်မြတ် ကိုယ်တော်တိုင် မိန့်တော်မူထားသည်ကား - "ဧကန်အမှန် အလ္လာဟ်ဟိုအရှင်မြတ်သည် မွတ်သကီ(ဟရမ်များကိုရှောင်ကြဉ်သူများ )၏ (ကောင်းမှု)ကိုသာ လက်ခံတော်မူပေမည် ။" (စူရဟ် ၅ ၊အာယတ်တော် ၂၇) တမန်တော်မြတ်ကြီး(ဆွ)မှလည်းမိန့်တော်မူထားသည်ကား - "ဒိုအာကဘူလ်ဖြစ်ရန်အတွက်မွတ်သကီ(ဟရမ်များကိုရှောင်ကြဉ်သူ) နှင့်အနည်းငယ်တောင်းခိုင်း လျင်လုံလောက်ပြီး၊ အရသာရှိသည် ထမင်းအတွင်းဆားအနည်းငယ်သာထည့်ဖို့လိုသကဲ့သို့ဖြစ်ချေသည်။"  အိုဒါသွဒ်ဒါအီကျမ်း*****************************************************************


ရှဟာဒသ် အထူး စာစောင်   အစ္စလာမ့် ဗိုလ်ချုပ်ကြီး နှစ်ဦး  ဟာဂ်ျ ကာစင်မ် ဆိုလိုင်မန်နီ  နှင့် အဘူမဲဟ်ဒီ အဲလ်မိုဟန်ဒစ်
We are All Zakzaky
No to deal of the century