အဗ်နာ သတင်းဌာနမှ -သောကြာနမာဇ် တွင် ရှေ့ဆောင်အေမာမ်မှ ကူနူးသ် မှားဖတ်ခြင်း နှင့်ပတ်သက်ပြီး ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီရုံး ၊တီဟီရန်၏ ဖြေကြားချက်မှာ အောက်ပါအတိုင်းတင်ပြ ထား ခြင်း ဖြစ်ပါသည်။ မေး ။ ။ စလာမ် …
အဆုံးမဲ့လေးစားစွာဖြင့် တင်ပြလိုပါသည်။ နမာဇ်ဂျိုမာ ၂ ရကတ် ဖြစ်ပါသည်။(ဥပမာ ၊နမာဇ်ဖဂ်ျကဲ့သို့)၊ကူနူးသ် ၂ ခုဖတ်ခြင်းသည် မွစ်သဟဗ် ဖြစ် ပါသည်။ ပထမကူနူးသ် သည် ပထမရ ကတ်၏ ရကူအ် မတိုင်ခင်ဖတ်ရပြီး ၊ဒုတိယ ကူနူးသ် သည် ဒုတိယ ရကအတ် ၏ ရကူအ်ပြီးမှ ဖတ်ရပါသည်။
အကယ်၍ အေမာမ်ဂျိုမာ(သောကြာရှေ့ဆောင်ဆရာ) အနေဖြင့် ပထမ ကူးနူးသ် အားပထမရ
ကတ်၏ရ ကူအ် ပြီးမှ ဖတ်ပါသည်။
တဆက်တည်းမှာပင် နောက်မှ လိုက်ဖတ်သူတစ်ချို့ (သို့) အနည်းဆုံး တစ်ယောက်သည် ရှေ့ဆောင်ဆရာ ကူးနူးသ် နေရာမှားဖတ်လိုက်ကြောင်းသိပေသည်။ သို့သော်ရှေ့ဆောင်ဆရာ
ကို ပြင်ဖို့(နမာဇ်အတွင်း) မလုပ်ခဲ့ကြချေ။
နမာဇ်ပြီးနောက် ၊နောက်မှာ လိုက်ဖတ်သူ တစ်ယောက်မှ ရှေ့ဆောင်ဆရာ ၏ ကွယ်ရာ တွင် ဒီမောင်လာနာ က သောကြာနမာဇ်တောင်၊ မဖတ်ပေးတတ်ဘူးလို့ သတင်းလွှင့်မည်။
ဤအတွက်ကြောင့်၁။ ပထမ(မေးခွန်းအနေဖြင့်) နမာဇ်ဂျိုမာ မှန် ၊မမှန် သိလိုပါသည်။
၂ ။ သတင်းလွှင့်သည် ဤနောက်မှလိုက်ဖတ်သူတစ်ယောက်၏ လုပ်ရပ်သည်မှန်ပါသလား?
ရှရီအီအမိန့်ကို သိလိုပါသည်။
ဗါကမာလ်စေဗာသ်
ဖြေ ။ ။ စလာမ် …
၁ ။ နမာဇ်ဂျိုမာ မှန်ပါသည်။
၂။ (သတင်းလွှင့်သည် ဤနောက်မှလိုက်ဖတ်သူတစ်ယောက်၏
လုပ်ရပ်သည်) မမှန်ချေ။
အောင်မြင်ပါစေ
ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီရုံး ၊တီဟီရန်
မှတ်ချက် ။ ။ ဖွာရစီဘာသာဖြင့် လိုအပ်သူများထံမေးလ်ဖြင့်ပို့ပေးနိုင်ပါသည်။
မိမိမေးလ်၊အမည် ၊နေရပ်လိပ်စာ၊မြို့၊ဆက်သွယ်နိုင်သည့်ဖုန်း ၊သာ ဖော်ပြဖို့လို
အပ်ပေးသည်။