$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

  • News Code : 415368

အမျိုးသမီးတစ်ယောက် လူအများသွားလာတဲ့ ဈေးမှာ ကိုယ်ရင်တစ်ပါးနဲ
့တိုက်မိရာက နာရီပိုင်းအတွင်း လူအုပ်စုကြီးက ခိုးဆိုး
လုယက်မှုတွေဖြစ်သွားတယ် ဆိုကတည်းက တိုင်းပြည်အတွက် အတော့်ကို
စဉ်းစားရတော့မယ့် အနေအထားပါ။ မြန်မာနိုင်ငံသား အားလုံး ခေါင်းအေးအေးထားပြီး
သေချာ စဉ်းစားကြည့်ပါ။ ကုလားမုန်းတာခနထား လက်ရှိ ဖြစ်နေတဲ့
တိုင်းပြည်အနေအထားကို သေချာဆန်းစစ်ကြည့်ပါ။


မြန်မာပြည်မှာ ထစ်ခနဲဆိုရင် ၀ုန်းဒိုင်းဆိုပြီး ခိုးဆိုးလုယက်
ဖျက်ဆီးမီးရှို့ ရိုက်နှက်သတ်ဖြတ်မှုကို နာရီပိုင်းအတွင်း လုပ်လို့ ရအောင်
ဖန်တီးထားပြီးတဲ့ အဆင့်ရောက်နေပြီလား။ Organized crime လို့ ခေါ်တဲ့
စနစ်တကျဖွဲ့ စည်းလုပ်ဆောင်တဲ့ ဒုစရိုက်မှုအတွက် အဲ့ဒီလောက်
လျင်လျင်မြန်မြန် လုပ်နိုင်အောင် လူတွေကို စည်းရုံး ဖွဲ
့စည်းထားပြီးပြီလား။


သေချာစဉ်းစားကြည့်ပါ။ အကြမ်းဖက်မှုကိုလုပ်နေတဲ့လူတွေက မနေ့ တနေ့ ကမှ
ထောင်ကနေထုတ်ပြီး လုပ်ခိုင်းတဲ့ ဒုစရိုက်သားတွေမဟုတ်ဘူး။ မြို့ထဲ ရွာထဲမှာ
နေနေတဲ့ သာမန်ပြည်သူတွေ။ ဒီလူတွေကို ချက်ချင်းဆိုသလို သူခိုးဓားပြတွေလို
ဖြစ်အောင်လုပ်လိုက်နိုင်တဲ့၊ လုပ်ထားနိုင်တဲ့ အဆင့်ရှိသွားပြီလား။
သာမန်ပြည်သူတွေကို နာရီပိုင်းအတွင်း သွေးဆာနေတဲ့ လူတွေဖြစ်သွားအောင်
လုပ်ထားပြီးပြီလား။


မိထ္တီလာမှာလည်း ခနလေးအတွင်း လက်က်ရဲဇာတ်ရဲ သတ်ဖြတ်တဲ့
လူအုပ်စုကြီးဖြစ်သွားတယ်။ ကလေးတွေကအစ ဓားတွေဒုတ်တွေနဲ့  လူအရှင်လတ်လတ်
မီးရှို့ တဲ့အဆင့်ဖြစ်ကုန်တယ်။ ပဲခူးမှာလည်း ဒီလိုပဲ။
ခုဥက္ကံမှာလည်းဒီလိုပါပဲ။