$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

မငိုပါနဲ့ တိတ်ပါတော့ သျှိသျှားရယ်

  • News Code : 403964
  • Source : မြန်မာ မီဒီယာ

အဲ့ဒီကန်ကြီးကို ကလိယုတ်သက္ကရာဇ် ၃ ခုနှစ်က အာကာရဋ္ဌမင်းကြီးနဲ့နောက်ပါဗိုလ်ခြေလေးသိန်းကျော်က စတင်ဖန်ဆင်းတည်ထောင်ခဲ့တယ်။ ကန်ပတ်လည်သျှိသျှားပင်တွေနဲ့ မြတ်စွာဘုရားရဲ့သားတော် အရိယာဝိဇ္ဇာ၊ ရဟန္တာမထေရ်မြတ်ကြီးတွေ သျှိသျှားသီးသုံးဆောင်ပြီး အဲ့ဒီကန်ကရေကိုသောက်ခဲ့လို့ သျှိသျှားကန်လို့ ခေါ်ခဲ့တယ်။

သျှီသျှားကန်ကြီးကို မင်းပေါင်း ၁၇မင်း ခေတ်အဆက်ဆက် ပြုပြင်ဆည်ဖို့ခဲ့တယ်။ ကန်ပတ်လည် သမိုင်းဝင် စေတီ ၃၂ ဆူ၊ သိမ် ၉သိမ်၊ ဂူ ၉လုံး၊ ကုန်း ၉ကုန်း၊ အင်း ၉အင်း၊ အိုင် ၉အိုင် ၀န်ဇင်းသမိုင်း၊ မထောင်းတာနတ်သမိုင်းနဲ့ ၉ပါးမကတဲ့ အံ့ဖွယ်ရာများလည်းရှိသေးတယ်။ ရာဇာဘိသိက်၊ မုဒ္ဓါဘိသိက် ဘိသိက်ငါးပါးခံယူလိုတိုင်း အဲ့ဒီသျှိသျှားကန်တော်ရေကို ဘိသိက်တော်ရေစင်အဖြစ် သုံးစွဲခဲ့ကြတယ်။ ကျုပ်မသိတာတွေလည်း ရှိဦးမယ်။

ကာဠာဝကကန်၊ သျှိသျှားကန်၊ မင်္ဂလာကန်၊ မေတ္တာကန်၊ ကန်တော်မင်္ဂလာ နာမည်အမျိုးမျိုးနဲ့ကျော်ကြားခဲ့တဲ့ အဲ့ဒီကန်ကြီးကို အနော်ရထာမင်းကြီးက ပုပ္ပါးတောင်ခြေနဲ့ ထိခြင်း၊ စပ်ခြင်းရှိမရှိ ကြည့်ခိုင်းတဲ့ မြင်းသည်တော်တင်လျှောက်တဲ့ မထိလာပါ ဆိုတဲ့စကားကိုကိုအစွဲပြုပြီး မထိလာကန် လို့ ပြောင်းလဲသမုတ်တော်မူခဲ့ရာက ကာလရွေ့လျားပြီး မိတ္ထီလာကန်တော် လို့ ဖြစ်လာသတဲ့။ ဟုတ်တယ် အဲ့ဒီကန်တော်ရှိနေရာတ၀ိုက်က မိတ္တီလာမြို့လို့ခေါ်တယ်။

အထက်တန်းကျောင်း၊ တက္ကသိုလ် ပြည်သူ့ဆေးရုံ၊ စစ်တပ် စစ်ဆေးရုံ၊ လေတပ်ပညာသင်ကျောင်း စက်မှုဇုန်တွေရှိတယ်။

