$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

ပိုကောင်းလာစေချင်လို့ လက်ဦးမှု ယူလိုက်တာလား

  • News Code : 432064
  • Source : Popular News
Brief

အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ  

ဒီလပိုင်းတွေထဲမှာ နိုင်ငံရေး အဝန်းအဝိုင်းထဲ ကျယ်ကျယ်လောင် လောင်ပြော လာကြတဲ့ အကြောင်းအရာ တစ်ခု ရှိတယ်။ အရင်က တည်းက ပြော ခဲ့ကြတာ ဖြစ်ပေမယ့် အဲဒီတုန်းက ပြောခဲ့တာက ငြင်းဆန်ဆန့် ကျင်တဲ့ အမြင်ပေါ်က ပြောခဲ့ကြ တာပါ။ အခုက တော့ လက်မခံဘူး၊ ပြင်ကိုပြင်ရမယ် ဆို တဲ့ သဘောထားနဲ့ ပြောလာကြတာ ဖြစ် ပါတယ်။ အာဏာရ ပါတီ ဘက်ကလည်း လိုက်ပြီး ပြောလာရတဲ့ အကြောင်း အရာပါ။

 

အဲဒါက ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာပါပဲ။ မကြာခင် ပြန် စတော့မယ့် လွှတ်တော်အစည်းအဝေး မှာ ဒီကိစ္စကို ဆွေးနွေးကြမယ် ဆိုတာ ကိုလည်း ကြားနေ၊ ဖတ်နေရပါတယ်။ အာဏာရ ပါတီရဲ့ ပြင်ချင်တာက ဘာလဲ။ လွှတ်တော်ထဲ ရောက်နေတဲ့ အတိုက်အခံပါတီတွေ ဘက်က ပြင်ချင် တာက ဘာလဲ။ လွှတ်တော် အပြင်ဘက်က ပါတီတွေ၊ အဖွဲ့အစည်းတွေ ဘက်က ပြင်ချင်တာ ကဘာလဲ။ အဲဒီ ‘ဘာ လဲ’ တွေရဲ့ အခြေခံဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုတာက ဘာလဲ။

 

သဘောတူရင် ထပ်စဉ်းစား

 

”ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုသည် မှာ နိုင်ငံတော်အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်ဖြစ်သော ပြည်သူလူထု တစ်ရပ်လုံးနှင့် ယင်းအချုပ်အခြာအာဏာ ကို ပြည်သူလူထုကိုယ်စား ကျင့်သုံးခွင့် အပ်နှင်းခြင်းခံရသော အစိုးရတို့သည် မည်သို့မည်ပုံ အာဏာခွဲဝေသုံးစွဲ၍ နိုင်ငံတော်ကို မည်ပုံမည်နည်းဖြင့် စီမံ အုပ်ချုပ်ကြရမည်ဟု ပြဋ္ဌာန်းထားသော တိုင်းပြည်၏အမြင့်ဆုံး ‘ဥပဒေ’ ဖြစ်သည်။

 

တစ်နည်းအားဖြင့် နိုင်ငံတော်အချုပ်အခြာ အာဏာ၏မူလပိုင်ရှင်ဖြစ်သော ပြည်သူ လူထုနှင့် ပြည်သူလူထုကိုယ်စားတိုင်းပြည် ကိုစီမံအုပ်ချုပ်နေသော အစိုးရတို့အကြား အာဏာအလွဲသုံးစားမှု မရှိရလေအောင် နှစ်ဦးနှစ်ဖက်သဘောတူ ချုပ်ဆိုထား သော ပဋိညာဉ်စာချုပ်ဖြစ်သည်”(ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဒီမိုကရေ စီကျင့်စဉ်တရားများ၊ စာ-၁၇) ဒီအဓိပ္ပာယ် ဖွင့်ဆိုချက်ဟာ သဘောတူ လက်ခံနိုင်တဲ့ ဖွင့်ဆိုချက် ဖြစ်ပါတယ်။

 

အဲဒီဖွင့်ဆိုချက်ထဲမှာ ‘နိုင် ငံတော်အချုပ်အခြာအာဏာ၏ မူလ ပိုင်ရှင်ဖြစ်သော ပြည်သူလူထု’ ဆို တာရယ်၊ ‘ပြည်သူလူထုကိုယ်စားကျင့် သုံးခွင့်အပ်နှင်းခြင်း ခံရသောအစိုးရ’ ဆိုတာရယ်၊ ‘အာဏာအလွဲသုံးစားမှု မရှိ ရလေအောင် နှစ်ဦးနှစ်ဖက်သဘောတူချုပ်ဆိုထားသော’ ဆိုတာတွေရယ်က အဓိက ကျမယ်ထင်တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံမှာ ပြည်သူလူထု ဟာ နိုင်ငံတော်အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင် ဖြစ်နေပါရဲ့လား။ ပြည်သူ မဟုတ်ဘဲ ဘယ်သူက မူလပိုင်ရှင် နေရာကို ရယူထားပါသလဲ။ အစိုးရဟာ ပြည်သူလူထုကိုယ်စား ကျင့်သုံးခွင့် အပ် နှင်းခြင်းခံထားရသူတွေလား။

