$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

မိုဟမ္မဒ် (ဆွ) နှင့် အာလေ့ မိုဟမ္မဒ် (အ.စ) မိန့်ကြားထားသည့် ဆုံးမ စကား

  • News Code : 729726
  • Source : ABNA
Brief






ကျမ်းတော်မြတ်ကုရ်အာန် တွင် အလ္လာဟ်ဟို အရှင်မြတ်သခင် အနေဖြင့်အောက်ပါအတိုင်း မိန့် ကြား



တော်မူထားလေသည်။



وذکر فانّ الذکری تنفع المؤمنین



စကားပြေအဓိပ္ပာယ်



(( ပြီးနောက် သွန်သင် ဆုံးမနေပါလေအကြောင်းသည်ကား သွန်သင်ဆုံးမ မှုသည် မိုမင်များ ကို အကျိုး အမြတ်ရှိစေသည့်အတွက်ကြောင့်ပင်တည်း ။ ))



ညွန်း - စူရဟ်ဇာရီယာသ် အာယတ်တော် ၅၀၊၅၁

 

 

ကျမ်းတော်မြတ်ကုရ်အာန် တွင် အလ္လာဟ်ဟို အရှင်မြတ်သခင် အနေဖြင့်အောက်ပါအတိုင်း မိန့် ကြား

 

တော်မူထားလေသည်။

 

وذکر فانّ الذکری تنفع المؤمنین

 

စကားပြေအဓိပ္ပာယ်

 

(( ပြီးနောက် သွန်သင် ဆုံးမနေပါလေအကြောင်းသည်ကား သွန်သင်ဆုံးမ မှုသည် မိုမင်များ ကို အကျိုး အမြတ်ရှိစေသည့်အတွက်ကြောင့်ပင်တည်း ။ ))

 

ညွန်း - စူရဟ်ဇာရီယာသ် အာယတ်တော် ၅၀၊၅၁

 

မုချဧကန် မိုမင်နီများကို သတိ၊အသိရှိအောင် ပြုပေးခြင်း ၊မေ့နေသည့်အရာများ ကို ပြန်လည် သတိရ

 

အောင်ပြုပေးခြင်း ၊အသိပေးခြင်းနားလည်၊ သဘောပေါက်အောင်ရှင်းပြခြင်း တိုကိုပြုလုပ် ခြင်းဖြင့်မြောက်

 

များစွာသော အကျိုး အမြတ်ကို ဖြစ်ထွန်း စေပါသည်။

 

ဤကောင်းမြတ်သည် လုပ် ရပ် တွင် သွန်သင် ဆုံးမသူ ၊သွန်သင် ဆုံးမကိုလက်ခံသူ စသည် နှစ်ဦး နှစ်ဖက် စလုံး

 

အတွက် လောကီ၊ လောကုတ္တရာ အကျိုး ကျေးဇူးရရှိ မည် ဖြစ်ပါသည်။ ဟဇရသ်အဗူ ဂျအ်ဖရ် အေမာမ် မိုဟမ္မဒ်

 

ဘာကေရ် (အ.စ) မိန့်တော်မူလေသည်။

 

((အကြင် မြတ်အလ္လာဟ်၏ ကျေးကျွန် မဆို ကောင်းမြတ်သည့် လမ်းတစ်ခုခု ကို ပြသ မည်၊ စွန္နသ်သေဟစနာ ကို တည်ထောင်မည်ဆိုလျှင် ၎င်း အပေါ် လက်တွေ့ကျင့်ဆောင်သူများ ပမာ အကျိုး စဝါးဗ် ကို ရရှိမည် ဖြစ်ပါသည်။

 

လက်တွေ့ကျင့်ဆောင်သူများ၏ အကျိုး စဝါးဗ်တွင်လည်း မည်သည့် လျော့နည်းမှုမျှ ရှိမည် မဟုတ်ချေ။

 

ထိုနည်းတူစွာ အကြင်မည်သူမဆို မကောင်းသည့် လမ်းလွဲလမ်း မှား တစ်ခုခု ကိုပြသမည်ဆိုလျှင် ၎င်း

 

လမ်းလွဲလမ်း မှား အပေါ် လက်တွေ့ လုပ်ဆောင်သူ များပမာ ဖြစ်ပြီး ဂိုနာ ရမည်ဖြစ်ပါသည်။

 

လက်တွေ့လမ်းလွဲ လမ်းမှား လုပ်ဆောင်နေ သူများ၏ ဂိုနာများ တွင် မည်သည့် လျော့နည်း မှုကို ဖြစ်ပေါ်

 

စေမည် မဟုတ်ချေ။))

 

ညွန်း - စဝါးဗ် ဗိုလ်အအ်မာလ် ကျမ်း ၊ စာမျက်နှာ ၁၆၂

 

