ဆိုးသွမ်းသည့် ကြောင် နှင့် ကျမ်းတော်မြတ် ကုရ်အာန်

  • News Code : 402350
  • Source : msm

ဟာဂျီ နူးရ်ရီ မရ်ဟွမ်အနေဖြင့် မိမိ၏ စာအုပ် ဒါရွတ်စ်စလာမ် တွင်ရေးသားသီးကုံးထားပါသည်။ အိုလမာနဂျာဖ်မှ အာလင်မ်တစ်ပါး၊ကျွန်တော်အမည်လည်း မမှတ်မိတော့ချေ၊ ကျွန်တော်အား ပြော ပြလေသည်။ ကျွန်တော်အိမ်မှာ ခိုမွေးထားပါသည်။ တစ်ခါတစ်လေ ကြောင်တစ်ကောင်လည်း အိမ်ကိုလာတတ် သွားတတ် ပါတယ် ။ တနေ့ရုတ်တရက် ကြောင် မှ ကျွန်တော်၏ အချစ်ဆုံး ခိုလေးကို ခုတ်တော့ တာဘဲ။ ကြောင်က ကုတ်ခဲပြီး ခိုလေးကို သတ်တော့တာဘဲ ၊ အိမ်က ၊ ကလေးတွေ က လိုက်ပြီး ကယ်တာတောင် ၊ မရလိုက်ဘူး ၊ကြောင်လည်းထွက်ပြေးလွတ်မြောက်သွားပြီး၊ဒီလိုနဲ့ ၊ခိုလေးခများ ကြောင်စား ဖြစ် သွားရလေတယ်။ အခုကျွန်တော်အနေဖြင့် ဤကြောင် အတွက် ဝါရင်း တုတ် တစ်ချောင်း ဆောင်ထားလေတယ်… ပြီးတော့ ဒီကြောင်လာရင် သူလုပ်ထားတဲ့ ပြစ်ဒဏ်ကို ကောင်းကောင်းပေးပြီး ဆုံးမမည့်ဆိုသည့် မျှော်လင့်ချက် ဖြင့် ချောင်းနေပါတော့သည်။ ကြောင်လည်း တော်တော်ကိုလည်ပြီး ၊လိမ္မာ ပါးနပ်ပေသည်။ မိမိ၏ ပြုထားသည့် လုပ်ရပ်ကြောင့် ၊ ထိုအိမ် ကို နေ့လည်နေ့ခင်း တွင်မလာ သင့်ကြောင်း သိနေပေသည်။ ရက် တချို့ ကုန်ဆုံး သွားပြီးနောက် ၊ တစ်နေ့ ထိုကြောင် သည် ဖြည်းဖြည်း ချင်း ခြေလှမ်း ၊လှမ်းပြီး သူတော်စင် ပုံစံ ဖြင့် လာနေသည်ကို မြင်ရလေသည်။ ကျွန်တော် ဝါရင်း တုတ် ကိုင်ပြီး သူမသိအောင် ၊ပြေးမလွတ် အောင် တနေရာမှ ပုံးကွယ်ပြီး၊နေနေလိုက်ပါသည်။ ကျွန်တော် ၊ကိုယ့်အခန်း၏ ပရ်ဒါ နောက်ကွယ်တွင် ပုံးနေလိုက်ပါသည်။ ကြောင်ကလည်း အသံ မထွက် အောင် ခြေလှမ်းပြီး ကျွန်တော် စာကြည့်တိုက်ခန်းထဲ ဝင်လာပါသည်။ကျွန်တော် လည်း ချက်ခြင်း စာကြည့်တိုက်ခန်း တံခါးကို သွားပိတ်လိုက်ပါသည်။ ကြောင်လည်း တံခါးပိတ်သွားပြီး ဆိုတာ သိသွားပေသည်။ ထိုအချိန် ကျွန်တော်လည်း ဝါရင်း တုတ် ဖြင့် ဆော်ပလော် တီးတော့ပေသည်။ ကြောင်လည်း ဟိုဖက်ပြေး၊ဒီဖက်ပြေးလို့ လွတ်မည် မဟုတ်တော့ကြောင်း သိနေပေသည်။ ဤ အတွက်ကြောင့် ခဏတာ ဟိုစာအုပ် ၊ဒီ စာအုပ် အပေါ် တက်ပြီး နောက် ကျမ်းတော်မြတ် ကုရ်အာန် အား မိမိခေါင်းဖြင့် ထိပြီး မိမိကိုယ် လှဲချလိုက်ချလိုက် လေသည်။ တနည်းဆိုရလျှင် ကျမ်းတော်မြတ် ကုရ်အာန် ထံတော်မှ ခိုလုံပြီး အကူအညီ တောင်းခံနေ ခြင်း ဖြစ်ပေ သည်။ ကျွန်တော်လည်း ဒီကြောင်၏ ဤ အပြုအမှုကို ကြည့်ပြီး ၊ တရိစ္ဆာန် ဖြစ်ပြီး တောင်ကျမ်းတော်မြတ် ကုရ် အာန် ဆီမှာ ခိုလုံပြီး အကူအညီ တောင်းခံနေ သည်ဆိုသည့် အသိတရား ဖြင့် ၎င်း အတွက် ဝါးရင်းတုတ်ကို တဖက် သို့ ပစ်လိုက်ပြီး ၊ သူ(ကြောင်)ထွက်လို့ရအောင်တံခါးဖွင့်ပေးလိုက်ပါသည်။ ကြောင် သည် အသံမထွက် သည့် ခြေလှမ်း ဖြင့် အပြင်ထွင်သွားလေသည်။ မည်သို့ဆိုစေ ကြောင် သည် စစ်မှန် သည့် သောင်ဗာ(ဝန်ချတောင်းပန်းမှု) ကို ပြုလုပ်ခဲ့ပေသည်။ အကြောင်းမှာ ထို အဖြစ်အပျက်ပြီးနောက် ၊ကျွန်တော် အိမ်တွင် မသောင်းကြမ်းတောချေ။ မည်သည့် အခါမှ ခိုးကို အလှစ် မသုတ်တော့ သလို ၊ ငါးကိုလည်း မစားတော့ချေ။ မှတ်ချက် ။ ။ ပါကစ္စတန် နိုင်ငံ ထုတ် (ဗစ်ကရေမိုသီ အတွဲ (၁)) အူရ်သူဘာသာပြန် စာအုပ် ၊ စာမျက်နှာ ၁၂၈ ၊၁၂၉ ကို ပြန်ဆိုထားပါသည်။ စဉ်းစားစရာ - သင်ခန်းစာ မှာလူသားသည် ဤဖြစ်ရပ်မှန် အရ ကြောင်လောက်ပင် အသုံးမကြ တော့ချေ။ ဂိုနာ တစ်ခုကို ကျူးလွန်ပြီး သောင်ဗာ လုပ်သည်၊ပြီးရင် ပြန်ဆက်လုပ်ပေသည်။ ပြီးနောက် ဒီလောက်ဆိုးသွမ်းသည့် လူသား ကို အလ္လာဟ် ဟို အရှင်မြတ် သခင် အနေဖြင့် နောက်ဆုံး ထွက်သက် အချိန် အထိ သောင်ဗာပြုဖို့ အခွင့်အရေးပေးထားပေသည်။ الله اکبر အလ္လာဟ် ဟို အရှင်မြတ် သခင်သည် မည်မျှ ပင် အနှိုင်းမဲ့ အလွန်တရာ သနားကြင်နာတော်မူ သည့် ၊ ညှာတာတော်မူသည့် ၊ ကရုဏာ မေတ္တာတော် အရှင်ပင်တည်း …


ရှဟာဒသ် အထူး စာစောင်   အစ္စလာမ့် ဗိုလ်ချုပ်ကြီး နှစ်ဦး  ဟာဂ်ျ ကာစင်မ် ဆိုလိုင်မန်နီ  နှင့် အဘူမဲဟ်ဒီ အဲလ်မိုဟန်ဒစ်
We are All Zakzaky
No to deal of the century