သင်ခန်းစာ ယူစရာ ကဏ္ဍ

ရှိုင်တွာန် ထက်ပင် ဆိုးသွမ်းသူများ ၊ ( ကုန်းတိုက် ကုန်းချော သူများ နှင့် ကလိမ် ကကျစ် ပြုသူများ)

  • News Code : 344198
  • Source : msm

အဟ်လေ့ဘိုက်(အ.စ) သတင်းဌာန ၊အဗ်နာ ။ ။  ဂါဇီ ဂဇာအီအနေဖြင့် မိမိ၏ကျမ်း ((ရှရ်ဟေရှဟာဘွလ်အခ်ဗာ))၌ တင်ပြသည်မှာ -ကုန်းတိုက်ကုန်းချောသူသည်ဤလောကရှိအလ္လာဟ်အဖန်ဆင်းခံများအနက်မကောင်းတကာမကောင်းဆုံးဖြစ်ပေသည်။အကြောင်းသည်ကားမိမိ၏ကုန်းတိုက်ကုန်းချောလုပ်ရပ်ဖြင့်လူထုအတွင်းပြဿနာကို မဖြစ်ဖြစ်အောင်ဖန်တီးပေးလေသည်။ရှိုင်တွာန်သည်ကား ပြဿနာ စိတ် ကိုဖြစ်အောင် သာလုပ်နိုင်ပေသည်။လက်တွေ့မလုပ်နိုင်ချေ။ဟဒီးစ်တော်၌ လာရှိသည်မှာ - မေအ်ရာဂ်ျည၌နှင့်စပ်လျဉ်းပြီးတမန်တော်မြတ်ကြီး(ဆွ)မိန့်ချွေချက်ကို ဟဇရတ်ဖွာတေမာ (အ.စ) မှ ဆင့်ဆိုပြသည်မှာ -တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်ကား-((ကျွန်တော်(တမန်တော်မြတ်(ဆွ)) အနေဖြင့်မေအ်ရာဂ်ျည၌မိမိ၏နောက်လိုက်နောက်သား အွန်မသ်တော်မှ  တချို့ အမျိုးသမီးများကို ကြီးမားပြင်းထန်သည့် ပြစ်ဒဏ်အမျိုးမျိုးခံစားနေရသည်ကိုတွေ့ရပေသည်။အမျိုးသမီးတစ်ယောက်ကိုမြင်ရသည်မှာ ၎င်း ၏ဦးခေါင်းသည်ဝက်သတ္တဝါ၏ဦးခေါင်းဖြစ်နေပြီး၊ ကိုယ်ခန္ဓာသည်မြည်းသတ္တဝါ၏ဖြစ်ပေသည်။အမျိုးမျိုးသောအပြစ်များ၌ခံစားနေပေသည်။အကြောင်းသည်ကား ကုန်းတိုက်ကုန်းချောလုပ်ခဲ့သည်အတွက်ကြောင့်ပင်တည်း ။ ))ကြည့် - အိုယွန်းနိုလ်အခ်ဗာရွလ်ရေဇာ(အ.စ) အတွဲ ၂ ၊စာမျက်နှာ ၁၀          ဗေဟာရွလ်အန်နဝါရ် အတွဲ ၈ စာမျက်နှာ ၃၀၉အခြားဟီးစ်တော်တစ်ပါး၌ လာရှိသည်မှာ - တမန်တော်မြတ်(ဆွ)မိန့်တော်မူသည်ကား-(( ကျွန်တော်၏အွန်မသ်နောက်လိုက်နောက်သားမှ အချို့ သည်ကေယာမသ်နေ့ ၌ အုပ်စု ၁၀ ခုဖြစ်သွားပေမည်။၎င်းတို့အတွင်းမှ အချို့သူများ၏မျက်နှာသည် မျောက်မျက်နှာ ဖြစ်နေပေမည်။ဖြစ်ရသည်အကြောင်းမှာ ကုန်းတိုက်ကုန်းချောတတ်သည့်အကျင့်ကြောင့်ဖြစ်ပါသည်။ ))ကြည့် - သဖ်စီးရေ မဂ်ျမမိုလ်ဗရန်းကျမ်း အတွဲ ၁၀၊စာမျက်နှာ ၇၂၄၂          ဗေဟာရွလ်အန်နဝါရ် အတွဲ ၇စာမျက်နှာ ၈၉ကုန်းတိုက်ကုန်းချောပြုမှု သည် ၊ စကား ကို ဟိုဖက်ဒီဖက် ပို့ပေးမှု ၊လူထုအကြားပြဿနာ ကိုဖြစ်ပေါ်စေရန် အတွက် လုပ်ရပ်များသည် ရှိုန်တွာန် ၏လုပ်ရပ်များဖြစ်သည်။နောက်အံ့သြဖွယ်ကောင်းသည်အချက်မှာ တချို့ သည် စကား ကိုဟိုဖက်ဒီဖက်တော့ မလုပ်ကြပေ၊မိမိအတွက် လတ်တလော အကျိုးအမြတ်ရှိနေသူဖက် ၊မှားနေသော်လည်း ဆွေမျိုး တော်စပ်မှုစသည်တို့ကြောင့်တဖက် စကားကိုသာပို့တတ်ကြပေသည်။ဘယ်သို့ဆိုစေကုန်းတိုက်ကုန်းချောပြုမှု သည် ၊ စကား ကို ဟိုဖက်ဒီဖက်ပို့ပေးမှုသည် ကောက်ကျစ်မှုတစ်ခုဖြစ်ပြီး ၊လူထုအကြား ပြဿနာ ကိုဖြစ်ပေါ်စေရန်အတွက် လုပ်ရပ်ဖြစ်ပေသည်။ဤလုပ်ရပ်သည် အမြင်အားဖြင့် လူဖြစ်ပြီး ၊အတွင်း၌ ရှိုင်တွာန်စိတ်ဖြစ်ကြောင်းဖြစ်ပေသည်။ဟဇရတ်အေမာမ်အလီ(အ.စ) အနေဖြင့် မိန့်ကြားတော်မူသည်မှာ - ((ကောက်ကျစ်စဉ်းလဲ သူသည် ရှိုင်တွာန် ဖြစ်ပေသည်။)) ((ကောက်ကျစ်စဉ်းလဲ သူသည် လူမျက်နှာ နှင့် ရှိုင်တွာန် ဖြစ်ပေသည်။))ကြည့် - ဂိုရွလ်ဟေကမ် ၊အတွဲ ၁ ၊စာမျက်နှာ၅၄ ၊၃၈၁


ရှဟာဒသ် အထူး စာစောင်   အစ္စလာမ့် ဗိုလ်ချုပ်ကြီး နှစ်ဦး  ဟာဂ်ျ ကာစင်မ် ဆိုလိုင်မန်နီ  နှင့် အဘူမဲဟ်ဒီ အဲလ်မိုဟန်ဒစ်
We are All Zakzaky
No to deal of the century