$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

သဝါစိုလ်နှင့် ပက်သက်ပြီး ဂါလီغاليများ နှင့်အေဖ်ရသ်သီး افراطيများ

  • News Code : 728950
  • Source : ABNA
Brief

သဝါစိုလ်နှင့် ပက်သက်ပြီး ဂါလီغاليများ နှင့်အေဖ်ရသ်သီး افراطيများ အကြောင်း ကို အောက်ပါအတိုင်း သိရှိနိုင်ပါတယ်။

သဝါစိုလ်နှင့် ပက်သက်ပြီး ဂါလီغاليများ နှင့်အေဖ်ရသ်သီး افراطيများ


ကျွန်ုပ်တို့အနေဖြင့်လိုတိုး၊ပိုလျော့လုပ်သူများ၊အုပ်စုနှစ်စုအကြားဘဝ တည်ဆောက်နေရပါ သည်။

(၎င်းတို့အနက်မှ)တစ်အုပ်စုသည်သဝါစိုလ်နှင့်ပက် သက်ပြီးကျမ်းတော်မြတ်ကုရ်အာန်နှင့်ရီဝါ ယတ်တော်များတွင်ခွင့်ပြု

ထားသည်ကိုအလ္လာဟ်ဟိုအရှင်မြတ်ကဲ့သို့သတ်မှတ်ထားသည်ဟုထင် ကြေးပေးပြီးပြဿနာရှာကာဟရမ်အဖြစ်သတ်မှတ်ကြပေသည်။

အမှန်တ ကယ်အထင်မှားလမ်းလွှဲနေ သူများဖြစ်ပေသည်။


အလ္လာဟ်ဟိုအရှင်မြတ်၏အချစ်တော်များနှင့်သဝါစိုလ်ပြုခြင်း၊၎င်းတို့၏ လိုက်နာကျင့်သုံးမှုများ၊ အေဗာဒသ်များ၊

လုပ်ရပ်တော်များ၊ဂူဗိမာန်များကို ဝဇီလာပြုရသဖြင့်၊အလ္လာဟ်ဟိုအရှင်မြတ်နှင့် နီးစပ် အောင်၊နီးကပ်မှုကို

သာဖြစ်စေပါသည်။သောင်ဟီးဒ်နှင့်သာကိုက်ညီနေပြီး အလ္လာဟ်ဟိုအရှင် မြတ်ထံမှ သာရယူလိုခြင်းဖြစ်ပြီး(اولياءالله)

(အလ္လာဟ်ဟိုအရှင်မြတ်၏အချစ် တော်များ၏ဂူဗိမာန်စသည်တို့ အား၊အမှီသဟဲတစ်ခုအဖြစ်သတ်မှတ်ခံယူထားခြင်းဖြစ်ပါသည်။)


ဒုတိယအုပ်စုသည်ကား-အေဖ်ရသ်သီများ ဖြစ်ကြပါသည်။သဝါစိုလ် လုပ်ရာတွင်ဂူလူ(غلوّ ) အဆင့်ရောက်သည်အထိလုပ်ကြလေ၏။

ဤအုပ်စု၏အန္တရာယ်သည်လည်းပထမအုပ်စုထက်မသေး ချေ။


၎င်းတို့အနေဖြင့်သဝါစိုလ်ပြုလုပ်ရာတွင်အသုံးအနှုန်းများလုပ်ပုံ၊ လုပ်နည်းများစသည်ဖြင့် သောင်ဟီးဒ်အဖ်အာလီးနှင့်အေဗာသီး

အတွက်မသင့် လျော်၊မအပ်စပ်ချေ။အမှန်တကယ်သည်ကား-
مؤثّر فى الوجود إلاّ الله لا
“ဤကမ္ဘာ၌အမှန်တကယ်အာနိသင်များရှိအောင်ပြုလုပ်ပေးနိုင်သူသည်အလ္လာဟ်ဟိုအရှင်မြတ်တစ်ပါးတည်းသာဖြစ်ချေ၏။”


ကျွန်ုပ်တို့ထံရှိနေသမျှအရာအားလုံး(မကောင်းမှုမှအပ)သည်၎င်းအရှင်၏ပေးသနားမှုသာဖြစ် ပေသည်။(မကောင်းမှုနှင့်ရလဒ်သည်

မိမိလုပ်ရပ်ကြောင့်သာဖြစ်ပေသည်)


သို့ဖြစ်ပါ၍ဤနေရာ၌သဝါစိုလ်အားလက်မခံသူများကိုရှင်းပြခဲ့သလိုသဝါစိုလ်အားဂါလီအဆင့်

ရောက်အောင်ပြုလုပ်သူများရှိနေသဖြင့်တစ်ဖက်မှလည်းသဝါစိုလ်အားလက်မခံဘဲငြင်းပယ်သူများပေါ်ပေါက်လာကြသည်။


ဤဥပဒေသသည်ကိစ္စတိုင်းအတွက်ဖြစ်ပေသည်။အကီသာကိစ္စဘဲ ဖြစ်ဖြစ်၊လူမှုရေးနှင့်နိုင်ငံ ရေးကိစ္စဘဲဖြစ်ဖြစ်၊ဤကဲ့သို့သော်အုပ်စုနှစ်စုသည်

တစ်စုရှိလာလျှင်နောက်တစ်စုသည်လည်းပေါ်ပေါက်လာရပေသည်။ဆိုလိုသည်ကကိစ္စ တစ်ခုကိုအတိုင်းထက်အလွန်

လုပ်လာလျှင်၊ဆန့်ကျင်ဘက် အုပ်စု သည်လည်း ပေါ်ပေါက်လာရပေမည်။အုပ်စုနှစ်ခုလုံးစလုံးသည်အန္တရာယ်များပေသည်။


အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် မို ရှီးရာဇီး


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*