$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ခြေထောက်ကျဉ်ခြင်း

  • News Code : 365049
  • Source : Health Digest

အဗ်နာသတင်းဌာနမှတင်ပြသည်မှာ-ခြေထောက်ကျဉ်ခြင်းခြေဖဝါး၊လက်သို့မဟုတ်ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုကိုအချိန်အကြာကြီးဖိထားတဲ့အခါထုံကျဉ်သွားခြင်းခံစား ရတတ်ပါတယ်။အများအားဖြင့်ခြေထောက်ကိုဖိထိုင်တဲ့အခါမျိုး မှာဖြစ်တတ်လို့ခြေထောက်ကျဉ်တယ်ဆိုတဲ့ အသုံးအနှုန်းကို လူသိများကြပါတယ်။ ဒါကိုတော့ Sleeping Foot လို့ခိုင်းနှိုင်းလေ့ ရှိကြပါတယ်။ အိပ်ပျော်နေတဲ့ခြေထောက်ပေါ့။ဖြစ်ရတဲ့အကြောင်းရင်း ကတော့အင်္ဂါအစိတ်အပိုင်းရှိဦးနှောက်သို့သွားသောအာရုံကြော လမ်းကြောင်းကိုအချိန်အတော်ကြာအောင်ဖိထားမိခြင်းကြောင့်ထုံကျဉ် (Numb)ဖြစ်သွားခြင်းဖြစ်ပါတယ်။ဖိအားဖြစ်စေသောအရာကို ဖယ်ရှားလိုက်တဲ့အခါအိပ်ပျော်နေတဲ့ခြေထောက်ပြန်လည်နိုးလာပြီး ဦးနှောက်ကိုစကားပြန်ပြောလာတယ်လို့ဆိုပါတယ်။ခြေထောက် ကျဉ်တဲ့အခါသက်သာစေဖို့ပြုလုပ်ရန်နည်းလမ်းကတော့ခြေဖဝါးကို စက်ဝိုင်းပုံသဏ္ဌာန်အတိုင်းလှည့်ပေးပါ။


پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1441 / 2020
We are All Zakzaky
No to deal of the century