မှတ်သားစရာတစ်ခုသည်ကား-သဝါစိုလ်သည်(عالم اسباب)၌(تشريعى )အလုပ်များရှိ သလို (تكوينى ) အလုပ်များလည်း ရှိပါသည်။
နှစ်ခုစလုံးသည် ((تشريعى )) အလုပ်များ၊ (تكوينى ) အလုပ်များ)သဝါစိုလ်သည်သောင်ဟီးဒ်နှင့် မဆန့်ကျင်ပေ။
ကျွန်ုပ်တို့အနေဖြင့်ဘဝ၌မိမိလိုအပ်သောအရာများအတွက်အဖြေ များရရှိရန်အတွက်အ ကြောင်းများရှာဖွေရခြင်းသည်သဘာဝဖြစ်ကြောင်းသိထား ပေသည်။
မြေကြီးကိုတူးပြီး၊မျိုးစေ့ထည့်ကာရေလောင်းပေးလျှင်မျိုးစေ့ဆက်လက် ရှင်သန်လာကာအသီး၊ အနှံများဖွံဖြိုးတိုးတက်လာစေရန်၊အန္တရာယ်အသွယ်သွယ်မှ
ကာကွယ်ပေးရသည်။ထို့ကြောင့်ကျွန်ုပ်တို့ဘဝကိုဆက်လက် ရှင်သန်ပေမည်။
ဤအရာများကိုသဝါစိုလ်(အမှသဟဲ)ပြုခြင်းဖြင့်ကျွန်ုပ်တို့အား အလ္လာဟ်ဟိုအရှင်မြတ်အား မေ့အောင်လုပ်သည်နှင့်တူပါသလော?
မြေကြီးသည်မျိုးစေ့များကိုကြီးထွားအောင်လုပ်ပေးသည်။နေရောင် ခြည်များနှင့်မိုးရေစက်များ သည်မျိုးစေ့၊အဖူး၊အပွင့်၊အသီး၊
အရွက်၊ဘယ ဆေးပင်များ၊ဟင်းရွက်များကိုကြီးထွားဖွံဖြိုးစေပါသည်။ ဤကဲ့သို့ထိုအရာ များ(မြေကြီး၊နေရောင်ခြည်၊မိုး...)များကြောင့်သီးနှံ၊
စသည်ဖြင့်ဖြစ်ထွန်းလာပါသည် ဟုအကြောင်းအကျိုးဖြစ်လာသောလောက(عالم اسباب)ကိုလက်ခံယုံ ကြည်ခြင်းဖြင့်သောင်ဟီးဒ်
အဖ်အာလီး၏ဆန့်ကျင်ဘက်ဖြစ်သွားပါသလား?
သံသယမရှိဘဲ၊ယုံကြည်မှုအပြည့်ဖြင့်ဤယုံကြည်မှုအားမည်သူမျှ ငြင်းဆိုမည်မဟုတ်ဟုပြောလို့ ရပေသည်။အကြောင်းသည်
ကားကျွန်ုပ်တို့အနေဖြင့် (عالم اسباب)အမှီသဟဲတစ်ခုကြောင့်ဖြစ်လာ သည်ဟုဆိုသောလော ကကိုလက်ခံထားပြီး၊
အမှီသဟဲများ(ဝဇီလာများ)ကိုနောက်လိုက်သော်ငြား လည်းအရာရာကိုဖြစ်အောင်အကြောင်းအကျိုးစီစဉ်ပေးသောအရှင်သည်
အလ္လာဟ်အရှင်မြတ်တစ်ပါး တည်းသာဖြစ်ကြောင်းခံယူထားပါသည်။
ဤကဲ့သို့သော်အမှီသဟဲများနှင့်သဝါစိုလ်ပြုခြင်းသည်သောင်ဟီးဒ်နှင့်မဆန့်ကျင်ပေ။ထိုနည်းတူစွာအာလမ်မေသရှ်ရီး(عالم تشريع)
တွင်အန်ဘီ ယာ၊အောင်လီယာ(တမန်တော်များ၊အလ္လာဟ်အ ချစ်ဝလီအောင်လီယာများ)နှင့်မအ်စူမာများဖြင့်သဝါစိုလ်ပြုခြင်း၊
အလ္လာဟ်အရှင်မြတ်ထံဝယ်ရှဖာအတ် (သ)ပြုပေးဖို့၎င်းတို့ထံတောင်းခံခြင်းသည်သောင်ဟီးဒ်(တစ်ဆူတည်းဝါဒ) နှင့်လုံးဝမဆန့်ကျင်ပေ။
သို့သော်ငြားလည်းအေဖ်ရသီအုပ်စုတစ်စုပေါ်ပေါက်လာပြီး(عالم اسباب)ကိုလက်မခံကြ ပေ။၎င်းတို့အနေဖြင့်(عالم اسباب)ကိုလက်ခံခြင်း
ဖြင့်သောင်ဟီးဒ်အဖ်အာလီ(توحيد افعالى ) အားဆန့်ကျင်သည်ဟုထင်နေကြ ပေသည်။
၎င်းတို့အနေဖြင့်မီးသည်အလ္လာဟ်အရှင်မြတ်အနေဖြင့်အရာတစ်ခုကိုအ နီးမကပ်၊မပေးခြင်းမ
