$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

မိုအ်မင် အတွက် ဆုံးရှုံးမှု ကို ဖြစ်စေခြင်း

  • News Code : 768714
  • Source : ABNA
Brief

မိုအ်မင် အတွက် ဆုံးရှုံးမှု ကို ဖြစ်စေခြင်း ကိစ္စ နှင့်ပတ်သက်ပြီး အောက်ပါ ပို့စ်တိုလေး ကို အချိန် အနည်းငယ်ပေးဖတ်သင့်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကျနော်တို့ ၏ အကျော် အမော် အာလင်မ် များ မှတစ်ပါးဖြစ်သည့် အလာမာ ဘာကဲရ် မဂ်ျလေစီ (ရ.ဟ) မိမိ၏ ရိုဟေဟယါသ်ကျမ်း စာမျက်နှာ ၅၉၃ တွင် ဟဒီးစ်တော်တစ်ပါးကို ရေးသားထားပါတယ်။ဟဒီးစ်တော်မှာ …

(အကြင်မည်သူမဆို မိုအ်မင်တစ်ဦး တစ်ယောက် အတွက် ဆုံးရှုံး မှုကို ဖြစ်စေရန် စလုံးတစ်ဝက်ခန့် ဖြင့် ပါဝင်မည် ။ ဇွာလင်မ်အား ကူညီအားပေးမည၊် ထောက်ပံ့ မည်ဆိုလျင် ကေယာမသ်နေ့ မဲဟ်ရှဲကွင်းပြင် တွင် အလ္လာဟ်ဟို အရှင်မြတ် သခင်ဖက်မှ ဤပုဂ္ဂိုလ်သည် အလ္လာဟ် ဟို အရှင်မြတ်၏ ရဲဟ်မသ် တော်မှ မျှော်လင့် ချက်မရှိ သူဆိုသည့် ရေးသားမှု ကို ၎င်း၏ မျက်လုံး နှစ်ခုကြားတွင်ရေး ထားတော်မူခြင်း ဖြင့် ရောက်စေ မည် ဖြစ်ပါသည်။ ))

ကျနော်တို့၏ ရှရီအသ် ၊ လုပ်ရပ်ကတော့ အကယ်၍ တစ်ဦးတစ်ယောက် မိုအ်မင် တစ်ဦး ဦး အပေါ် ရက်စက်နေမည် ၊ ဇိုလ်မ် လုပ်နေတာကိုတွေ့မည်ဆိုလျင် ဇွာလင်မ် ဖက်က ပါကြပါတယ်။ ဥပမာအားဖြင့် မိုအ်မင် ၏ မြေကို တစ်ဦးတစ်ယောက်မှ မတရား ကျူးကျော် သိမ်းပိုက်ထားလျင် ကျနော်တို့အနေဖြင့် မြေမတရား သိမ်းထားသူဖက်မှ ပါဝင်ပါတယ်။ တစ်ဦးတစ်ယောက်က မိုအ်မင် ၏ အိမ်ကို ငှားနေမယ် ၊ အိမ် ဖယ်ပေးဖို့ ပြောချိန်တွင် မဖယ်ပေးဘဲ နေမည်ဆိုလျင် မဖယ်ပေးသူဖက်က ရပ်တည် မည်။ မိုအ်မင် တစ်ဦး တစ်ယောက်ကို အမျိုး ဖြတ် ဆက်ဆံမည်ဆိုလျင် ဖြတ်နေသူဖက်မှာ ပါဝင်မည်။ ဇနီးကိုမတရား လုပ်နေလျင် လင်ဖက်မှ ရပ်တည် မည် ။ ယောက်ကျား ကို မတရားလုပ်နေလျင် ဇနီး ဖက်မှ ရပ်တည် မည် ။ တစ်ဦးတစ်ယောက် က မိုအ်မင် တစ်ဦးတစ်ကြောင့် ကို မတရားစွပ်စွဲမည် ။ မုန်းကြောင်း လူသိရှင်ကြားကြေညာမည် ၊တိုင်တန် မည်ဆိုလျင် မိုအ်မင်ဖက်က မပါဘဲ ဆန့်ကျင်ဖက် က ပါမည် ဖြစါပါတယ်။ စသည်ဖြင့် ပြော မကုန် ကိစ္စ အမြောက်အများပင်တည်း ။

အမှန်တကယ်ဆို ကျနော် တို့ အမှန်တရားဖက်မှ မိုအ်မင်ဖက်မှ ပါဝင်ရပ်တည် ရပေမည်။ လက်တွေ့ ကျနော် တို့ ပြောင်းပြန်အဘယ်ကြောင့် ဖြစ်နေရပါသနည်း ….

ကျနော်တို့ အားလုံး အမှန်တရားကို သေချာသိရှိပြီး အမှန်တရားဖက် မိုအ်မင်ဖက် မှ ရပ်တည် နိုင်စွမ်း အလ္လာဟ် ဟို အရှင်မြတ် သခင်ပေးသနားဖို့ တောင်းဆု ဒိုအာပြု သင့် ပေသည်။

--------------------------------

251/End


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*