ဆက်သွယ်ရေး၊ စီးပွားရေးအချက်အချာကျလို့ နယ်ပေါင်းစုံက၀င်ထွက်သွားလာနေတဲ့ မတစ်ထောင်သားတွေကို နှစ်ပေါင်းများစွာ ခေတ်ပေါင်းများစွာ လက်ခံဆက်ဆံလာတဲ့ မိတ္ထီလာသားတွေ ဆက်ဆံရေးမညံ့ဖျင်းဘူး။ လူရိပ်လူကဲမခတ်တတ်လောက်အောင် မတုံးကြဘူး။

မိတ္ထီလာသားဆိုရင် ကန်ရေသောက်မြက်ခြောက်စားလို့ နင့်နင့်သီးသီး ကျီစယ်တာတောင် အမူအယာမပျက်၊ စေတနာမပျက်၊ အခင်မင်မပျက် အိမ်ပေါ်တင်ထမင်းကျွေးမပျက်ဘဲ လည်ပင်းဖက်ပေါင်းခဲ့ကြသူတွေပါ။

လူဖြစ်စကတည်းက ခင်ဗျားနာမည် နားမှာ ရင်းနှီးခဲ့တယ်။ ကျနော်တို့ကမသိသေးဘူး ခင်ဗျားက သိနေခဲ့တယ်။ ကျနော်တို့မလာခင်ထဲက ခင်ဗျားကကြိုနေခဲ့တယ်။ ခင်ဗျားနာမည်ကို ချိုမြိန်သာယာတဲ့အသံလေးနဲ့ မိတ်ဆက်ပေးသူတွေက ဘုရားနဲ့တဂိုဏ်းထဲထား ၉လလွယ် ၁၀လွယ်ဖွား မာတာမိခင်ကျေးဇူးရှင်တွေပါ အသက်နဲ့ရင်းပြီးချစ်တဲ့ သူ့သားသမီးလေးတွေရဲ့ငိုသံကိုမခံနိုင်ရှာလွန်းလို့

(စိတ်မကြည်သာ ငိုကြွေးသံတော်ပျောက်မည်ပ မိထ္ထီလာ အိုလေး ကန်တော်အောက်ဆီက ဖားကောက်လို့ မြန်မြန်လာ ဟေ့) ဆိုပြီး သံချိုအေးအေးလေးနဲ့ ငိုသံတွေတိတ် မျက်လုံးကိုပိတ် နှစ်နှစ်ခြိုက်ခြိုက်အိပ်စေခဲ့တယ်လေ။ အမေ့ဝမ်းကကျွတ်လို့ မိတ္ထီလာဆိုတာ ဘာမှန်းမသိခင်ကတည်းက ခင်ဗျားက ကျုပ်တို့ဆီအရောက် လာရောက်နှုတ်ဆက်ခဲ့တာလေ။

မိတ္ထီလာရေ အို……. မိတ္ထီလာ မိခင်တွေရဲ့သံချိုအေးနဲ့ မေတ္တာတရားတွေထုံလွှမ်းနေတဲ့ ခင်ဗျားနာမည်ဟာ လာခြင်းကောင်းတဲ့နာမည်ပါ။ ခင်ဗျားနာမည်ဟာ မျက်ရည်တွေကိုပဲ သုတ်ပေးခဲ့တာပါ။ ခင်ဗျားနာမည်မှာ ရာဇ၀င်၊ သမိုင်းတွေစီးဝင်နေတယ် ခင်ဗျားနာမည်မှာ ယဉ်ကျေးမှုတွေစီးဝင်နေတယ် ခင်ဗျားနာမည်မှာ မေတ္တာတရားတွေစီးဝင်နေတယ် ခင်ဗျားနာမည်မှာ ချစ်ခြင်းတရားတွေသာစီးဝင်လို့ ခင်ဗျားကိုသိသိ မသိသိ ခင်ဗျားရင်ခွင်ထဲကို ရောက်ရောက်မရောက်ရောက် မွေးမိခင်ကိုသတိရမိသူတိုင်း ခင်ဗျားနဲ့ တနည်းတဖုံတော့ ပါတ်သက်သွားတာပဲ မိတ္ထီလာ။ မွေးမိခင်လိုပဲ နွေးထွေးစေခဲ့တာပါ မိတ္ထီလာ။

