$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

မလေးရှားနိုင်ငံ၏နိုင်ငံတကာကျမ်းတော်မြတ် ကုရ်အာန်ပြိုင်ပွဲ၊ပိတ်ပွဲဤညကျင်းပမည်

  • News Code : 328918
  • Source : IQNA
မလေးရှားနိုင်ငံ၏(၅၄)ကြိမ်မြောက်နိုင်ငံတကာကျမ်းတော်မြတ်ကုရ် အာန်ပြိုင်ပွဲပိတ်ပွဲအားယနေ့ညကွာလာလန်ပူမြို့ရှိ(မရ်ကဇ်သေဂျာရသ်ဂျဟာနီ ပူသူရာ)ဟောတွင်ကျင်းပမည်ဖြစ်ပါသည်။

အဟ်လေ့ဘိုက်(အ.စ)သတင်းဌာန ၊အဗ်နာ ။ ။  မလေးရှားနိုင်ငံ၏(၅၄)ကြိမ်မြောက်နိုင်ငံတကာကျမ်းတော်မြတ်ကုရ်အာန်ပြိုင်ပွဲပိတ်ပွဲအား  ယနေ့ဇူလိုင်လ၁၃ရက်နေ့ဒေသစံတော်ချိန်ည၁၀နာရီတွင်ကွာလာလန်ပူမြို့ရှိ(မရ်ကဇ်သေဂျာရသ်  ဂျဟာနီပူသူရာ)ဟောတွင်ကျင်းပမည်ဖြစ်ပါသည်။  ဤပိတ်ပွဲတွင်မလေးရှားဘုရင်အနေဖြင့်လည်းတက်ရောက်မည်ဖြစ်ပါသည်။  ဤပြိုင်ပွဲတွင်အမျိုးသား၊အမျိုးသမီးကာရီ အပါး၆၀ နိုင်ငံပေါင်း ၄၂နိုင်ငံမှတက်ရောက်ယှဉ်ပြိုင်ခဲ့  ကြပါသည်။  ဤပြိုင်ပွဲသည်ကျမ်းတော်မြတ်ကုရ်အာန်ဆိုင်ကမ္ဘာအဟောင်းတကာအဟောင်းဆုံးစာရင်းဝင်ပြိုင်ပွဲ  ဖြစ်ပြီး မလေးရှားနိုင်ငံအစ္စလာမ်တိုးတက်ဖွံ့ဖြိုးရေးအဖွဲ့၏ကြီးကြပ်မှုဖြင့်ကျင်းပခြင်းဖြစ်ပါသည်။  ပြည်ထောင်စုအစ္စလာမ်မစ်အီရန်နိုင်ငံမှ အမီး(န)ဖူရာသည် ကေရာအသ်တွင်ဒုတိယဆုဆွတ်ခူး  နိုင်ခဲ့ပြီး၊အဟ်မဒ်အဘူကာစင်မ်အပြည်ပြည်ဆိုင်ရာကရီထူးချွန်ဆုကိုဆွတ်ခူးခဲ့ပြီး၊အမီး(န)ဖူရာ၏  ဆရာအဖြင့်လမ်းညွှန့်ပေးခဲ့ကြောင်းသိရပါသည်။  *****************************************************************