မေးခွန်း။။အမျိုးသမီးများအတွက်ပရ်ဒါ(ဟေဂျာဗ်မရှိဘဲ)နာမဲဟ်ရမ်အမျိုးသား(အိမ်ထောင်ပြုခွင့်ရှိသည့်အမျိုးသားများ ) အရှေ့ တွင် ဝဇူပြုခြင်းသည် ဟရာမ် ဖြစ်ပါသလား ?
ဖြေ။ ။ ဟုတ်ကဲ့၊ဖြစ်ပါတယ်။
မေးခွန်း ။ ။ အမျိုးသမီးများ အနေဖြင့် နာမဲဟ်ရမ်အမျိုးသား(အိမ်ထောင်ပြုခွင့်ရှိသည့်အမျိုးသားများ )အရှေ့ တွင် ဝဇူပြုလျှင် ၎င်းဝဇူ ပျက်သွားသည်ဆိုသည်မှာ မှန်ပါသလား?
ဖြေ ။ ။ မမှန်ပါ။
မေးခွန်း ။ ။ ဝဇူနှင့်ပတ်သက်ပြီး အသိပညာ မရှိခဲ့သဖြင့် ဝဇူကိုပျက်စေသည့်အမှား များကို ပြုလုပ်ခဲ့ပါ တယ်။ ဤအတွက် မအ်ဖ်ဖြစ်တယ်ဆိုတာမှန်ပါသလား ?
ဖြေ။ ။ မမှန်ပါ။
မေးခွန်း ။ ။ တစ်ဦးတစ်ယောက်၏ အိမ်တွင်တည်းနေသည့်ဧည့်သည် အနေဖြင့် အိမ်ရှင်၏ ခွင့်ပြုချက် မယူဘဲ ဝဇူမပြုနိုင်ဘူးဆိုတာ ဟုတ်ပါသလား ?
ဖြေ။ ။ မဟုတ်ပါ။
မေးခွန်း ။ ။ဝဇူကိုပြည့်ပြည့်စုံစုံပြုပြီးနောက် မျက်နှာ နှင့် လက်ပေါ် ရှိရေများကို လက်နှင့်သုတ်၍ရပါသလား?
ဖြေ။ ။ ရပါသည်။
မေးခွန်း ။ ။ သန့်စင်ခန်းတွင် ဝဇူပြုတာ ဟရာမ်ဆိုတာ မှန်ပါသလား ?
ဖြေ။ ။ မှားပါတယ်။
တင်ပြသူ - မဒဲရ်စာယေ ကာယေးမ် (အ.ဂျ)
===================
251/End