သဝါစိုလ်တစ်ခုတည်းမဖူလုံချေ ...
ကျွန်ုပ်တို့အနေဖြင့်မွတ်စလင်သာသနာညီအကိုမောင်နှမများအားအလ္လာဟ်ဟိုအရှင်မြတ်၏အချစ်တော်များနှင့်သူတော်စင်၊
သူတော်ကောင်းများနှင့်သဝါစိုလ်တစ်ခုတည်းမဖူလုံကြောင်းရှင်းပြဖို့လို အပ်ပေသည်။
အမှန်တကယ်သဝါစိုလ်သည်ကျွန်ုပ်တို့အတွက်သင်ခန်းစာတစ်ခု ဖြစ်ပေသည်။အဘယ်ကြောင့် ၎င်းတို့နှင့်သဝါစိုလ်ပြုရမည်ဆိုသောအချက်
ဖြစ်ပေသည်။၎င်းတို့သည်အလ္လာဟ်ဟိုအရှင်မြတ်ထံတော် ဝယ်ဂုဏ်သိက္ခာရှိသောကြောင့်ဖြစ်ပေသည်။၎င်းတို့သည်အဘယ်ကြောင့်ဂုဏ်သိက္ခာရှိရပါသနည်း?
၎င်းတို့၏ကောင်းမြတ်သောအလုပ်များကြောင့်ဂုဏ်သိက္ခာရှင်များ ဖြစ်ရပါသည်။သို့ဖြစ်ပါ၍ ကျွန်ုပ်တို့အနေဖြင့်လည်းကောင်းမွန်၊ကောင်းမြတ်သောအလုပ်များဖြင့်အရှေ့တိုးရပေမည်။
သဝါစိုလ်မှကျွန်ုပ်တို့အားအလ္လာဟ်ဟိုအရှင်မြတ်ထံနီးကပ်မှု၊နီးစပ်မှုကိုရယူဖို့ကောင်းမြတ်၊ကောင်းမွန်သောအလုပ်များကိုလုပ် ဆောင်ခြင်းဖြစ်ချည်းကပ်ရမည်ဟုသင်ကြားပေးနေသည်။
အလ္လာဟ်ဟိုအရှင်မြတ်၏အချစ် တော်များနှင့်သဝါစိုလ်ပြုခြင်းသည်လည်း၎င်းတို့၏ ကောင်းမြတ်သောလုပ်ရပ်များကြောင့်ဖြစ်ပါသည်။
၎င်းတို့သည်ကောင်းမြတ်သောလုပ်ရပ်များကြောင့်အလ္လာဟ်ဟိုအ ရှင်မြတ်ထံဝယ်နီးစပ်မှုနှင့်၊နီး ကပ်မှုကိုရရှိခဲ့ကြလေ၏။
ထို့အတွက်ကြောင့် ကျွန်ုပ်တို့သည်အလ္လာဟ်ဟိုအရှင်မြတ်ထံရှဖာအတ်(သ) လုပ်ပေးရန်၎င်းတို့ထံမေတ္တာရပ်ခံခြင်း၊သဝါစိုလ်ပြုခြင်းဖြစ်ပေသည်။
သဝါစိုလ်ကိုပစ်ဖယ်ရှောင်ရှားခြင်းမပြုဖို့သတိထားရပေမည်။
သဝါစိုလ်၏ရည်ရွယ်ချက်ပန်းတိုင်များနှင့်လည်းမလွဲသွား အောင်ပြုလုပ်ဖို့မမေ့ ဖို့လိုအပ်ပေသည်။
သဝါစိုလ်သည်အရေးကြီးသောကိစ္စတစ်ခုဖြစ်ပေရာ၊အားလုံး(မွတ်စလင်များ)သည်ဂရုပြုကိုပြုရပေမည်။အလေးထားရပေမည်။
အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် မို ရှီးရာဇီး