$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

••••• တို့  မောင် လာ ••••••

  • News Code : 699240
  • Source : facebook page
Brief

မောင်လာအလီ (အ.စ) ဓားထိသည့် နေ့ ကြေကွဲခြင်း အထိမ်းအမှတ် အဖြစ် မောင်လာ(အ.စ) ကဗျာလေး တစ်ခု ကို တင်ပြလိုက်ပါတယ်။

••••• တို့  မောင် လာ ••••••

တစ်မူထူးခြား ကအ်ဗာမှာ မွေးရင်း
ငယ်စဉ်တောင်ကျေး ကလေးဘဝမှစ
ဘွသ် ကိုးကွယ်ခြင်း အလျှင်းမရှိသူ
တို့ မောင်လာသည် ( ကရ်မောက်လ္လာဟို့ ဝဂ်ျဟရ် )
အလွန်သန့် ပြန့် သည့် မျက်နှာလိုပင်
ဂုဏ်ပေးခြင်းလည်း ခံခဲ့ရသည် ။
မြင့်မြတ်တို့ နဗီ နူရီတော်မှ
တစ်ပေါင်းစည်းတည်း ဖြစ်တည်လာသူ
တို့ မောင်လာသည် စစ်ပွဲတိုင်းပင်
နောက်ဆုတ်ခြင်းကား အလျှင်းမရှိ
နိုးကြားစွာပင် ခုခံခဲ့သည် ။
သတ္တိသွေးလည်း ပြောင်မြောက်လွန်းသည်
မွန်မြတ်ရစူလ် ရွှေနှုတ်ဖျားက
ခြွေဟဖူးသည် အလီကိုကား
ငါမှလွဲ၍ မည်သူမှ မသိ
ငါ့ကိုသည်ကား အလီမှလွဲ၍
မည်သူမှ မသိ မြင့်မြတ်ဂုဏ်အင်
တို့ မောင်လာသည် ပညာမြို့၏
တံခါးဝပိုင်ရှင် အလင်းပြပုဂ္ဂိုလ် သူမွန်ကိုကား
မုအ်မင်န်လွဲ၍ မည်သူမှ မချစ်
မိုနာဖစ်က်မှ လွဲ၍ မည်သူမှ မမုန်း
ဟူ၍သာပင် ရစူလ်မြွက်ဟဖူးလေသည် ။
အချစ်ထားသူ လူတစ်စုမှာ
မုအ်မင်န်ဂုဏ်ပုဒ် ရင်မှာစွဲလျက်
ပွားများဘာဝနာ စီးဖြန်း၍သာ
ပို့ သလျက်ပင် ရှိနေတော့သည်
ရင်မှာ အေးချမ်းစေခြင်းတည်း ။

စိုက်ယဒ် အာမီးရ် B.SC ( Geology )


လူကြီးမင်း၏ အမြင်ကို ဖော်ပြပါ ။

လူကြီးမင်း ၏ မေးလ်အား အများသိ အောင်ကြေငြာလိမ့်မည်မဟုတ်ပါ။အရေးကြီးသည် ဖိုင် များ * ခရေပွင့် ပြထားပါသည်

*