$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

... ခွင့်လွှတ်တယ် မမေ့ဘူး

  • News Code : 629477
  • Source : မြန်မာ့ ရေးရာ
Brief

... ခွင့်လွှတ်တယ် မမေ့ဘူး
သေချာဖတ်ရင် အမှန်တရားတွေ ထွက်လာပါတယ် ....

...  ခွင့်လွှတ်တယ် မမေ့ဘူး

စက်ဘီးလေး စီးပြီး ရုံးတက်တာလောက်တော့
လာမပြောနဲ့
ဆယ်စုနှစ်နဲ့ချီပြီး
စက်ဘီးစီဖို့ အသာထား...
ခြံဝင်းအပြင်တောင်မထွက်ဘဲ
နေဖူးခဲ့သလား

ရပါတယ်ကွာ တံခါးမဖွင့်ပါနဲ့
ငါလမ်းဆင်းလျှောက်ပါမယ်
လာမပြောနဲ့
သွပ်ပြားတွေ လေးဘက်လေးတန်ကာပြီး
နေပူကျဲကျဲအောက်
ကားပေါ်ကတောင် လမ်းဆင်းမလျောက်ရပဲ
ရန်ကုန်ပုသိမ် လမ်းမကြီးပေါ်
နေ့နေ့ညည
ဆယ်ရက်လောက် ဆက်နေဖူးလား

အငြိမ်းစားယူပြီး
မုန့်ဟင်းခါး ရောင်းစားမယ်
လာမပြောနဲ့
သန်း ၆၀ အတွက်
အငြိမ်းစား မယူပဲ
ရေချိုးခန်းထဲက ဇလားကြီးတောင် ရောင်းစားပြီ
ထမင်းအနပ်ပေါင်းများစွာ
အငက်ခံခဲ့ဖူးသလား

ဆေးရုံတက်တာ ငါ့မြေးမှန်းမသိစေနဲ့လို့ လာမပြောနဲ့
ယောကျာ်းသေတာတောင်
အသုဘလိုက်မပို့ရပဲ
နေခဲ့ဖူးသလား

ငါ့သမီး လေယာဉ်စီးရင်
အထူးတန်းက မစီးနဲ့လို့တော့ လာမပြောနဲ့
စီးနေတဲ့ ရထားတွဲတောင်
တိုးကြောင်ကလေး ဘူတာမှာဖြုတ်ချပစ်ခဲ့တာ
ခံခဲ့ဖူးသလား

နှလုံးခုန်စက် တက်ထားတာ
လာမပြောနဲ့
နှလုံးခုန်ရပ်သွားအောင်
လူပေါင်းထောင်နဲ့ချီပြီး
ညကြီမင်းကြီး
ဝါးချွန်တွေ လှံတွေနဲ့
ဝိုင်းလုပ်ကြံတာ ခံခဲ့ဖူးသလား

နောက်ပြန်မလှည့်ဘူး
လှည့်ချင်တဲ့သူတွေ ချန်ထားပစ်ခဲ့မယ်
လာမပြောနဲ့
တရားမျှတမှု့အတွက်
ရှေ့တည့်တည့်လျောက်ခဲ့တာ
နောက်ပြန်လှည့်ချင်သူတွေ
ဒီအတိုင်းရပ်နေချင်သူတွေကိုပါ
သည်းခံပြီ လက်တွဲခေါ်ခဲ့တာ
လွန်ခဲ့တဲ့ ၂၅နှစ်ကနေ
ကနေ့အထိ

ခင်ဗျားလဲ ပုထုဇဉ် ပဲ
နိုဘယ်လ်ဆု ရရင်တော့ ဘယ်ငြင်းပါ့မလဲ
ဒါပေမယ့် အဲ့ဒါကြီးက
ခင်ဗျားတို့ တချိန်က ပြောခဲ့တဲ့
ကိုလိုနီ လက်သစ်တွေရဲ့
ငါးမျှားချိတ်က ငါးစာတွေဆို
ခင်ဗျားတို့ကမေ့ချင်ယောင် ဆောင်နေပေမယ့်
သမိုင်းဆိုတာ ရှိတယ်

ပြောချင်တာက ခင်ဗျားလုပ်သမျှ
ဆန့်ကျင်ချင်လို့ မဟုတ်ဖူး
ခင်ဗျားပြောသမျှ
ကန့်လန့်တိုက်ချင်လို့ မဟုတ်ဖူး
ခင်ဗျားကို မြှောက်သလို ပင့်သလိုနဲ့
ဟိမဝန္တာ ချီးမွမ်းခန်းဖွင့်ပြီး
နာမည်ကောင်း ယူချင်နေတဲ့
ယောယိမ်းချင် ဘသားယိမ်းချင် တွေရဲ့
စကားတွေကို နားခါးလွန်းလို့

ဥက္ကာ See More


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*