 

ကိုယ့် ဘာသာ ကိုယ်အပ်နှင်းပြီး တပ်မတော် ကိုယ်စား ကျင့်သုံးခွင့် ရယူထားတာ လား။ ပြည်သူလူထုနဲ့ အစိုးရကြားမှာ ဘယ်သူက အာဏာကို အလွဲသုံးစား လုပ်ခွင့် ရယူထားပါသလဲ။ ၂ဝဝ၈ ဖွဲ့ စည်းပုံ အခြေခံဥပဒေဟာ အစိုး ရနဲ့ ပြည်သူလူထုတို့ နှစ်ဦးနှစ်ဖက် သဘော တူချုပ်ဆိုထားတဲ့ စာချုပ်သဘောမျိုး တကယ် အသက်ဝင်နေပါသလား၊ ဒါမှ မဟုတ် တစ်ဖက်သတ်ချုပ်ဆိုပြီး အတင်း သဘောတူခိုင်းထားတဲ့ စာချုပ်မျိုး ဖြစ် နေသလား။ စဉ်းစားကြည့်ဖို့ ကောင်း ပါတယ်။ စိတ်ဝင်စားသူတွေကတော့ စဉ်းစားပြီးသား ဖြစ်မယ်ထင်ပါတယ်။

 

လက်ဦးမှု ယူတာလား

 

ပြင်ပအတိုက်အခံတွေနဲ့ လွှတ် တော်ထဲ ရောက်နေတဲ့ အတိုက်အခံ ပါတီတွေ အများစုက ၂ဝဝ၈ ဖွဲ့စည်းပုံ ကိုပြင်ဖို့၊ အသစ်ရေးဖို့ ပြောနေကြတာ ကြာပါပြီ။ ဒါပေမဲ့ လွှတ်တော် ထဲမှာ ဆွေးနွေးဖို့ အဆိုဖြစ်အောင် တင်ခဲ့တာ က လက်ရှိအာဏာရ ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ် ဖြစ်ပါတယ်။

 

အရင် စစ် အစိုးရကို ဆန့်ကျင်ခဲ့တဲ့၊ အခု အစိုးရနဲ့ အတိုက်အခံ နေရာမှာရှိနေတဲ့ ဒီမိုက ရေစီ ဘက်တော်သားတွေဘက်က အရင် ရှိခဲ့တဲ့ အခုထိလည်းရှိနေတဲ့ မတရားမှုတွေနဲ့ ဥပဒေတွေ ကို ဝေဖန် ထောက်ပြခဲ့ကြတာ အများကြီးပါ။ အဲဒီ ဝေဖန် ထောက်ပြထားခဲ့တာတွေကို လွှတ်တော်ထဲမှာ လက်ဦးမှု ရယူပြီး အဆိုတင် ဆွေးနွေးလာတာဟာ အာ ဏာရအစိုးရ ပါတီ ဘက်က ဖြစ်ပါတယ်။

 

အလုပ်သမားကိစ္စ၊ လယ်သမား ကိစ္စ၊ ဥပဒေ ကိစ္စ၊ ပညာရေးကိစ္စတွေ အပါ အဝင် ကိစ္စအတော်များများကို ဆွေး နွေးခဲ့ကြပြီး သက်ဆိုင်ရာနယ်ပယ် အလိုက် လေ့လာစုံစမ်းရေး၊ ဖြေရှင်းရေး ကော်မတီတွေ ဖွဲ့ခဲ့ကြတယ်။ အဲဒီလို ဖွဲ့ ခဲ့တဲ့ ကော်မတီတွေဟာ ရှိနေခဲ့တဲ့၊ ရှိနေ ဆဲဖြစ်တဲ့ ပြဿနာတွေ၊ အခက်အခဲ အကျပ်အတည်းတွေကို ထိရောက်ပြီး အကျိုးရှိအောင် ဖြေရှင်းနိုင်ခဲ့ပါသလား။

 