မိတ္ထိလာရေ…… မိတ္ထီလာ ခုတော့ ခင်ဗျားသိပ်ရှက်သွားပြီလား ခုတော့ ခင်ဗျား ခေါင်းမဖော်ဝံ့တဲ့ဘ၀ရောက်သွားပြီလား အယုတ်၊အလတ်၊အမြတ်မရွေး ပွေ့ဖက်ထားတဲ့ ခင်ဗျားရဲ့ရင်ခွင်ထဲက မိတ္ထီလာမြို့သား အပြစ်မဲ့မွတ်စလင်တွေကို ရက်ရက်စက်စက်သတ်တဲ့ပွဲ မျက်စိနဲ့တပ်အပ်မြင်လိုက်ရတဲ့ မိတ္ထီလာမြို့သား၊ စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင် ကိုကျော်ကျော်ရဲ့ ယောကျာ်းကြီးတန်မဲ့ ငိုကြီးချက်မနဲ့ ရင်ဘတ်စည်တီးတဘုန်းဘုန်းထုပြီး ဘာသာမတူတဲ့ မိတ္ထီလာမြို့သား အပြစ်မဲ့မွတ်စလင်များကို သူ့မျက်စေ့အောက်တင် ခွေးလိုဝက်လိုသတ်သွားတယ်လို့ ခင်ဗျားရဲ့ဝိဥာဉ်တွေပူးကပ်ပြီး နာနာကျည်းကျည်းနဲ့ အမှန်တရားကိုရင်ဖွင့်သွားတာလား မိတ္ထီလာ။

၈လေးလုံး၊ တရုတ်အရေးအခင်းထက် အဆပေါင်းများစွာဆိုးရွား လူလယ်ခေါင်မှာပိုးစိုးပက်စက်သတ်သွားကြလို့ ခင်ဗျားရဲ့ကန်တော်စောင့်နတ်ကောင်းနတ်မြတ်တွေ ကြက်သေသေပြီး ကြည့်နေခဲ့တာလား မိတ္ထီလာ။

ဆုတောင်းသံတွေဆူညံနေသလောက် ရှိသမျှဘုရားသခင်အပေါင်း ငဲ့စောင်းမကြည့်နိုင်လောက်အောင် ခရီးလွန်နေလို့ ကန်တော်သမိုင်းအဆက်ဆက်ဆက်က သူတော်စင်သူတော်ကောင်းတွေကိုတိုင်တည်ပြီး ခင်ဗျားဝိဥာဉ်တွေဝင်စီး ငိုကြီးချက်မနဲ့ ရင်ဖွင့်ပြသွားတာလား မိတ္ထီလာ။

ခင်ဗျားရင်ခွင်ထဲက သားသမီးတွေရဲ့ အသက်တွေကို မကယ်လိုက်နိုင်လို့ ကြေကြေကွဲကွဲ ငိုညည်းနေပြီလား မိတ္ထီလာ။

အပြစ်မဲ့ အစ္စလာမ်ဘာသာရေးကျောင်းသားလေးတွေ အပြစ်မဲ့ အစ္စလာမ်ဘာသာကိုးကွယ်သူတွေကို လမ်းလည်ခေါင်မှာ အစုလိုက်အပြုံလိုက်သတ် သေပြီးတာတောင် ပိုးစိုးပက်စက် မီးရှို့ခံလိုက်ရတာ ခင်ဗျား ရင်နာနာနဲ့ တောက်ခတ်ပြီးကြည့်နေရတာလား မိတ္ထီလာ။

လင်သေ၊ သားသေ၊ မိဘသေ၊ ဘိုးဘွားတွေသေတဲ့ အပူသည်တွေရဲ့မျက်ရည်ကိုသုတ်မပေးနိုင်လို့ သုသာန်တစပြင်လို့ဖြစ်သွားတဲ့ကြားက ခင်ဗျား ရင်ကွဲနာကျနေပြီလား မိတ္ထီလာ။

