$icon = $this->mediaurl($this->icon['mediaID']); $thumb = $this->mediaurl($this->icon['mediaID'],350,350); ?>

မေးခွန်း (၂) ခု အဖြေ (၂)ခု

  • News Code : 322749
  • Source : ABNA and MSM
အောက်ဖော်ပြပါ မေးခွန်း (၂) ခု နှင့်ပတ်သက်ပြီး ဟဇရတ် အာယာသွလ်လ္လာဟ် ခါမေနာအီရုံး ၊ကွမ်း ၏ ဖြေကြားချက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

 မေး ။ ။ စလာမ် မွန် အလိုင်ကွမ်း

တစ်ချို့လူများသည် ဇေယာရတ် သည်ဟဂ်ျထက် အရင်လုပ်ရမည် ပို၍အရေးကြီးသည်ဆိုတာ ဟုတ်ပါသလား။ မဟုတ်ဘူးဆိုရင် အဲဒီလူများကို အကောင်းဆုံးနဲ့ အထိရောက်ဆုံးအဖြေ လေးပြောပြပါလား။

ဖြေ ။ ။ ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက် အလီ ခါမေနာ ၏ အမြင်၌ ဟဂ်ျမပြုခင်ဖြစ်ဖြစ် ၊ပြုပြီးမှ ဖြစ်ဖြစ် ဇေယာရတ် ပြုခြင်းသည်အရမ်းစဝါဗ်ရှိပြီး၊မွစ်သဟဗ်ဖြစ်ပါသည်။ နှစ်မျိုးလုံးကောင်းပါသည်။

သို့သော်ဟဂ်ျမပြုခင် ဇေယာရတ် ပြုလျှင် ပို၍ကောင်းပေသည်။

ဖြေပေးသည့်ရက် ၆၊ ၆၊ ၂၀၁၂ အီရန်ဒေသစံတော်ချိန် ၆း၅၉(ညနေခင်း) ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက် အလီ ခါမေနာအီရုံး၊ကွမ်း

 

 မေး ။ ။ စလာမ်

အမျိုးသမီးများ ဟိုင်းဇ်အချိန်တွင် ကျမ်းတော်မြတ်ကွရ်အာန်၏ အာယတ် (၇၀)ဖတ်လျှင် မက္ကရူဟု ဆိုပါသည်။

ထိုအချိန်ကာလတွင် ကျမ်းတော်မြတ်ကွရ်အာန်ကို စာသားမထိပဲ ဖတ်ရွတ်ခွင့်ရှိသည်ဟုလည်း သိထားပါသည်။

ကျမ်းတော်မြတ်ကွရ်အာန်တစ်ဂျွဇ်မှာ အာယတ်(၇၀)ထက်ပိုပါသည်။ ထိုသို့ဆိုလျှင် ထိုအမျိုးသမီးတို့ အနေဖြင့် ဖတ်သင့်ပါသလား။ အာယတ်(၇၀)တွက် တစ်ခါ မက္ကရူ ဖြစ်ခြင်းလား။  ရှင်းပြပေးစေချင်ပါသည်။

ဖြေ ။ ။ အမျိုးသမီးများ ဟိုင်းဇ်လာနေသည့် အချိန်တွင် ကျမ်းတော်မြတ်ကွုရ်အာန်၏ အာယတ် ၁ အာယတ်ဖတ်ဖတ် ၊၁ အာယတ်ထက် ဖတ်ဖတ် ၊ဖတ်လျှင်ပင် မက္ကရူဖြစ်ပါသည်။

ဟိုင်းဇ်လာနေချိန်တွင် ၁အာယတ်ဖတ်ဖတ် ၊အာယတ် (၇၀) ဖတ်ဖတ် ခြုံ၍ပြောရလျှင် မက္ကရူဖြစ်ချေသည်။

စေဂ်ျဒါ ဝါဂျဗ်ဖြစ်သည်အာယတ်တော်များဖတ်ရွတ်ခြင်းသည် ဟရမ်ဖြစ်ပါသည်။

ဖြေပေးသည့်ရက် ၆၊ ၆၊ ၂၀၁၂ အီရန်ဒေသစံတော်ချိန် ၆း၅၉(ညနေခင်း) ဟဇရတ်အာယာသွလ္လာဟ်အလ်အွဇ်မာ ဆရက် အလီ ခါမေနာအီရုံး၊ကွမ်း