အဟ်လေ့ဘိုက် (အ.စ)သတင်းဌာန ၊ အဗ်နာ
ခေါင်းကိုက်ခြင်း အများစုဟာ လူကို မသက်မသာ ဖြစ်စေသော်လည်း အန္တရာယ်တော့ မပေးနိုင်ပါ။ ဆေး ဆိုင်မှာ အလွယ်တကူ ဝယ်ယူလို့ ရရှိ တဲ့ အကိုက်အခဲ ပျောက်ဆေးဝါးများ၊ ဆိတ်ငြိမ်သော အမှောင်ခန်းထဲမှာ လဲ လျောင်းအနား ယူခြင်း စသည့် နည်း လမ်းတို့ဖြင့် သက်သာ စေနိုင်ပါတယ်။ ခေါင်းကိုက် ရခြင်းအကြောင်း ရင်းများမှာ
-ဆာလောင် မွတ်သိပ်ခြင်း (သွေး တွင်းသကြားဓာတ် နည်းပါးခြင်း)
- စိတ်ဖိစီးမှု
- ပတ်ဝန်းကျင်ညစ်ညမ်းမှု
- ဆူညံသံ
- မီးခိုးငွေ့
- မီးအလင်းရောင်စူးခြင်း
- အချို့သောအစားအစာများ
အချို့သော လူများဟာ အောက် ပါအစားအစာ များကြောင့် ခေါင်းကိုက် သည့် အခြေအနေကို ခံစားနေရတတ် ပါတယ်။ ကော်ဖီ၊ ချော့ကလက်၊ အဝါ ရောင်ချိစ်၊ အခြားသော နို့ထွက်ပစ္စည်း များ၊ အနီရောင်အသား၊ အစေ့အဆန် များ၊ ဟင်းသီးဟင်းရွက် အနှစ်၊ အချို မှုန့်ပါဝင်မှုများသော အစားအစာများ၊ အရက်တို့ဖြစ်ပါတယ်။
အချို့လူများမှာ မကြာခဏ ဆိုသလို ခေါင်းကိုက် ပျောက်ဆေးများ သောက်သုံး ခြင်းကြောင့် ခေါင်းကိုက် ဝေဒနာ ခံစားရ တတ်ပါတယ်။ ယင်း Rebound Headche လို့ ခေါ် ပါတယ်။ ထိုသူအနေနဲ့ ခေါင်းကိုက် ပျောက်ဆေး သောက်သုံးခြင်းကို ရပ် တန့်လိုက်မှသာ ခေါင်းကိုက်ဝေဒနာ သက်သာ သွားပါလိမ့်မယ်။ အကိုက် အခဲပျောက်ဆေး များကို အလွန်အကျွံ သောက်ခြင်းဟာ အသည်းနှင့်ကျောက် ကပ်များကို ပျက်စီးစေ နိုင်ပါတယ်။