ကမ္ဘာ့သတင်းစာမျက်နှာတွေမှာ အကြမ်းဖက်ဗုဒ္ဓဘာသာဂိုဏ်းသစ် ၉၆၉ကြောင့် စစ်မှန်တဲ့ဗုဒ္ဓဘာသာဝင် မိတ္ထီလာသားတွေကို လူသတ်ကောင်နာဇီတွေအဖြစ် လူယုတ်မာအစွန်းရောက်တွေအဖြစ်ဖော်ပြခံနေရလို့ အစွန်းရောက်အကြမ်းဖက်ဗုဒ္ဓဘာသာဝင်တွေအဖြစ် ကမ္ဘာ့တံတွေးခွက်မှာပက်လက်မျောနေလို့ ခင်ဗျားအရှက်ကြီးရှက်ဖြေမဆည်နိုင် ဆို့နင့်နေပြီလား မိတ္ထီလာ။

တချိန်ကဂူးဂဲလ်မှာ မိတ္ထီလာလို့ရိုက်လိုက်တာနဲ့ ခင်ဗျားဂုဏ်ကိုဆောင်ခဲ့တဲ့ မိတ္ထီလာကန် ခင်ဗျားဂုဏ်ကိုဆောင်ခဲ့တဲ့ သားချော့တေး ခင်ဗျားဂုဏ်ကိုဆောင်ခဲ့တဲ့ ၀န်ဇင်းမင်းရာဇာ ခင်ဗျားဂုဏ်ကိုဆောင်ခဲ့တဲ့ ဦးရာဇတ် ခင်ဗျားဂုဏ်ကိုဆောင်ခဲ့တဲ့ ထီလာစစ်သူ အံ့မခန်းတဲ့သမိုင်းကောင်းတွေ အပြိုင်းအရိုင်းတက်လာခဲ့တာပါမိတ္ထီလာ။ သဒ္ဒါမှာ ရှင်မဟာကစ္စည်း၊ ကဗျာမှာ ရှင်မဟာသီလ၀ံသတည်း လို့ကျော်ကြားခဲ့တဲ့ ပေလေးပင်ရှင်လေးပါး အကျော်အမော်တပါးဖြစ်တဲ့ ရှင်မဟာသီလ၀ံသရဲ့ သျှိသျှားကန်တော်ဘွဲ့ဆိုတာ ဂူးဂဲလ်ကျေးဇူးနဲ့ ကျုပ်သိခဲ့ရတာပါ မိတ္ထီလာ။ ကျုပ်တို့မသိသေးတဲ့ ခင်ဗျားရဲ့ ရာဇ၀င်သမိုင်းအချက်အလက်တွေကို ခေါင်းမော့ဂုဏ်ယူဖွယ်ရာစာမျက်နှာတွေပဲထုတ်ပေးခဲ့တယ် မိတ္ထီလာ။ သိပ်ဂုဏ်ပြောင်လွန်းတဲ့ မိတ္ထီလာပေါ့။

အခုတော့ ဂူးဂဲလ်မှာ မိတ္ထီလာလို့ရိုက်လိုက်ရင် အဓိကရုဏ်း၊ မီးလောင်၊ လူသတ်မှု၊ အရေးပေါ်အခြေအနေ၊ အကြမ်းဖက်သမားများရဲ့ သတ်ဖြတ်မှု၊ သေဆုံး၊ ပဋိပက္ခတွေနဲ့ လက်နက်ကိုင်စွဲထားတဲ့ အရည်ကြီးရှင်ယောင်တွေ မီးလောင်နေတဲ့ဗလီတွေ၊ နာဇီလူသတ်ခန်းတွေကိုအပို့ခံရတဲ့ဂျူးတွေလို လက်မြှောက်ပြီးထွက်လာတဲ့ အပြစ