လောင်နိုင်ချေ။ရေသည်လည်းအလ္လာဟ်အရှင် မြတ်သည်မီးထံရောက်အောင်မပြုမခြင်း၊
မငြိမ်းသတ်နိုင် ပေ။(ဆိုလိုသည်ကား-အလ္လာဟ်အလိုမပါဘဲမီးသည်လောင်လို့မရသလို၊ငြိမ်းသတ်လို့လည်း မရဟုဆို လိုခြင်းဖြစ်၏။
၎င်းတို့အနေဖြင့်ဤအစီအစဉ်၊နည်းစနစ်ကိုသုံးပြီးလောကကြီးကိုငြင်းလို့မရသည်မှာသဘာဝမကျသောအရာများလူတိုင်းနား
လည်လို့ရသောအရာ များကိုပင်ငြင်းဆန်လာကြသည်။
အမှန်တကယ်ကျမ်းတော်မြတ်ကုရ်အာန်၌ပင်(عالم اسباب)တစ်ခု ကြောင့်တစ်ခုဖြစ်ပေါ်လာ ရသည်။လောကနှင့်ပက်
သက်ပြီးတရားဝင်မီး မောင်းထိုးပြထားပါသည်။မိန့်တော်မူထားသည်မှာ-ကျွန်ုပ် (အလ္လာဟ်)သည်
မိုးရေများကိုခြောက်သွေ့နေသောမြေကြီးကိုစိုစွတ်စေရန်အတွက်နှင့်ပြန် လည်ရှင် သန်ရန်အတွက်မိုးရွာသွန်းစေသည်။
فَيُحْيِي بِهِ الأرْضَ بَعْدَ مَوْتِهَا
( يحيى به )၏အဓိပ္ပါယ်ဆိုလိုချက်မှာ-ဤမိုးသီးမိုးပေါက်များသည် မြေကြီးအားပြန်လည်ရှင် သန်(စိမ်းလန်းစိုပြေ)စေသည်
ဟုအဓိပ္ပါယ်ထွက်၏။ အာယတ်တော်သည် (عالم اسباب)အားတရား သက်သေပြထောက်ခံနေပေ သည်။
ဤကဲ့သို့မြောက်များစွာ(ကျမ်းတော်မြတ်ကုရ်အာန်၌)ပါရှိပေသည်။ ၎င်းအရာများသည်ကိုယ်တိုင်ဖြစ်ပေါ်
မလာချေ။အလ္လာဟ်ဟိုအရှင်မြတ်က ဖန်တီးပေးထားခြင်းဖြစ်ပေ သည်။
အလ္လာဟ်ဟိုအရှင်မြတ်သည်၎င်းအရာများကိုစွမ်းအားပြနိုင်ရန်စွမ်းအား ပေးထားခြင်းဖြစ်ပြီး၊
သဘာဝအမှီသဟဲများကိုငြင်းဆန်သူများသည် လမ်းမှားသူများ၊မေ့လျော့နေသူများဖြစ်ပေသည်။
ထိုနည်းတူစွာ(عالم تشريع) တွင်အမှီသဟဲများ၊ ဝဇီလာများ ကိုငြင်းပယ်သူများ သည်လည်း မှား ယွင်းလွဲသူများဖြစ်ပေသည်။
ကျွန်တော်အနေဖြင့်အထက်ပါဖေါ်ပြထားသောအရာများကိုလေ့လာ သုံးသပ်ပြီး၊အစွန်းရောက် မှု၊တယူသန်မှုကိုလက်လွတ်ပြီး
အမှန်တရားကိုရွေးချယ် ကြမည်ဟုမျှော်လင့်မိပါသည်။ဤနည်းလမ်းဖြင့် အခြားမွတ်စလင်များအား ကာဖေရ်နှင့်ဖာစစ်က်ဖြစ်
သည်ဟုဖသ်ဝါပေးခြင်းမှလည်းရှောင်ရှားကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။
ကမ္ဘာမွတ်စလင်များနှင့်အတူစည်းစည်းလုံးလုံးညီညီညွတ်ညွတ်နေထိုင် ပြီး၊ကုရ်အာန်ကျမ်း တော်မြတ်၊
အစ္စလာမ်၊အလ္လဟ်၏ရန်သူများကိုဘုံရန်သူအဖြစ် သတ်မှတ်ချေမှုန်းရပေမည်။ကြံကြံခံရ ပေမည်။
ရှေးက်မျိုးစုံ၊လိုတိုးပိုလျော့မျိုးစုံလိုအပ်မှု၊ဆုံးရှုံးမှုမျိုးစုံမှကင်းသောအစ္စ လာမ်အသိပညာအစစ် အမှန်များ
ကိုမွတ်စလင်လူထုကြီးအားမိတ်ဆက်ပို့ချပေးရမည်။
အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမ် မို ရှီးရာဇီး