ဒါဟာ မေးလည်းမေးပြီး အဖြေလည်း ရှာကြည့်ရမယ့်ကိစ္စလို့ ထင်ပါတယ်။ ဆွေးနွေးတာ လက်တွေ့လုပ်ဖို့ ပြင်ဆင် တာမျိုးတွေကို ကြိုဆိုပါတယ်။ ဒါပေမဲ့ လက်တွေ့မှာ ထိရောက်တဲ့အကျိုးသက် ရောက်မှုတွေဖြစ်မလာဘဲ ရှိနေတဲ့ ပြဿနာတွေကို လွှတ်တော်ထဲမှာကြိုတင် လက်ဦးမှုယူပြီး ကိုယ်ဖြစ်ချင်၊ လိုချင်တဲ့ လမ်းကြောင်းထဲရောက်အောင် ဆွဲထည့် လိုက်တာမျိုးဆိုရင်တော့ ‘အကျယ် အကျယ် မငြိမ်းဖွယ်’ ဖြစ်လာနိုင်တယ်။အခု ၂ဝဝ၈ ဖွဲ့စည်းပုံကိုပြင်ဖို့ ဦး ဆောင်ဆွေးနွေးခဲ့တဲ့ အာဏာရပြည်ခိုင် ဖြိုးပါတီဟာ အတိုက်အခံ တွေကို လက်ဦးမှု ရယူလိုက် တာလား။ နိုင်ငံနဲ့ ပြည်သူလူထုရဲ့ ရေရှည်အကျိုးကို မျှော် ကိုးပြီး ဖွဲ့စည်းပုံပြင်ဖို့ အဆိုတင်ခဲ့တာ လား။ မကြာခင်မှာ ကွက်ကွက်ကွင်း ကွင်း ရှင်းရှင်းလင်း လင်းကြီး မြင်ကြရ တော့မှာပါ။

 

အဓိက နှစ်ခုတည်း

 

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်လို့ ပြောကြဆိုကြတာတွေထဲ မှာ အဓိက အကြောင်းအရာ နှစ်ခုကို သတိပြုမိတယ်။ တစ်ခုက ”တိုင်းပြည် ရဲ့ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေး” ဆိုတဲ့ နိုင်ငံတော် အခြေခံမူ ပုဒ်မ ၆ (စ) နဲ့ အဲ့ဒီ ပုဒ်မနဲ့ ဆက်နွှယ်ပြီး ဖွဲ့စည်းပုံ ဥပဒေထဲမှာ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ တပ်မတော်ရဲ့ အခွင့်အရေးရယူထားမှုတွေပါ။ နောက် တစ်ခုကတော့ တိုင်းရင်းသားလူမျိုးများ ရဲ့ တန်းတူခွင့်နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးကိစ္စ ဖြစ်ပါတယ်။၂ဝဝ၈ ဖွဲ့စည်း ပုံ ဥပဒေအကြောင်းပြောဆိုဆွေးနွေးကြ၊ ဝေဖန်သုံးသပ်ကြတဲ့အခါမှာ ဒီ အကြောင်း အရာကြီးနှစ်ခုကအရေးတကြီးဆွေးနွေး ညှိနှိုင်းဖြေရှင်းရမယ့် ပြဿနာတွေ ဖြစ် နေတာကို အားလုံးသိထားကြပါတယ်။လွှတ်တော်ထဲမှာ ဒီကိစ္စကို ဘယ် လောက်အထိ နက်နက်ရှိုင်းရှိုင်း စဉ်းစား ပြီး ဆွေးနွေးကြမလဲဆိုတာ စိတ်ဝင်စား စရာပါ။

 

ပါတီစုံရှင်သန်နေအောင်

 

တချို့က ပြောနေတာရှိတယ်။ ဖွဲ့ စည်းပုံကို ပြင်ရင် စစ်တပ်က အာဏာ သိမ်းလိမ့်မယ်တဲ့။ ကျွန်တော့်အမြင်က တော့ ဖွဲ့စည်းပုံပြင်ရုံနဲ့ စစ်တပ်က အာ ဏာသိမ်းစရာ အကြောင်းမရှိပါဘူး။ အခုလည်း လိုအပ်လာရင် (လိုအပ်တဲ့ အခြေအနေ ဖြစ်လာအောင် လုပ်ယူပြီး) အာဏာသိမ်းခွင့် ပေးထားတာပါ။

 

အခု သက်ရှိ ထင်ရှားရှိနေသေးတဲ့ တပ်ခေါင်း ဆောင်ဟောင်းတွေထဲက တချို့ထိပ်ပိုင်း ခေါင်းဆောင်ဟောင်းတွေရဲ့ အကျိုး စီးပွားနဲ့ ဆက်နွှယ်ပြီး အကာအကွယ် ပေးထားတဲ့ ဥပဒေပြဋ္ဌာန်းချက်တွေကို ပယ်ဖျက်တာ၊ ပြင်ဆင်တာမျိုး ဖြစ်ခဲ့ရင် တော့ စစ်တပ်က ရုပ်ပျက်ဆင်းပျက် အာဏာသိမ်းပေးတာမျိုး ဖြစ်ရင် ဖြစ် မှာပါ။