$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

မွတ်စလင်မ် တစ်ဦးတစ်ယောက် ၏ အခက်အခဲ ဒုက္ခ ကိုဖြေရှင်း ခြင်း၏ အကျိုးစဝါးဗ်

  • News Code : 723211
  • Source : ABNA
Brief

အဗ်နာ။ ။ မွတ်စလင်မ် တစ်ဦးတစ်ယောက် ၏ အခက်အခဲ ဒုက္ခ ကိုဖြေရှင်း ခြင်း၏ အကျိုးစဝါးဗ် ကို အောက်ပါဟဒီးစ်တော် ကို လေ့လာ မှတ် သား၍ သိရှိ နိုင်ပါတယ်။

အေမာမ် ဟိုစိုင်း(န) (အ.စ) မိန့်တော်မူပါသည်။

ကျွန်ုပ်အနေဖြင့် မိမိ၏ ဖခမည်းတော်ထံမှ ကြားခဲ့ရပါသည်။ ကျွန်ုပ်ဖခမည်းတော် အနေဖြင့် လည်း မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) ထံတော်မှဆင့်ပြန်တော်မူခဲ့ပါသည်။ (အကြင်မည်သူမဆို မွတ်စလင်မ် တစ်ဦးတစ်ယောက် ၏ အခက်အခဲ ဒုက္ခ ကိုဖြေရှင်း နိုင်ရန် (ကူညီဖေးမနိုင်ရန် ) ခြေလှမ်းခြင်းသည် နှစ်ပေါင်း ၉၀၀၀ အထိ နေ့များတွင် ရိုဇာ ထားပြီး ညများတွင်နမာဇ် ဝင်ပြုသည့် အေဗါဒသ် ပြုခြင်းပမာ ဖြစ်လေ၏။ )

ကျမ်းကိုး - ဗေဟာရွလ်အန်နဝါရ် ကျမ်း အတွဲ ၇၁ ၊ စာမျက်နှာ ၃၁၅

မာရှာအလ္လာဟ် …. စိုဗ်ဟာနလ္လာဟ် …

ကျနော်တို့ အနေဖြင့် ဤဟဒီးစ်တော်မှ သံဝေဂ နှင့် သင်ခန်းစာ အများကြီး ရယူနိုင်ပါတယ်။

၁။မွတ်စလင်မ်တစ်ဦး ၏ အခက်အခဲ ကိုဖြေရှင်းဖို့ ဒီလောက် စဝါးဗ်ဆိုရင် …. ရှီအာ တစ်ဦး အတွက် ဆို ဘယ်လောက် စဝါးဗ် ရနိုင်မည်နည်း ? အကယ်၍ ရှီအာ အများစု အတွက်ဆိုရင်ကော် …..

၂။အခက်အခဲဒုက္ခ ဆိုသည်မှာ နာမ်ပိုင်ဖြစ်စေ ၊ရုပ်ပိုင်းဖြစ်စေ စသည်တို့ ပါဝင်ပေသည်။

၃။ဟဒီးစ်တော် ကို အလွဲသုံးစား မလုပ်မိဖို့တော့ လိုပါတယ်။ ဟလာလ် နည်း ရှရီအီနည်းဖြင့် ဖြေရှင်းပေးဖို့ ကူညီဖို့တော့ လိုပါတယ်။နောက် အလ္လာဟ် ဟို အရှင်မြတ် သခင် ခွင့်ပြုထားတဲ့ အကူအညီမျိုး ဖြစ်ဖို့လည်းလိုပါတယ်။

===========================

251 / End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*