အဟ်လေ့ဘိုက် (အ.စ) သတင်းဌာန ၊ အဗ်နာ ။ ။
ကျွန်တော် စာရေးသားသူ ၏ ခါးသီးသည့် အတွေ့ အကြုံအရ ကမ္ဘာ ပေါ်တွင် အလွန်တရာ အသနား စရာ အကောင်းဆုံး ပညာရပ်သည် ကား သာသနာ့ ပညာရပ်ဖြစ်ပေသည်။
အကြောင်းမှာလူအများစုသည် ၊ တရားဝင် ရှေ့နေ့ အောင်လက်မှတ် မရှိသည့်ရှေ့နေတစ်ယောက်ကို အမှုအတွက် ငှားမည်မဟုတ် ၊ တရားဝင် ဆရာဝန် အောင်လက်မှတ် မရှိသည့် ဆရာဝန် ဆီ မိမိတို့၏ လူနာ ကို အပ်ရဲမည်မဟုတ်ချေ။ ထိုနည်း တူ တရားဝင် အင်ဂျင်နီယာ အောင်လက်မှတ် မရှိသည့် အင်ဂျင်နီယာ ကို အိမ် ဆောက်ဖို့ အပ်မည် မဟုတ်ပေ။ မည်သည့် တရားဝင် အောက်လက်မှတ် မရှိသူ က မိမိကိုယ်ကို ရှေ့နေ ၊ ဒေါက်တာ ၊ အင်ဂျင်နီယာ အဖြင့် အသတ် မှတ် ခံဖို့ အလုပ်လုပ်ဖို့ သတ္တိရှိကြမည် မဟုတ်ပါ။လုပ်ခဲ့လျှင် တရားအစွဲ ခံရမည် ၊ ထောင် အချခံ ရမည် ဖြစ်ပေသည်။
သို့သော် ဝမ်းနည်းလေစွာ -
သာသနာ့ ပညာ အသေအချာ မသင်ဖူးသူများ ၊အင်္ဂလိပ်စာလေး ၊အူရ်သူလေးတတ်တာနှင့် ဆရာသခင်ကြီးတွေ ဖြစ်ကြ လေသည်။အမေလေး ဖသ်ဝါတွေ ၊ သုံးသပ်ချက်တွေ ထုတ်တော့ လေသည်။ ဝင်ရောက်စွဲဖက်ကြလေသည်။ အကြောင်းများမှ တစ်ခု သည်ကား -တရားစွဲမည်သူလည်း မရှိ ၊ စစ်ဆေးမည့်သူလည်း မရှိ ၊ထောင်ကျမည်သူလည်း မရှိသောကြောင့် ဖြစ်ပေသည်။
ဤအတွက်ကြောင့် သာသနာ့ ပညာ နှစ်အနည်းငယ် နိုင်ငံရပ်ခြား တွင် ဆည်းပူး ဖူးသူများ ကိုယ်တိုင် မိမိတို့၏ နေရာ အမှန်ကို မဖော်ပြတော့ ဘဲ misuse လုပ်နေကြပါသည်။
ကျွန်တော်ကိုယ်တိုင်လည်း မပါဖို့ ကြိုးစားနေပါသည်။
သာဓကဖြင့်တင်ပြရမည်ဆိုလျှင် အသိဥာဏ်ရှိသူတိုင်း နားလည်ပေသည်။
အမိမြန်မိပြည်ကြီးတွင် မူလတန်း မအောင်သေးသူ ကို အလယ်တန်း ကျောင်းပြီး ဟု မခေါ်ချေ။
အလယ်တန်း မပြီးသေးသူ ကို အထက်တန်း အောင်ဟု ခေါ်မရ ၊ အထက်တန်း မအောင်သူ ကို ဘွဲ့ရ ဟုဆို မရချေ။
B.sc ဘွဲ့ မရသေးဘဲ M.sc ဘွဲ့ရပြီးသာ စသည်ဖြင့် မတန်သည့် နေရာ ၊ရာထူးကို မပေးကြပေ။ မခေါ်ကြပေ။ အကြောင်းမှာ လူတိုင်း
သိပေသည်။
သို့သော်ဝမ်းနည်းလေးစွာနှစ်အနည်းငယ်လေး
ဟောင်ဇာတက်လိုက်ရသည့်နှင့်အိုလမာအဖွဲ့ဝင်နှင့် ဥက္ကဋ္ဌ ဖြစ်သွားပေသည်။
ပိုဆိုးသည်ကားဆန်ဝေဖို့၊ဆီဝေဖို့၊ကျောင်းသား
အသစ်ပို့ပေးဖို့၊ငွေကိုင်ဖို့ဆိုလျှင်မြန်မာပြည် ကိုယ်စားလှယ်ဆရာတော်များပေါ်လာပေသည်။
