အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊အဗ်နာ ကွမ်းစားခြင်း အန္တရာယ် သတိပေး နှိုးဆော်ချက် - ကွမ်းယာကို အမြဲမပြတ် စားခြင်း၊ ဝါးနေခြင်း၊ ငုံခြင်း၊ - ကွမ်းယာထဲတွင် ဆေးရွက်ကြီး ထည့်၍ စားခြင်း၊ - ကွမ်းယာထဲတွင် ဆေးရွက်ကြီးကို အမျိုးမျိုး ပြုပြင်ထားသော ဆေးပေါင်း၊ နှပ်ဆေးထည့်၍ စားခြင်းတို့ကြောင့် နှလုံးရောဂါ၊ သွေးတိုးရောဂါ ကဲ့သို့သော မကူးစက်နိုင်သော နာတာရှည် ရောဂါများ၊ ခံတွင်းကင်ဆာ၊ ပါးစောင်ကင်ဆာ၊ အသံအိုး ကင်ဆာ၊ လည်ချောင်း ကင်ဆာနှင့် ကင်ဆာရောဂါ အမျိုးမျိုးတို့ ဖြစ်ပွား စေနိုင်ပါသည်။ ထို့ကြောင့် ကွမ်းစားခြင်းကို လုံးဝ ရှောင်ကြဉ်ကြပါရန် ကျန်းမာရေး ဝန်ကြီးဌာနက နှိုးဆော် အပ်ပါသည်။ ကျန်းမာရေး ဝန်ကြီးဌာန