$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

အသည်းကြီးခြင်း

  • News Code : 378198
  • Source : Good Health

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန။။အဗ်နာအသည်းကြီးခြင်းအသည်းက ပုံမှန်အရွယ်အစား  ထက်ပိုကြီးနေရင် အသည်းကြီး တယ် (Enlarged Liver) လို့ ခေါ်ပါတယ်။ အသည်းက ဝမ်းဗိုက်ရဲ့ အပေါ် ညာဘက်ပိုင်းမှာရှိတဲ့ အင်္ဂါ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ အသည်း ကြီးတာက ရောဂါမဟုတ်ဘဲ အသည်းရောဂါ၊ နှလုံးရောဂါနဲ့ ကင်ဆာ ရောဂါစတဲ့ အခြေခံ ကျန်းမာရေးပြဿနာ တစ်ခုခုရဲ့ လက္ခဏာ တစ်ခု ဖြစ်ပါတယ်။အသည်းကြီးခြင်း၏ လက္ခဏာရပ်များအသည်းရောဂါကြောင့် အသည်း ကြီးတဲ့အခါ ဗိုက်အောင့်တာ၊ နုံးချည့်ညောင်းညာတာ၊ ပျို့ချင် အန်ချင်ဖြစ်တာ၊ ပျို့အန်တာနဲ့ အရေပြားနဲ့ မျက်စိ ဝါတာ စတဲ့ လက္ခဏာတွေ တွဲဖြစ်တတ်ပါတယ်။အသည်းကြီးခြင်းဖြစ်ရသော အကြောင်းရင်းများအသည်းကြီးစေနိုင်တဲ့ အခြေအနေအများကြီး ရှိပါတယ်။ အသည်းရောင် အသားဝါအေ၊ ဘီနဲ့ စီပိုး အပါအဝင် ဗိုင်းရပ်စ်ပိုးတွေကြောင့် အသည်း ရောင်တာ၊ အရက်ကြောင့် အသည်းအဆီဖုံးတာ၊ အရက် မသောက်ဘဲ အသည်းအဆီဖုံးတာ၊ အသည်းမှာ ပုံမမှန် ပရိုတင်းစုပုံ မှုကြောင့်ဖြစ်တဲ့ ရောဂါ၊ အသည်းမှာ ကြေးနီ ဒါမှမဟုတ် သံဓာတ်စုပုံမှုကြောင့် ဖြစ်တဲ့ရောဂါ၊ အသည်းမှာ အရည်အိတ်ဖြစ်တာ၊ ကင်ဆာ မဟုတ်တဲ့ အသည်း အကျိတ်၊ သည်းခြေလမ်းကြောင်း ဒါမှမဟုတ် သည်းခြေအိတ်ပိတ်ဆို့တာ၊ အသည်းရောင်တာစတဲ့ ရောဂါဝေဒနာတွေကြောင့် အသည်း ကြီး တတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ တခြားအစိတ်အပိုင်းတွေမှာ ကင်ဆာစတင်ဖြစ်ပေါ်ပြီး အသည်းဆီကို ပျံ့နှံ့ရာက အသည်းကြီးတဲ့ လက္ခဏာပေါ် တတ်ပါတယ်။ နှလုံးရောဂါ၊ အသည်းကို သွားတဲ့ သွေးပြန် ကြော ပိတ်ဆို့မှုကြောင့်ဖြစ်တဲ့ရောဂါနဲ့ နှလုံးတစ်သျှူး ရောင်ရမ်းမှုတို့ကြောင့်လည်း အသည်းကြီးတတ်ပါ တယ်။အသည်းကြီးနိုင်ခြေများသော အချက်များသင့်မှာ အသည်းရောဂါရှိနေရင် အသည်းကြီး နိုင်ခြေများပါတယ်။ အသည်းပြဿနာဖြစ်နိုင်တဲ့ အချက်တွေကတော့ အချက်တွေကတော့အယ်လ်ကိုဟော မှီဝဲမှုများခြင်း - အယ်လ်ကိုဟော များများ မှီဝဲမှုကြောင့် အသည်းထိခိုက်စေနိုင်ပါတယ်။ဆေးဝါး၊ ဗီတာမင်နှင့် ဖြည့်စွက်ဆေး များများ မှီဝဲခြင်း - ဗီတာမင်၊ ဖြည့်စွက်ဆေးနဲ့ ဆရာဝန်ညွှန်ကြားတဲ့ ဆေး၊ မိမိဘာသာသောက်နိုင်တဲ့ဆေးတွေကို သတ်မှတ်ထားတဲ့ ပမာဏထက်ပိုသောက်တာကြောင့် အသည်းထိခိုက်နိုင်ခြေများပါတယ်။ဆေးဖက်ဝင်ဖြည့်စွက်ဆေးများ - တချို့သောဆေးဖက်ဝင်အပင်ထွက်ဖြည့်စွက်ဆေးတွေဟာ အသည်း ထိခိုက်နိုင်ခြေ တိုးစေပါတယ်။ကူးစက်ပိုးဝင်ခြင်း - ငှက်ဖျားပိုးလို ကူးစက်ပိုးတွေဟာ အသည်းထိခိုက်နိုင်ခြေ များပါတယ်။အသည်းရောင် အသည်းဝါ ဗိုင်းရပ်စ်များ - အသည်း ရောင်အသားဝါအေ၊ ဘီနဲ့ စီပိုးတွေရှိရင် အသည်း ကို ထိခိုက်စေနိုင်ပါတယ်။တတ်နိုင်သမျှကာကွယ်ပါ။အစာစားသောက်မှု အလေ့အထ မကောင်းခြင်း - အဆီစာအပါအဝင် ကျန်းမာရေးနဲ့မညီညွတ်တဲ့အစာစားတာကြောင့်ကိုယ်အလေးချိန်များပြီး ဝတာက အသည်းရောဂါဖြစ်နိုင်ခြေကို မြင့်တက် စေနိုင်ပါတယ်။ကာကွယ်မှုအသည်းကြီးတာအပါအဝင် အသည်းရောဂါ ဖြစ်နိုင်ခြေ လျော့ကျစေဖို့အောက်ပါကာကွယ် နည်းတွေကို လိုက်နာပေးရပါမယ်။ကျန်းမာရေးနှင့် ညီညွတ်သော အစာစားပါ - သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့အခွံချွတ်မထားတဲ့ ကောက်နှံစာပါတဲ့ အစာတွေကို စားပါ။အရက်ကို မသောက်ရ မနေနိုင်လျှင် အသင့်အတင့်သာ သောက်ပါ - အရက်ကို လုံးဝမသောက်ဘဲ နေတာ အကောင်းဆုံးပါ။ ဒါပေမဲ့ မသောက်ဘဲ မနေနိုင်ရင် အရက်ကို အသင့်အတင့် ထိန်းချုပ်ကာ သောက်သင့် ပါတယ်။ဆေးများကို ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်ပါ - ဗီတာမင်၊ ဖြည့်စွက်ဆေးနဲ့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကို သတ်မှတ်ထားတဲ့ အတိုင်းအတာ အတိုင်း စနစ်တကျ သောက်သုံးပါ။ဓာတုပစ္စည်းများနှင့် ထိတွေ့ မှုကို ထိန်းချုပ်ပါ - အင်း ဆက်ပိုးသတ်ဆေး၊ သန့်စင်ရေးပစ္စည်းနဲ့ တခြား အဆိပ်ရှိတဲ့ ဓာတုပစ္စည်းတွေကို လေဝင်လေထွက် ကောင်းတဲ့ နေရာမှာပဲ သုံးပါ။ လက်အိတ်၊ ဘောင်း ဘီရှည်နဲ့ နှာခေါင်းစည်းတို့ကို သုံးပြီး ကာကွယ်ပါ။ကိုယ်အလေးချိန်ထိန်းပါ - ကိုယ်အလေးချိန်က ကျန်း မာရေးနဲ့ ညီညွတ်နေရင်တောင် အသည်းကျန်းမာ အောင် ကိုယ်အလေးချိန်ကို ထိန်းရပါမယ်။ ကိုယ်အလေးချိန်လျှော့ချဖို့ လိုရင် စားသမျှ ကယ်လိုရီ ပမာဏကို လျှော့ချပြီး နေ့စဉ်လေ့ကျင့်ခန်း လုပ် ဆောင်မှုကို တိုးမြှင့်ပေးပါ။ဆေးလိပ်မသောက်ပါနှင့် - ဆေးလိပ်သောက်တတ်ရင် ဆေးလိပ်ဖြတ်ဖို့ လိုပါတယ်။


پیام رهبر انقلاب به مسلمانان جهان به مناسبت حج 1441 / 2020
We are All Zakzaky
No to deal of the century