$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

အိမ်ထောင်သည်များ အတွက် ဟဒီးစ်တော် များ အပိုင်း (၂)

  • News Code : 723224
  • Source : ABNA
Brief

အဗ်နာ။ ။ ဤကဏ္ဍတွင် အိမ်ထောင်သည်များ နှင့်သက်ဆိုင်သည့် ဟဒီးစ်တော် များ ကို ကြိုးစား ဖော်ပြသွားဖြစ်ပါတယ်။

(၆) အေမာမ်အလီအေဗ်နေ မိုစာ အလ်ရေဇာ (အ.စ) မိန့်တော် မူသည်။

 

အသင်တို့၏ ဇနီးသည်များနှင့် ည၏ ပထမပိုင်းတွင် လိင်စပ်ယှက် ခြင်းမပြုပါနှင့် ။ အကြောင်း သည် ကား အစားအိမ် ပြည့်နေပြီး ကိုယ်ခန္ဓာ အကြောများ တင်းမာနေသည့် အတွက်ကြောင့် ဖြစ်ပါ သည်။ (အကယ်၍ လိင်စပ်ယှက်ခဲ့မည်ဆိုလျှင်) ဝမ်းရစ်ပြီးနာခြင်း ၊လေဖြတ်ခြင်း၊ တုန်ရီတုန်ခါ မှုကို ဖြစ်ခြင်း ၊ဒူလာရောဂါကိုဖြစ်စေခြင်း ၊ ဆီးကျင်ခြင်း ၊ အူကျခြင်း ၊မျက်စိ အားနည်းခြင်း တို့ကို ဖြစ်စေ ပါသည်။ ဇနီးသည်များနှင့် ည၏ နောက်ဆုံးပိုင်းတွင် လိင်စပ်ယှက် ခြင်း ကိုပြုကြပါလေ။ ကိုယ်ခန္ဓာ အတွက်လည်း အကျိုး အမြတ် မည်ဖြစ်ပါသည်။အကယ်၍ အလ္လာဟ် ဟိုအရှင်မြတ် သခင် သားသမီးချီးမြှင့်ခံလျှင်လည်း အလွန်လိမ္မာပါးနပ် သည့် သားသမီးဖြစ်ပေလိမ့်မည်။

 

ကျမ်းကိုး - الرسالة الذهبیة ، صفحه 65

 

(၇) မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်တော် မူသည်။

 

မတ်တပ်ရပ် အနေအထား ဖြင့် မိမိ ဇနီး နှင့်ကာစ စပ်ယှက်မှု မပြုပါလေ နှင့် ။ ဤလုပ်ရပ်သည် မြည်း သတ္တဝါ ၏ လုပ်ရပ် ဖြစ်ပါသည်။ အကယ်၍ ဤအခြေအနေ အရ ကာမစပ်ယှက်မှု ကြောင့် ကလေးရရှိလာမည်ဆိုလျှင် ည(အိပ်ချိန်တွင် ) အပေါ့ သွားပေလိမ့်မည်။ (သေးပေါက်ချသည့် ကလေး ဖြစ်ပေ မည်။ ) မြည်းသတ္တဝါပမာ နေရာတိုင်းတွင်အပေါ့သွား သကဲ့သို့ သွားပေမည်။

 

ကျမ်းကိုး - شیخ حر عاملی : وسائل الشیعه ، ج 20 ، صفحه 252

 

 

(၈) မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်တော် မူသည်။

 

အခြားအမျိုးသမီး တစ်ဦးတစ်ယောက်ကို စိတ်စွဲလန်းနေချိန် တွင် မိမိ ဇနီးသည် နှင့် ကာမ စပ်ယှက်မှု ကို မပြု ပါလေနှင့်။ အကြောင်းမှာ အသင်တို့ သားသမီးများသည် အလွန်ဆိုးသွမ်းသည့်၊ ဘာသာတရားမရှိသည့် ၊နိမ့်ကျသည့် ၊ ရှက်စရာကောင်းအောင်လုပ် သည့် သားသမီးများ အဖြစ် မွေးဖွားလာမည် ကျွန်ုပ်စိုးရိမ် ပူပင် မိသည့် အတွက်ကြောင့် ဖြစ်ပါသည်။

 

ကျမ်းကိုး - شیخ حر عاملی : وسائل الشیعه ، ج 20 ، صفحه 252

 

 

(၉) အေမာမ်ရေဇာ (အ.စ) မိန့်တော် မူသည်။

 

အကြင်မည်သူ မဆို ဆီးအိတ်တွင် ကျောက်မတည်စေရန် နှင့် နာ ကျင်မှု မဖြစ်စေရန် သုတ်ရည် အပြင်ထွက်မှုကို မတားဆီးဖို့လိုအပ်သလို ၊ ကာမစပ်ယှက်မှု (ဇနီးသည် တန်ဆာ တွင် မိမိ တန်ဆာကိုထည့်ထားမှု ) ကိုလည်း အချိန်အကြာ ကြီး မလုပ်ဖို့ လိုအပ်ပါသည်။

 

ကျမ်းကိုး - محدث نوری مستدرک الوسائل ، ج 14 ، صفحه 252

 

 

(၁၀) မဟာတမန်တော်မြတ်ကြီး (ဆွ) မိန့်တော် မူသည်။

 

ကာမစပ်ယှက်ချိန် လိင်ဆက်ဆံ ချိန်တွင် ဇနီးနှင့်ခင်ပွန်း (သန့်ရှင်းရေးပြုလုပ်ရန် ) သီးသန့်ဆီ အဝတ် စ ထားရန်လိုအပ်ပါသည်။မည်သည့်အခါမှ အဝတ်စ တစ်ခုတည်း တွင် အတူတူ သန့်ရှင်းရေး လုပ်ခြင်း (ကိုယ်ခန္ဓာ တွင်ပေးနေသည့် အညစ်အကြေးများကို သုတ်ခြင်း ) ကိုမပြုလုပ်ပါနှင့်။ အကြောင်းမှာ ကာမ၊တဏှာအပေါ် ကာမ၊တဏှာကို ထားခြင်းဖြစ်ပြီး၊ထိုနောက် မိမိ ရန်သူအဖြစ် (အပြန်အလှန်) သတ်မှတ်ကြပေလိမ့်မည်။ နောက်ဆုံး အိမ်ထောင် သက်တမ်းတွင် ကွာရှင်း ပြတ်စဲ မှု အထိ အခြေအနေ ရောက်ရှိ သွားပေလိမ့်မည်။

 

ကျမ်းကိုး - شیخ حر عاملی : وسائل الشیعه ، ج 20 ، صفحه 252

 

==========================

251/End

 

 


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*