ရှီအာအတွက်အဖြေပေးရတော့မည့်အချိန် အရေးကြီးအချိန်ဆိုလျှင် ကိုယ်စားလှယ်တော်များ ရှာမတွေ့တော့ချေ။
အော် မိုမေနီများခင်ဗျား အိုလမာဆိုတာ ဘာကို ခေါ်သလဲလို့ မသိရှာ သဖြင့် မသိကြရှာပေ။ သိသူများကလည်း အကြောင်း အမျိုးမျိုးကြောင့် နှုတ်ပိတ်နေကြပေသည်။ မိမိကိုယ်မိမိ ထိုနေရာ၌ မထိုက်တန်သူများကလည်း သိလျက်နဲ့ မိုက်နေကြပြီး အိုလမာ အစစ်များကို နာမည် ဖျက်နေကြပေသည်။
ဤကဲ့သို့ အခက်အခဲများကြောင့်လည်း သာသနာပညာရပ်များကို အသေအချာ မသိသည့် လူထုအား လိုရာပုံသွင်ပြီး လမ်းမှားအောင်လုပ်နေကြပေသည်။
သက်သေအဖြင့်ပြောရလျှင်မိမိတို့နှင့်အဆင်မပြေ
သည့်သူ၊ပုဂ္ဂိုလ်ထုတ်သည့်စာအုပ်၊မဂ္ဂဇင်း၊စသည်တို့
ကိုအထောက်အထားမဲ့စွာဖြင့် သိက္ခာချခြင်း၊မဖတ်၊မကူညီအောင်သွေးဆောင် မှုပြုခြင်း၊ရေးနေသူများကိုမရေးအောင်၊သွေးစည်းနေ
သည်ကိုကွဲအောာင်လုပ်ခြင်းစသည်ဖြင့်အလ္လာဟ်၊
ရစူလ်(ဆွ) အဟ်လေ့ဘိုက်(အ.စ) မနှစ်မြို့သည့် လုပ်ရပ်များပြုခြင်း ၊
မိမိတို့မကြည် သူများ၊ မကြိုက်သူများ ၊မုန်းသူများ ၏ ပိုင်ဆိုင်သည့် နေရာ ကို ပိုင်ရှင်များ သဘောမတူဘဲ ၊ အတင်းအကြပ် အများဂျမာအတ်အတွက်ပါ ဟု အမည်ကောင်းတပ်ပြီး ဝကာဖ် ပြုခိုင်းခြင်း ၊
ပျားတုတ်လို့ ကင်းကိုက်လို့ အော်ငို သူကို အမေလေး အသိတရားမရှိလိုက်တာ၊ပတ်ဝန်းကျင် ကို အားမနာလိုက်တာ စသည်ဖြင့် ဘာကြောင့် ငို နေရသည် ဟု မမေးဘဲ ၊နာမည်ဖျက်ခြင်း၊
(စာဖတ်သူ ၊ဆိုလိုချက်ကို သဘောပေါက်ပေမည် ။)
နိုင်ငံတကာ မှ ရှီအာ တွေ အတွက်ဟု အမည်ခံပြီး အလှူငွေ စုခြင်း ၊ မိမိတို့ကို ဟုတ်ကဲ့ ဘော်စိ ဟု ခေါ်သူများ ၊ ဆီလိမ်းပေးသူများကို သာ ငွေပေးခြင်း ၊
အမှန်တရားအတွက် ထောက်ပြလာသူ ၊စောဒက တက်လာသူ ကို၊ သူကို ငွေမပေးလိုပါ ၊ဒီကောင် ငွေ မရလို့ လိုက်ဖွနေတာပါဟုနာမည် ဖျက် ခြင်း
မိမိ မြန်မာစာ ၁၀ တန်းမအောင် လျှင် ၊ နှစ်အနည်းငယ် ဟောင်ဇာ တက် ဖူးလျှင် လူတော် လူတတ် ၊စိတ်ချရသူ …
သူများ မြန်မာစာ ၁၀တန်းအောင် မိမိထက်ပိုသင်ထားရ ၊ စကားတစ်ခု၊နှစ်ခုပိုတတ်လျှင်လည်း လူမတော် လူမတတ် ၊စိတ်မချရသူ ဟု အကြံတူများ ဖြင့်ပေါင်းပြီး စွပ်စွဲ သမုတ်ခြင်း၊ ဖောက်သည်ချခြင်း …
မိမိလုပ်ထား စော်ကားထားချက်ကိုတော့ ဝှက်ပြီး ကိုယ်စားပေါက် ပိတ်သည့် အခါ ဒီကောင် ချီးထု