မဟာတမန်တော်မြတ်ကြီး (ဆွ) အနေဖြင့် ၃ကြိမ်၃ခါ မိန့်တော်မူလေ၏။

 

اللهم ارحم خلفائی

 

((အို မြတ်အလ္လာဟ် …. ကျွန်တော်မျိုး ၏ ခလီဖာများ အပေါ် သနားကြင်နာ ညာတာတော်မူပါ။))

 

قیل له : ومن خلفائک ؟ قال الذین یأتون من بعدی ویروون احادیثی فیعلّمونها النّاس من بعدی

 

 

((မဟာတမန်တော်မြတ်ကြီး (ဆွ) အား မေးမြန်းလျောက်ထားကြလေ၏။ လူကြီးမင်း၏ ခလီဖာများ ဆို တာ

 

ဘယ်သူတွေများ ဖြစ်ပါသနည်း ? အဖြေပေးမိန့်တော်မူလေ၏။ ကျွန်ုပ်မရှိတော့သည့် နောက်ပိုင်းလာမည့်

 

သူများ ဖြစ်ကြပါသည်။ ကျွန်ုပ်၏ ဟဒီးစ်တော်များ နှင့် စွန္နသ်တော်များကို တင်ပြမည့် သူများ ဖြစ်ပါ

 

သည်။ပြီးနောက် ကျွန်ုပ်မရှိတော့သည့်နောက်ပိုင်း လူထု အားလုံးကို (ဟဒီးစ်တော်များ နှင့် စွန္နသ်တော်များ)

 

ဆိုင်ရာ ပညာကို သင်ကြားပို့ချပေးမည် ဖြစ်ပါသည်။ ))

 

ညွန်း - အိုယွန်း နိုလ်အက်္ခဗာ ကျမ်း ၂ / ၄၀ ဟဒီးစ်တော် ၉၄ အခန်း ကဏ္ဍ ၃၁

 

သွန်သင်ဆုံးမချက် များသည် မနုဿလူသားများ အတွက်မြောက်များစွာသော်ကောင်း မြတ် အကျိုး အာနိသင်ကို             သာ သက်ရောက်ကြောင်း ပညာရှိသူတိုင်း ဦးနှောက် ရှိသူတိုင်း လုံးဝ ငြင်းဆိုကြမည် မဟုတ်ချေ။ အချို့ သော် ပုဂ္ဂိုလ်များသည် အမြဲတစေ ကောင်းမြတ်သည့်အလုပ်များ၊ ကောင်းမှု ကုသိုလ်အလုပ်များ၊ အကျိုး ဝဝါးဗ် အလုပ်များ

 

အတွက် သာ သောက ထားလေသည်။ ၎င်းတို့ အနေဖြင့် တနေ့ရာရာမှ ကောင်းမြတ်သည့်စကားများ ကို

 

နားထောင်ရမည် (သို့) စာအုပ်၊စာစောင် ၊ တစ်ခုခုတွင် ကောင်းမြတ်သည့် အလုပ် စဝါးဗ်အလုပ်ကို ဖတ်ရမည်ဆိုလျှင် ၎င်းလုပ်ရပ်များ ကို မိမိတို့ ထမ်းဆောင်ရမည့် တာဝန်သဖွယ် မှတ်ယူ၍ စတင် ကျင့်ဆောင်ကြ လေသည်။

 

တနည်း အားဖြင့် မိမိတို့၏ ကာလရှာစွာသွားရမည့် လောကုတ္တရာခရီးစဉ်အတံက် ခရီး စရိတ် ကို အချိန်ရလျှင်ရ

 

သလောက် စုဆောင်း နေကြခြင်း ဖြစ်ပါသည်။

 

ဤအတွက်ကြောင့်ကျွန်ုပ်တို့ အနေဖြင့် ကောင်းမြတ်သည့်လုပ်ရပ်များ၊လုပ်ငန်းများ၊ အကျိုး စဝါးဗ်ရရှိမည့် အရာများသည် မည်သည့် အရာများ ဖြစ်ကြောင်း ကျမ်းတော်မြတ် ကုရ်အာန်မှ မိန့်ထားတော်မူ ကြောင်း ၊မဟာတမန်တော်မြတ်ကြီး (ဆွ) နှင့်အဟ်လေ့ဘိုက် (အ.စ) ၊ ပြီးနောက် စစ်မှန်သည့်ဆာဟာဗာတော်များ နှင့်အိုလမာ မှ မည်သို့ မိန့်တော်မူ လမ်းပြထား ကြောင်းကြိုးစား ရှာဖွေပြီး လက်တွေ့ ကျင့်သုံးကာ သူတစ်ပါးကို လမ်းညွန်း ပြသ ဖြန့် ဝေရမည် ဖြစ်ပါသည်။


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*