ဆရာဟူသည်...တပည့်မရှား တပြားမရှိပီတိကိုစား အားရှိပါ၏။ထိုဆိုရိုးစကား သူပုံထား၍လျော်ညီကျင့်ဖွယ် ဤငါးသွယ်ကိုမပြတ်လိုက်နာ နာသုံးနာဖြင့်မေတ္တာရှေ့ထား ဆုံးမပေးသည်လေးစားရသော ဤမြတ်ဆရာသည်။မိရင်းဖသဖွယ် သူကျင့်ရွယ်၍မကောင်းမြစ်တား ကောင်းရာညွှန်လျက်အောင်မြင်လမ်းဆီ မှန်းဆရည်ပြီးအတတ်ဟူသမျှ ကုန်သွန်ချလျက်သင်ကြားမျှဝေ ပြုပြင်ပေးသည်တုနှိုင်းမမှီသော ဤဂရုဏာသည်။တပည့်ထွန်းပေါက် သြဇာမြောက်ချိန်မမျှော်ရည်ရွယ် ခြူးတစ်ပြားရယ်မျှပီတိအပြုံး သူခြယ်မှူန်း၍ဒါမှငါ့တပည့် တော်လှရဲ့ဟုဂုဏ်ယူကြွေးကြော် သူဟစ်အော်သည်သြော်….ဆပ်၍မကုန်နိုင်သော ကျေးဇူးရှင်များပေတကား။
ဆရာဟူသည်...
ဇွန် ၁, ၂၀၁၂ - ၁၂:၀၀ နံနက်- News Code : 319223
- Source : MSM
msm site မှနေသူ ရေးသားထားသည့် ကဗျာ အား အဗ်နာ စာဖတ် ချစ်ပရိသတ်များ အတွက် အသုံးဝင် တန်ဖိုးရှိမည်ဟု ကျွန်တော်များ အဗ်နာ မှ မျှော်လင့်ပြီး တိုက်ရိုက်ကူးယူတင်ပြအပ်ပါသည်။